What he said

avatar

November ၃၀ ရက်နေ့က NewYork မှာ ကျင်းပသွားခဲ့တဲ့ DealBook Summit မှာ Sam Bankman-Fried (SBF) ရဲ့ interview အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ ဒီ interview ဟာ FTX ပြိုလဲပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ SBF နဲ့ interview ဖြစ်ပြီးတော့ FTX နဲ့ Alameda Research တို့ရဲ့ fund တွေအကြောင်းနဲ့ FTX ပြိုလဲရာမှာ သူ့ကို ရာဇဝတ်သားတစ်ယောက်လို မြင်နေကြတဲ့အပေါ် ဘယ်လိုထင်လဲဆိုတာတွေကို ဆွေးနွေးသွားခဲ့ကြပါတယ်။

FTX နဲ့ Alameda Research တို့ရဲ့ fund တွေနဲ့ ပတ်သက်လို့ SBF ဟာ သူ့ဆီမှာ FTX နဲ့ Alameda Research တို့ဆီက fund တွေရှိနေကြောင်း ပြောသွားခဲ့ပါတယ်။ ဒီ fund တွေဟာ FTX မှာ အပ်ထားတဲ့သူတွေရဲ့ fund တွေသာဖြစ်ပြီး SBF တို့ ပိုင်ဆိုင်တဲ့ fund တွေ မဟုတ်ကြောင်းကိုလည်း viewer တစ်ဦးက ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် SBF ကတော့ ဒီ fund တွေကို သူ့ဖက်က စီမံခန့်ခွဲမှုအလွဲတွေကြောင့် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ယူထားမိတာဖြစ်ပြီး နောက်ထပ်ပြောသွားပုံတွေအရဆိုရင် FTX မှာဖြစ်ပျက်နေတဲ့ ကိစ္စတွေကို သူကိုယ်တိုင်တောင် ရေရေရာရာမသိတဲ့သဘောပါပဲ။

သူ့ကို ရာဇဝတ်သားတစ်ယောက်လိုဝိုင်းသမုတ်နေကြတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ ဒီကိစ္စကို အာရုံမစိုက်နိုင်ကြောင်းနဲ့ FTX ရဲ့ customer တွေနဲ့ stake holder တွေကို ဘယ်လိုကူညီပေးလို့ရမလဲဆိုတာကိုသာ တစ်လလုံး စဉ်းစားနေခဲ့ကြောင်း ဆိုပါတယ်။

Alameda Research ကို သူကိုယ်တိုင်စီမံခန့်ခွဲတာမဟုတ်လို့ အတွင်းရေးတွေကို သေချာမသိဘူးဆိုရင်တောင် သူ CEO လုပ်နေတဲ့ FTX မှာ liquidity ပြဿနာဖြစ်နေတဲ့အကြောင်းကိုရော ဘယ်တုန်းက စသိခဲ့သလဲလို့ မေးမြန်းခဲ့ရာမှာတော့ November ၆ရက်နေ့လောက်မှ သိခဲ့တာဖြစ်ကြောင်း ဖြေထားပါတယ်။ ဒါပေမယ့် November ၇ရက်နေ့အထိကို FTX ရော၊ FTX ထဲက ပိုက်ဆံတွေရော အခြေအနေကောင်းပါတယ်လို့ Twitter ပေါ်မှာ SBF ကိုယ်တိုင် tweet ထားခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာမှ ပြန်ဖျက်သွားခဲ့တဲ့ကိစ္စကိုလည်း ဝိုင်းပြီး ထောက်ပြနေကြပါတယ်။
ဒါ့အပြင် November ၇ရက်နေ့မှာပဲ FTX ဟာ user တွေရဲ့ ပိုက်ဆံတွေကို ကာပေးနိုင်ဖို့အတွက် liquidity အလုံအလောက်ရှိကြောင်း၊ user တွေရဲ့ပိုက်ဆံတွေကို ယူမသုံးပါကြောင်းနဲ့ user withdrawal တွေကို ဆက်ဖွင့်ပေးထားဦးမှာဖြစ်ကြောင်းတွေကို တင်ခဲ့ပြီးတော့ နောက်မှသာ ပြန်ဖျက်သွားခဲ့တာပါ။

ဒေဝါလီခံပြီးနောက်ပိုင်းမှာ FTX ထဲက ပိုက်ဆံတွေပျောက်ကုန်တဲ့ကိစ္စတွေ၊ FTX hack ခံလိုက်ရတဲ့ ကိစ္စတွေအကြောင်း မေးမြန်းခဲ့ရာမှာတော့ အဲ့ဒီအချိန်မှာ သူဟာ FTX ရဲ့ system ထဲက အထုတ်ခံလိုက်ရပြီဖြစ်တာကြောင့် ဘာမှမသိကြောင်းနဲ့ သူသိသလောက်ကတော့ FTX US နဲ့ Bahamas အစိုးရဟာ FTX ထဲက အချို့ asset တွေကို သိမ်းလိုက်ကြောင်းသာ ဆိုပါတယ်။

ဒါကတော့ Deal Book Summit မှာ SBF ပြောခဲ့တဲ့အထဲက highlight တွေပါ။ အပြည့်အစုံကိုတော့

မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Reference Link: https://cointelegraph.com/news/bankman-fried-claims-i-unknowingly-commingled-funds-at-dealbook-summit

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments