သီးသီးကတော့

OpenAI ရဲ့ ChatGPT iOS app ဟာ ရက်အနည်းငယ်အတွင်းမှာပဲ အသုံးပြုမှုနှုန်းတဟုန်ထိုး မြင့်တက်လာနေပြီးတော့ AppStore ရဲ့ Top Free Apps Category ထဲမှာဆိုရင် ထိပ်ဆုံးကိုတောင် ရောက်နေပါပြီ။ ဒါ့အပြင် Apple ကလည်း ChatGPT app ကို မရှိမဖြစ် app တစ်ခုအဖြစ်ပါ သူတို့ရဲ့ Essential Apps Category ထဲမှာ ထည့်ပေးထားပါတယ်။

ဒါပေမယ့် OpenAI ကတော့ အပြည့်အဝ မပျော်နိုင်ပါဘူး။ ChatGPT ထဲကနေ GPT 4 subscription ဝယ်သူတိုင်းရဲ့ payment ထဲက 30% ကို Apple ကနေ ကြားဖြတ်ယူတော့မှာဖြစ်ပါတယ်။ Apple ကတော့ ဒါကို AppStore fees လို့ ခေါ်ပြီး သူတို့ရဲ့ store ကို အသုံးပြုခလို့ သတ်မှတ်ထားပုံပါပဲ။ ဒါကြောင့် GPT 4 subscription က 1လကို 20$ ကျသင့်တယ်ဆိုရင် Apple က 30% ယူလိုက်မှာဖြစ်လို့ OpenAI ဟာ $14 ပဲ ရတော့မှာပါ။

တကယ်တော့ OpenAI ဟာ ကိုယ်ပိုင် payment website တစ်ခုထောင်ပြီး payment တွေကို website ကနေပဲ လက်ခံမယ်ဆိုရင်တော့ AppStore payment system ကို သုံးစရာမလိုပေမယ့် အခုချိန်မှာတော့ AppStore payment ကိုပဲ ဆက်သုံးဖို့ ဆုံးဖြတ်လိုက်တာကြောင့် Apple ရဲ့ ခေါင်းပုံဖြတ်မှုကို ခံရဦးမှာပါပဲ။

Apple ဟာ app တွေတိုင်းကိုလည်း ဒီလိုပဲ 30% fees ကောက်ခံဖို့ စီစဉ်ထားတာကြောင့် NFT app တွေတုန်းကလိုပဲ developer တွေနဲ့ ပြဿနာတက်လာနိုင်ပါတယ်။

Reference Link: https://decrypt.co/142309/apple-takes-its-30-bite-from-ai-innovation-costing-openai-millions

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments