ခွေးပေါက်လေးကနေ ခွေးကြီး ဖြစ်တော့မယ်

avatar

ဒီရက်ပိုင်းမှာ ခွေးသားလေး DOGE ဈေးထိုးတက်နေပါတယ်။ မနေ့က တစ်ရက်တည်းမှာတင် 20% ကျော် တက်ခဲ့ပြီး 2021 ခုနှစ် Bull Market နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်တဲ့ $0.22 ကျော်အထိ ရောက်လာနိုင်ခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ ခွေးသားလေးရဲ့ ခွေးဖေဖေ Elon Musk ကြောင့်ပါပဲ။ 2023 ခုနှစ်အတွင်းမှာ Elon Musk ဟာ X social app ပေါ်မှာ ငွေပေးချေမှုတွေလုပ်နိုင်ဖို့ အတွက် license တွေကို US က ပြည်နယ် 32 ခုမှာ လျှောက်ထားခဲ့ပြီး အခုဆိုရင် ပြည်နယ် 23 ခုမှာ license ရခဲ့ပြီးပါပြီ။

ဒါကြောင့် X ပေါ်မှာသာ ငွေပေးချေလို့ရလာနိုင်ခဲ့ရင် Elon Musk ဟာ သူ့ရဲ့ ခွေးသားလေး DOGE ကို မဖြစ်မနေ စင်တင်တော့မယ်လို့လည်း DOGE community က မျှော်မှန်းထားကြပြီး ဒီမျှော်မှန်းချက်တွေကြောင့်လည်း DOGE ဈေးတွေ အတက်ကြမ်းနေတာဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ DOGE ရဲ့ဈေးဟာ မကြာခင်အချိန်အတွင်းမှာ $0.59 အထိ တက်သွားမယ်လို့ TA (Technical Analysis) ကျွမ်းကျင်သူတွေက သုံးသပ်ထားကြသလို DOGE whale တွေဟာလည်း DOGE တွေ ဝယ်စုနှုန်းများလာနေတာကြောင့် ဒီရက်ပိုင်းမှာ ခွေးသားလေးအတက်ကြမ်းနေနိုင်ပါတယ်။

ဒါပေမယ့် ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေ၊ အထူးသဖြင့် DOGE လိုမျိုး memecoin တွေဟာ ဈေးအတက်ကြမ်း၊ အကျကြမ်းတတ်တဲ့သဘောရှိတာကြောင့် ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။

Reference Link: https://cointelegraph.com/news/why-is-dogecoin-price-up-today

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments