မြန်မြန် အကောင် အထည်ဖော်နိုင်ပါစေ
Crypto platform တွေ hack ခံရကြောင်း ဖော်ပြတဲ့ သတင်းအတော်များများမှာ ZachXBT ဆိုသူပါဝင်နေတာကို သတင်းပုံမှန်ဖတ်တဲ့သူတွေ သတိထားမိမှာပါ။
ZachXBT ဟာ အလွတ်တန်း blockchain စုံထောက်တစ်ဦးဖြစ်ပြီး blockchain နယ်ပယ်အတွင်းက ပုံမှန်မဟုတ်တဲ့အရာတွေ၊ သံသယဖြစ်စရာ ငွေအလွှဲအပြောင်းတွေနဲ့ hack တွေရဲ့ ခိုးရာပါ crypto အပြောင်းအရွှေ့တွေကို စောင့်ကြည့်ပြီး Twitter မှာ တင်ပြလေ့ရှိပါတယ်။
ZachXBT ကြောင့် hacker တွေ deposit လာတင်ထားတဲ့ ခိုးရာပါ crypto တွေကို exchange တွေဖက်ကနေ အချိန်မှီ freeze ပေးလိုက်နိုင်တာလည်း မနည်းပါဘူး။ ဒါကြောင့် ZachXBT ဟာ blockchain နယ်ပယ်မှာတော့ တန်ဖိုးထားလေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ။
June လ 17 ရက်နေ့မှာတော့ NFT whale တစ်ဦးဖြစ်တဲ့ MachiBigBrother ကနေ အသရေဖျက်မှုနဲ့ ZachXBT ကို တရားစွဲထားပါတယ်။ Machi ကို အပြင်လောကမှာ Jeffrey Huang ဆိုတဲ့ Taiwanese-American အဆိုတော်တစ်ဦး၊ နည်းပညာသမားတစ်ဦးအဖြစ် သိကြပြီး NFT လောကမှာတော့ MachiBigBrother ဆိုတဲ့ NFT whale တစ်ယောက်အဖြစ် လူသိများကြပါတယ်။
Huang ဟာ လွန်ခဲ့တဲ့ 1နှစ်လောက်တုန်းက ZachXBT ဖော်ထုတ်ခဲ့ဖူးတဲ့ ငွေကြေးအလွဲသုံးစားမှုနဲ့ ပတ်သက်ပြီး တရားစွဲထားတာပါ။ ဒီကိစ္စမှာတုန်းက Huang ဟာ သူ co-founder အဖြစ် တာဝန်ယူထားတဲ့ Fomosa Financial company ကနေ $ million နဲ့ ချီတန်ကြေးရှိတဲ့ Ethereum တွေကို အလွဲသုံးစားလုပ်ခဲ့ကြောင်း ZachXBT က on-chain data တွေကို သက်သေပြု ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ZachXBT ကတော့ ဒီအမှုဟာ အခြေအမြစ်မရှိကြောင်းနဲ့ သူ့မှာ တရားရင်ဆိုင်ဖို့ ပိုက်ဆံလည်း မရှိတဲ့အကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် တရားစရိတ်တွေဟာ $1 million လောက်အထိ ကုန်ကျနိုင်မယ်လို့ မျှော်မှန်းထားပြီး တရားစရိတ်တွေအတွက် crypto တွေ လှူချင်လှူပေးလို့ရကြောင်းစာနဲ့အတူ သူ့ရဲ့ wallet address တွေကိုပါ June လ 17 ရက်နေ့က Twitter မှာ တင်ပေးထားခဲ့ပါတယ်။ 2 ရက်အကြာမှာတော့ ဒီ wallet တွေထဲမှာ $1 million ကျော်အထိ ရသွားခဲ့ပြီဖြစ်ပြီး လှူဒါန်းငွေတွေ ဆက်ဝင်နေတုန်းပါပဲ။
အလှူရှင်တွေထဲမှာ Binance က $50,000 နဲ့ Justin Sun က $10,000 အသီးသီးပါဝင်လှူဒါန်းထားကြပြီးတော့ ZachXBT နောက်မှာ သူတို့ရှိနေမှာဖြစ်ကြောင်း အားပေးထားကြပါတယ်။
ZachXBT အနေနဲ့ တရားသောတိုက်ပွဲမှာ အနိုင်ရပြီးတော့ blockchain နယ်ပယ်ကို ဆက်ပြီးအကျိုးပြုနိုင်ပါစေလို့ Myan Crypto team ကနေလည်း ဆုတောင်းပေးလိုက်ပါတယ်။
Reference Link: https://decrypt.co/145146/crypto-sleuth-zachxbt-receives-over-1-million-in-donations-following-defamation-lawsuit
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL