Nexo

avatar

UK အခြေစိုက် crypto lender တစ်ခုဖြစ်တဲ့ Nexo ဟာ US က အစိုးရပိုင်းနဲ့ အဆင်မပြေမှုတွေကြောင့် US market ကနေ ထွက်ခွာတော့မှာဖြစ်ပြီး US က service တွေ အကုန်လုံးကိုလည်း ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း သိရပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ Nexo ဖက်က ကြေငြာချက်တစ်ခုမှာတော့ Nexo ဟာ US အစိုးရပိုင်းဆိုင်ရာတွေနဲ့ ၁၈လကြာ အကြေအလည်ဆွေးနွေးခဲ့ပြီးနောက်မှာမှ US ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။

Crypto lender တွေဟာ cryptocurrency နယ်ပယ်မှာ ဘဏ်တွေလိုမျိုး ဆောင်ရွက်ပေးတာဖြစ်ပြီး သူတို့ဆီမှာ crypto deposit လာတင်တဲ့ customer တွေ အတွက် ၁နှစ်ကို အတိုးနှုန်းတစ်ခုသတ်မှတ်ပြီး အတိုးပြန်ပေးတာဖြစ်ပါတယ်။ Covid-19 ကပ်ရောဂါကာလအတွင်းမှာ crypto lender ဟာ လျင်လျင်မြန်မြန်ပဲ ကြီးထွားလာခဲ့ပေမယ့် ၂၀၂၂ခုနှစ် September ကနေစလို့ crypto lender တွေဟာ အနည်းနဲ့အများ ငွေကြေးမလောက်ငှတော့တဲ့ ပြဿနာတွေကြုံခဲ့ရပြီးနောက် customer withdrawal တွေကို ပိတ်လိုက်ရတာမျိုးတွေဖြစ်လာခဲ့ပြီး customer တွေဟာလည်း ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

US အခြေစိုက် crypto lender firm ကြီးတွေဖြစ်တဲ့ Celsius၊ Voyager Digital နဲ့ BlockFi တို့ဟာလည်း ဒီနှစ်အတွင်းမှာတင်ပဲ ဒေဝါလီခံသွားကြရပြီဖြစ်ပြီး Nexo ကိုလည်း Earn Interest product တွေကို မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး September လမှာ US ဖက်က ဒဏ်ရိုက်ခဲ့ပါသေးတယ်။ အခု December လမှာတော့ Nexo ဟာ US ကနေ ထွက်ခွာတော့မှာဖြစ်ပြီး US customer တွေရဲ့ asset တွေကိုတော့ အကုန်ပြန်ထုတ်ပေးခဲ့မှာဖြစ်ကြောင်း သိရပါတယ်။

Reference Link: https://www.reuters.com/technology/crypto-lender-nexo-quit-united-states-2022-12-05/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments