တင့်တင့် တယ်တယ်ပေါ့

avatar

ဘာလုပ်လုပ်တင့်တယ်တဲ့ crypto bull market မှာ ခွေး coin၊ ကြောင် coin၊ ဖား coin တွေ အတက်ကြမ်းနေပါတယ်။ ခွေး coin တွေဖြစ်တဲ့ DOGE နဲ့ SHIB တို့ကတော့ အတက်ကြမ်းဆုံးဖြစ်နေပြီး တစ်ရက်တာ trading volume $24.2 billion အထိ ရှိခဲ့ပါတယ်။

DOGE တို့၊ SHIB တို့နဲ့အပြိုင် အတက်ကြမ်းခဲ့တဲ့ ခွေး coin နောက်တစ်ခုရှိပါသေးတယ်။ Solana network ပေါ်က WIF (dogwifhat) ဆိုတဲ့ meme coin ဖြစ်ပြီးတော့ February လအတွင်းမှာ $0.22 အထိပဲ ရှိခဲ့ရာကနေ $1.92 အထိ တက်သွားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ $1.55 အထိ ပြန်ကျလာပါပြီ။

Solana network ပေါ်က POPCAT လိုမျိုး ကြောင် coin တွေကတော့ တစ်နေ့တာအတွင်း $63.4 million အထိ ရှိခဲ့ပြီး Ethereum network ပေါ်က ဖား coin ဖြစ်တဲ့ PEPE ကတော့ တစ်နေ့အတွင်းမှာ $4.2 billion ကျော်အထိ trading volume ရှိခဲ့ပါတယ်။

PEPE ဟာ စထွက်ခါစတုန်းက အရမ်းနာမည်ကြီးခဲ့ပြီး hype ခဲ့ကြပေမယ့် ဈေးတွေပြန်ထိုးကျခဲ့ပြီးနောက်မှာတော့ ဖား‌ေ-သသွားပြီဆိုတဲ့အထိပါ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် အခုတော့ ဖားမ‌ေ-သသေးကြောင်း သိကြရပါပြီ။

Crypto bull market ရောက်လာပြီဆိုရင် ဘာလုပ်လုပ်တင့်တယ်နေပြီး ဘယ် coin ပဲဝယ်ဝယ် တက်မှာ သေချာတယ်လို့ ပြောလို့ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဆိုတိုင်းလည်း နံကြားထောက်ပြီး ပိုက်ဆံတွေပုံအောဝယ်လိုက်တာမျိုး မလုပ်သင့်ဘဲ ဘယ် cryptocurrency ကိုမဆို သေချာလေ့လာဆန်းစစ်ပြီးမှ အရောင်းအဝယ်လုပ်သင့်ပါတယ်။

Reference Link: https://cointelegraph.com/news/memecoin-prices-cat-dog-surge-crypto-market-mania

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments