ဖန်တွေ အတွက်

avatar

US DoJ (Department of Justice) က တရားစွဲတာခံရပြီးနောက်မှာ KuCoin ဟာ $10 million ဖိုး BTC (Bitcoin) တွေနဲ့ KCS (KuCoin Token) တွေ airdrop ချသွားမယ်လို့ ကြေငြာလာပါတယ်။ KuCoin ရဲ့ co-founder 2 ဦးကို US DoJ နဲ့ CFTC (Commodities and Futures Trading Commission) တို့က ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး 1 ရက်အကြာမှာ KuCoin CEO Johnny Lyu က ဒီ airdrop အကြောင်းကို KuCoin blog ပေါ်ကတဆင့် ကြေငြာလာတာဖြစ်ပါတယ်။

KuCoin ဟာ ဒီရက်ပိုင်းမှာ တရားစွဲခံရတဲ့ကိစ္စမတိုင်ခင်တုန်းကလည်း Coinfido project နဲ့ပတ်သက်ပြီး withdraw ထုတ်မရတာ၊ withdraw ထုတ်ဖို့ အချိန်အကြာကြီးစောင့်ရတဲ့ပြဿနာတွေ တက်ခဲ့ဖူးပါသေးတယ်။

ဒီအချိန်တုန်းကလည်း KuCoin ထဲက asset တွေကို အတော်များများပြန်ထုတ်သွားခဲ့ကြပြီး KuCoin exchange ကို ဆက်မသုံးကြတော့သူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါကြောင့် KuCoin ဟာ သူတို့ရဲ့ exchange အပေါ် အခုချိန်ထိ ယုံကြည်အားပေးနေကြသူတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ BTC နဲ့ KCS တွေ airdrop ချပေးသွားမှာဖြစ်ကြောင်း KuCoin CEO က ဆိုထားပါတယ်။

Airdrop နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ 3 ရက်အတွင်းမှာ ကြေငြာပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ Airdrop သတင်းကြောင့် အခုချိန်မှ KuCoin account ပြေးဖွင့်ကြသူတွေရှိကြပေမယ့် အရင်တည်းက account ရှိနေပြီး လွန်ခဲ့တဲ့ရက်ပိုင်းတွေကနေ အခုချိန်ထိ account ထဲမှာ cryptocurrency ပမာဏတစ်ခုထိ ထည့်ထားသူတွေကိုပဲ airdrop ပေးသွားနိုင်ခြေများပါတယ်။

Reference Link: https://cointelegraph.com/news/kucoin-plans-10-million-airdrop-btc-kcs-justice-dept-cftc-circle

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments