တကယ် ကြမ်းတော့ မှာလား
ကျနော်တို့ရဲ့ ငယ်ချစ်ဦးကြီး GTA (Grand Theft Auto) series (ခေါ်) ကားသူခိုးဂိမ်းဟာ GTA 5 ထွက်အပြီးမှာ ရပ်နားနေတာ 10 နှစ်နီးပါးရှိပါတော့မယ်။ Rockstar Games ဟာ GTA 5 ကို ထုတ်ပြီးတည်းက GTA 6 အတွက် trailer ထုတ်ပေးဖို့ကိုရော၊ release date သတ်မှတ်ပေးဖို့အတွက်ပါ ငြိမ်ချက်သားကောင်းနေတဲ့အပြင် GTA 6 ကို develop လုပ်နေကြောင်းကိုလည်း 2022 ခုနှစ် February လထဲမှာမှသာ ထုတ်ပြောလာခဲ့တာပါ။
ဒါပေမယ့် လွန်ခဲ့တဲ့လပိုင်းတုန်းက GTA 6 ရဲ့ gameplay leak တစ်ခု ပျံ့လာခဲ့ပြီးနောက်မှာ Rockstar Games ဟာ 2023 ခုနှစ်ထဲမှာ GTA 6 ထုတ်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အရောင်ပြန်တောက်လာစေခဲ့ပါတယ်။
Rockstar Games ရဲ့ ထုတ်ခဲ့သမျှ GTA game တွေထဲမှာ အပြင်လောကက လူနေမှုပုံစံကို ထင်ဟပ်စေမယ့် gameplay တွေ ပါဝင်လာတတ်တာကြောင့် အခု GTA 6 မှာလည်း cryptocurrency တွေကို ထည့်သွင်းအသုံးပြုသွားမယ်ဆိုတဲ့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။
ဥပမာ - GTA 5 မှာတုန်းကဆိုရင် အပြင်က NASDAQ stock exchange ကို game ထဲမှာ BAWSAQ exchange ဆိုပြီး ထည့်သုံးထားခဲ့တာမျိုးတွေအပြင် “Stock Market Assassination Missions" လိုမျိုး mission တွေကနေ reward တွေယူလို့ရနိုင်တာတွေ ရှိခဲ့ပါတယ်။
အခုတစ်ခါထွက်လာတဲ့သတင်းကတော့ GTA 6 ဟာ blockchain game တစ်ခုအနေနဲ့ ထွက်လာမှာဖြစ်ပြီး mission တွေလုပ်ပြီးရလာတဲ့ reward တွေ (in-game currency တွေ) ကို အပြင်လောကမှာ cryptocurrency အဖြစ်ပြန်လဲလို့ရမယ့် gameplay တွေကိုလည်း ထည့်သွင်းထားကြောင်း Forbes India က တင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Rockstar ဖက်ကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ရှင်းလင်းထားတာမျိုး မရှိသေးပါဘူး။
Rockstar Games ရဲ့ မိခင် company ဖြစ်တဲ့ Take Two Interactive ကလည်း ဒီနှစ်ပိုင်းတွေမှာ Web3 game တွေ ထုတ်ဖို့ အာရုံစိုက်လာတာကြောင့် GTA 6 မှာလည်း Web3 နဲ့ ပတ်သက်တာ တစ်ခုခုတော့ ပါလာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် Rockstar Games ဟာ GTA 6 ကို develop လုပ်ဖို့အတွက် $ billion နဲ့ ချီ အကုန်ကျခံထားတဲ့အပြင် water physics အတွက်ကို အာရုံစိုက် ပြင်ဆင်နေပြီးတော့ map ဟာလည်း GTA 5 က map ထက် အများကြီးပိုကျယ်မှာဖြစ်ကြောင်း သတင်းတွေကတော့ ခိုင်ခိုင်မာမာကို ထွက်နေပါတယ်။
ဒီလိုမျိုး သတင်းအမျိုးမျိုးထွက်နေတဲ့ကြားမှာ GTA fan တွေကတော့ GTA Online ရဲ့ 10 နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ October လ 1ရက်နေ့မှာ GTA 6 official trailer ကို မြင်ရဖို့ မျှော်လင့်နေကြပါပြီ။
Reference Link: https://decrypt.co/142533/grand-theft-auto-6-crypto-rumors-swirling-again-heres-whats-going-on
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
!LUV !LOLZ
@myancrypto, @ansoe(3/4) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
lolztoken.com
Total snooze fest.
Credit: reddit
@myancrypto, I sent you an $LOLZ on behalf of @ansoe
(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: