လောင်းချင်ဦး "ဟ"...

avatar

အချိန်ကား ဆောင်းကုန်ခါနီး 2022 နှစ်သစ်အစ
တစ်ခုသော ညနေခင်း ထမင်းစားပြီးချိန်တွင်ဖြစ်၏။
နေဝင်ပြီဖြစ်၍ အအေးဓာတ်သည် သာ၍ပိုလာလေ
ပြီ။ မှောင်ရီပျိုးစ အချိန်လည်း ဖြစ်သည်။

ညစာပြီး၍ အစာချေဖို့ အချိန်မရ။ လုပ်စရာရှိသေး
သည်။ မလုပ်မဖြစ်သော အရာတစ်ခု။ အိပ်ယာပေါ်
တက်လိုက်သည်။ စောင်ကလေးကို အောက်ခြေပိုင်း
လွားလိုက်သည်။ တစ်မျိုးမထင်ပါနှင့် အနွေးဓာတ်ရ
ရန်ဖြစ်ပါသည်။

စောင်ခြုံပြီးသည်နှင့် ဖုန်းကလေးဖွင့်ကာ ခွက်ခွက်
ခွက်...အသံမြည်အောင်ရိုက်တော့၏။ Note ထဲ
တွင် စာရေးနေခြင်းသာဖြစ်ပါသည်။ စစခြင်းတော့
လက်ကအေးခဲနေ၍ စာရိုက်ရသည်မှာ လေးကန်
နေသည်ဟု ခံစားရ၏။ သို့သော် အတန်ကြာသော်
အရှိန်က ရလာ၏။ လက်ကလေးများ မြန်လာချေပြီ။
စာရေးရင်းဖြင့် ညက Laptop စျေးကလေးများ
တီးခေါက်ရှာခဲ့သောကြောင့် Laptop လေးဖြင့်
စာရေးရလျှင်ဖြင့်ဟု တဒင်္ဂအာသီသ ကလေး စိတ်တွင်ပေါ်လာ၏။ ဆာဟင်ပြောသလို Hive စျေး
5$ အထက်တွင် ရှိနေလျှင်တော့ ဤဆန္ဒသည်
အညတရဖြစ်သွားမည်ပင်။

ဖုန်းဝင်လာ၏ ။ (အတွေးက ကောင်းခန်းရောက်မှ)

ဟလို...။

အေ... ကျော်မင်းလှိုင် ( ယောက်ဖအသံ။ ကျော်မင်းလှိုင် သည် ငယ်နာမည်ဖြစ်၏)

ပြောလေ...

ငါတင်ထားတဲ့ပိုစ်ကို Rising Star ကလာဗုတ်ပြီ။
ငါ့ပိုစ် $ ဘယ်လောက်တက်လဲမှန်းကျိ...

မိုက်တာပေါ့ အနဲဆုံး 4 $ လောက်ပေါ့...

အဲ့လောက်ပဲလား ဟားဟား (အသံကြီးကြီးဖြင့်)

8 $ ထက်တော့မပိုစေရဘူး ...(ဟုတ်တယ်လေ
ကိုယ်တွေတင်လာတာ အိုးသေနေပြီ။ Ecency ဖြင့်
မဘုလျှင် 10 $ ကျော်စရာ အကြောင်းမရှိ)

မဟုတ်သေးဘူး...မှန်းကျိကျိစမ်းပါ...
(ဘယ်လောက်တောင်ပျော်နေသလဲမသိ)

8 $ ထက်မပိုဘူး။ ပိုလည်းနဲနဲ၊ လျော့လည်း နဲနဲ...
အဲ့ထက်ကျော်ရင် Starbits 1000 ပေးမယ်...
(ယုံကြည်စွာ စိန်ခေါ်လိုက်တယ်)

ကတိတည်ပါစေနော်...
ပေးဖို့သာပြင်ထားလိုက်တော့....

ဆယ်ခါပြန်တောင် လောင်းလိုက်ချင်သေးတယ်...

မင်းဆီခုလာပြီ....

