စိုးကြီး ကြမ်းနေပြီ

avatar

ကိုစိုးကြီးတို့ကတော့ “marketcap အများဆုံး 3 ခု မြောက် cryptocurrency” အဖြစ် အချိန်အတော်ကြာ မင်းမူထားနိုင်ခဲ့တဲ့ BNB ကို $8 billion marketcap အသာနဲ့ ကျော်တက်သွားခဲ့ပါပြီ။ Book of Meme နဲ့ SNAP လိုမျိုး memcoin တွေဟာ Solana network ပေါ်က activity တွေကို တရှိန်ထိုးတက်လာစေခဲ့ပြီးတော့ SOL ရဲ့ marketcap ဟာလည်း BNB ကို ကျော်တက်သွားတဲ့အထိ များလာခဲ့ပါတယ်။

2023 ခုနှစ်နှောင်းပိုင်းမှာ SOL ecosystem ထဲမှာ memecoin တွေ အတော်များလာပြီးတော့ ပေါက်ပေါက်မြောက်မြောက်မဖြစ်တဲ့ memecoin မရှိသလောက်ဖြစ်ခဲ့သလို SOL ရဲ့ ဈေးဟာ အခြား coin တွေ ကျနေချိန်မှာတောင် 1 ရက်အတွင်း 11% ကျော်၊ 7 ရက်အတွင်း 40% နီးပါး အထိ အတက်ပြနေပါတယ်။

Solana ဟာ memecoin hype တွေနဲ့ SOL ဈေးဆွဲတင်သလိုပဲ Binance ဟာလည်း launchpool တွေ၊ product အသစ်တွေ ထုတ်ပြီးတော့ သူ့ရဲ့ကိုယ်ပိုင် BNB coin ကို ဈေးဆွဲတင်နေတာကြောင့် Top 3 နေရာလုပွဲတစ်ခုလိုမျိုး ပွဲကြီးပွဲကောင်းတစ်ခုကို ကြည့်နေကြရတာဖြစ်ပါတယ်။

Cryptocurrency တွေဟာ အတက်ကြမ်း၊ အကျကြမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုအမျိုးအစားတစ်ခုဖြစ်တာကြောင့် ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှ ရင်းနှီးမြှုပ်နှံ၊ အရောင်းအဝယ်လုပ်ကြဖို့ တိုက်တွန်းပါတယ်။

Reference Link: https://cointelegraph.com/news/solana-activity-flips-ethereum-memecoin-frenzy

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
3 comments
avatar

@princekham, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @myancrypto gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103
0
0
0.000