OpBNB

BNB Chain ဟာ EVM (Ethereum Virtual Machin) နဲ့ တွဲသုံးလို့ရနိုင်မယ့် layer 2 network opBNB ကို testnet ပေါ်မှာ launch လုပ်လာပါတယ်။ ဒီ opBNB ဟာ Optimism stack ပေါ်မှာ အခြေပြုထားတာဖြစ်ပြီးတော့ optimistic rollup နည်းပညာကို သုံးထားပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ Web3 gaming အတွက် အသုံးပြုနိုင်ဖို့၊ နေ့စဉ်သုံး transaction တွေ ပိုမြန်လာစေဖို့နဲ့ transaction fees တွေ လျှော့ချနိုင်ဖို့ပါ။

အခုလက်ရှိ layer 1 network ဖြစ်တဲ့ BNB Smart Chain မှာ 1sec ကို transaction 2,000 လောက်အထိ ပို့လို့ရနိုင်ပြီးတော့ transaction တစ်ကြောင်းကို $0.11 လောက်အထိ ကျသင့်နိုင်ပေမယ့် opBNB မှာတော့ 1sec ကို transaction 4,000 ကျော်အထိ ပို့လိုရနိုင်မှာဖြစ်ပြီး transaction တစ်ကြောင်းကိုလည်း $0.005 လောက်ပဲ ကျသင့်တော့မှာဖြစ်ကြောင်း သိရပါတယ်။
opBNB ရဲ့ mainnet ကိုတော့ 2023 ခုနှစ် တတိယ 3လပတ်လောက်ထဲမှာ launch လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
opBNB testnet link: https://opbnb.bnbchain.org/en

အခုလက်ရှိ BNB Ecosystem ထဲမှာ BNB Beacon Chain (BNB ecosystem ရဲ့ governance နဲ့ staking အတွက် network)၊ BNB Greenfield (Decentralized Data တွေကို သိမ်းတဲ့ network) နဲ့ zkBNB (zero knowledge နည်းပညာပေါ်မှာ အခြေပြုထားတဲ့ layer 2 network) နဲ့ BSC (Binance Smart Chain) တို့ရှိနေပါတယ်။

Reference Link: https://www.theblock.co/post/235401/bnb-chain-opbnb-testnet-evm-compatible

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments