ပန်းသီးက ဘာလား

avatar

Apple ရဲ့ တင်းကြပ်တဲ့ မူဝါဒ အသစ်တွေကြောင့် Coinbase ရဲ့ iOS version မှာ NFT transaction တွေကို support ပေးလို့မရတော့ပါဘူး။ Feature လေးတွေ နည်းနည်းချင်းပြောင်းပြီး ၁နှစ်ကို model ၁မျိုးထုတ်နေတဲ့ Apple ဟာ NFT တွေကို app store ပေါ်ကနေ တိုက်ရိုက်ဖြုတ်ချတာမျိုး မလုပ်ပေမယ့်လည်း မူဝါဒတွေကို တင်းကြပ်ပြီး ပညာပြနေတာပါ။ App store ပေါ်မှာရှိနေတဲ့ NFT wallet တိုင်းအတွက် transaction တစ်ကြောင်းလွှဲတိုင်းမှာ transaction fees ရဲ့ 30% ကို Apple ကိုပေးရမယ်၊ မပေးရင် app store ပေါ်ကနေ ဖယ်ထုတ်ခံရမယ် ဆိုတဲ့ မူဝါဒဟာ Blockchain တွေနဲ့ NFT အကြောင်းကို နားလည်တဲ့လူတိုင်းအနေနဲ့ ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်မှာဖြစ်ကြောင်းနဲ့ Apple ဟာ internet ပေါ်မှာ ပို့နေတဲ့ email တစ်စောင်ချင်းစီတိုင်းအတွက် fees ကောက်ဖို့ လုပ်နေသလိုမျိုးဖြစ်နေကြောင်းလည်း Coinbase ဖက်က ဆိုထားပါတယ်။ လတ်တလော Coinbase wallet မှာ NFT transaction တွေလည်း လုပ်လို့မရတဲ့အပြင် ဒီ feature ကို မဖြုတ်ပေးသရွေ့ Coinbase wallet version အသစ်ကိုလည်း Apple ဖက်က ပိတ်ထားကြောင်းလည်း သိရပါတယ်။

ပြောရမယ်ဆိုရင် gas fees ဆိုတာဟာ ဒီလိုမျိုး ကြားထဲက ဖြတ်ယူလို့ရတဲ့အရာမျိုးလည်း မဟုတ်တာကြောင့် Apple ဟာ NFT တွေကို app store ပေါ်ကနေ တစ်ဖက်လှည့်နဲ့ ဖယ်ထုတ်နေသလိုပါပဲ။ ဒီ fees ကောက်မယ့်ကိစ္စဟာ crypto community အတွင်းမှာလည်း တော်တော်လေးကို လူပြောစရာဖြစ်နေပြီးတော့ Apple ဟာ နည်းပညာလောကမှာ သူတို့သာလက်ဝါးကြီးအုပ်ချင်နေတာကြောင့် နည်းပညာသစ်တွေကို ဦးချိုးနေတာဖြစ်ကြောင်းလည်း ဝေဖန်နေကြပါတယ်။

Reference Link: https://decrypt.co/116230/apple-coinbase-wallet-nft-transfers

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments