Mining
Bitcoin mining process ဟာ လျှပ်စစ်စွမ်းအင်လည်း အရမ်းသုံးပြီးတော့ Carbon dioxide ထုတ်လွှတ်မှုနှုန်းနဲ့ အပူထုတ်လွှတ်မှုနှုန်းလည်း အရမ်းများပါတယ်။ ဒါကြောင့် Bitcoin miner အချို့ဟာ ဒီအပူထုတ်လွှတ်မှုတွေကို အခြား တစ်နေရာမှာ ပြန်အသုံးချဖို့ကြိုးစားလာကြပါတယ်။
New York မြို့ Brooklyn ခရိုင်က Bathhouse တစ်ခုကတော့ သူတို့ရဲ့ bitcoin mining rig ကနေ ထွက်တဲ့အပူတွေကို heat exchanger တွေသုံးပြီးတော့ ရေချိုးအိမ်အပူပေးစနစ်မှာ ပြန်ပြီးအသုံးချနေကြောင်း Instagram မှာ တင်ခဲ့ပါတယ်။
Mining rig ကနေ ထွက်တဲ့အပူတွေဟာ ဒီတိုင်းထားလိုက်ရင်တော့ Carbon dioxide တွေအဖြစ်ပဲ ပြောင်းသွားမှာဖြစ်ပေမယ့် ဒီလိုမျိုး ရေချိုးကန်တွေကိုအပူပေးဖို့ ပြန်အသုံးချလိုက်တာဟာ နည်းပညာအမြင်နဲ့ကြည့်ရင်တော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်တဲ့၊ ဆန်းသစ်တဲ့လုပ်ရပ်ပါပဲ။
ဒါပေမယ့် အချို့ Instagram user တွေကတော့ ဒီလုပ်ရပ်ကို မနှစ်မြို့နိုင်ကြဘဲ သူတို့စိမ်နေတဲ့ရေတွေကို အပူပေးတဲ့စနစ်ဟာ လုံးဝသန့်စင်တဲ့အပူကို ထုတ်ပေးနိုင်တဲ့စနစ်ကိုသာလိုချင်တာဖြစ်ကြောင်းနဲ့ ဒီလိုမျိုး စွန့်ပစ်ရမယ့်အပူတွေကို ပြန်သန့်စင်ပြီး အပူပေးထားတဲ့ရေတွေကို မစိမ်ချင်ကြကြောင်း ဆိုထားကြပါတယ်။
တကယ်တော့ ဒီလိုမျိုး Bitcoin mining rig က ရတဲ့အပူတွေကို အခြားနေရာမှာ ပြန်အသုံးချတာ အခုမှမဟုတ်ပါဘူး။
Norway က Bitcoin mining firm တစ်ခုဖြစ်တဲ့ Kryptovault ဟာလည်း Bitcoin mining က ရတဲ့ အပူတွေကို ထင်းတွေအခြောက်ခံရာမှာ ပြန်သုံးကြောင်း ဆိုထားဖူးပါတယ်။