မိုးလုံးလုံးချုပ်၍ အမှောင်သည်ဖုံးလွမ်းလာပြီဖြစ်၏
မိမိသည်လည်း စာရေးရင်း စဥ်းစားနေ၏။ သူ့ပိုစ်
$ 8 တော့ ဘယ်လိုမှ မကျော်နိုင်ဘူးပေါ့။ မိုးချုပ်
နေပြီ။ သူမလာဟု စိတ်တွင်တစ်ထစ်ချ တွေးမိပြီး
သား။ ဆိုင်ကယ်သံကြားရ၏ ။ သွားပြီ ယောက်ဖ
လာပြီ။ သေချာနေပြီ ။ Starbits 1000 တော့
ပေးရချေတော့မည်။ ထို့ထက် သူ့ပိုစ်ဘယ်လောက်
တောင် တက်လို့လဲဟု မှန်းဆနေမိ၏။

ကဲ.... ကြည့်စမ်း... ဆိုကာ သူပိုစ်အားပြ၏။
ကျနော့်မျက်လုံးပင် ပြူးသွားရ၏။ သူပိုစ်မှာ 10 $
ရရှိနေသည်။

ကယ်...မင်းရှုံးပြီ... Starbits ပေးတော့...
(Starbits လိုချင်တာထက် သူပိုစ် 10 $ ရရှိ၍
အပျော်လုံးစို့သွားသည်ဟု ထင်ပါသည်)

အင်း... အခုချိန် Hive သို့ ဝင်ရောက်လာသော
လူသစ်များသည် အတော်ပင် ကံကောင်းကြ၏။
သူ့တို့ကံနဲ့ သူတို့ကိုး။ ကျွန်တော်တို့ Hive သို့စတင်
ဝင်ရောက်ကာစ မိမိပိုစ် ဘဲဥကွဲလျှင်ပင် ကျေနပ်ရပြီ
ဖြစ်၏။ ခုလူသစ်များကတော့ 1$ မရလျှင်ပင်
နှခေါင်းရှုံ့ကြပေလိမ့်မည်။ နှခေါင်းရှုံ့လည်း
ရှုံ့ချင်စရာပင်။ Support ပေးကြတဲ့
Community များလည်း အပေါသားကိုး။ အထူး
သဖြင့် Gaming Community များက ပိုပြီး
Support ပေးကြသည်။

ကဲ... ယခုတော့ မိမိလောင်းထားတဲ့ Starbits
1000 အားလွဲပေးလိုက်ရပါတော့သည်။ ရှိစေတော့
ကိုယ့်ပြစ်နဲ့ကိုပါပဲ။ လျှာရှည်ပြီး...

လောင်းချင်ဦး "ဟ"...

img_0.3398703163537769.jpg

ကိုကိုမိုးဟိန်း

သစ်အယ်သီး

Connect to me>>> Touch Image
img_0.49821751738760384.jpgimg_0.6632306743600674.jpgimg_0.6916829654488619.jpg
img_0.5606326659139272.jpgimg_0.8792217511064098.jpgimg_0.9917332950176616.jpg

footer2.gif

Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
10.01.2022

Thank-You-GIF-37.gif


Screenshot_2021_0706_191708.png

20211003_160918.gif



0
0
0.000
26 comments
avatar

😄😄
!PIZZA

0
0
0.000
avatar

တကယ်ပါဆို ကွကိုလျှာရှည်မိတာ 😅

!PIZZA

!LOL

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
myanmarkoko tipped kachinhenry (x1)
kachinhenry tipped myanmarkoko (x1)
myanmarkoko tipped nyinyiwin (x1)
donjaun tipped myanmarkoko (x1)
myanmarkoko tipped walarhein (x1)
myanmarkoko tipped donjaun (x1)
@myanmarkoko(1/5) tipped @naythan (x1)
myanmarkoko tipped aung.kyaw.htet1 (x1)
myanmarkoko tipped uthantzin (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

မိုက်ချက်က ကမ်းကုန်ပေါ့
!LOL

0
0
0.000
avatar

လူသစ်တွေကံကောင်းပါတယ်။ တကယ်ကိုမိုက်နေတာ။

!PIZZA

!LOL

0
0
0.000
avatar

ဟုတ်ပ ကိုယ်တွေလည်း သူ့ဆီက သက်သက်တော့ $၁၀ မရဖူးဘူး
!LUV

0
0
0.000
avatar

အဲ့ဒါပြောတာ မယုံလို့ကို လောင်းလိုက်တာ 1000 Starbits ပါသွားရော😅

!PIZZA

!LOL

0
0
0.000
avatar

ပေးပျော်ပါတယ်... Hive power ရှိထားဖို့ကိုတော့ သတိပေးပါလေ..!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ Hive power အရေးကြီးကြောင်းပြောပြပါတယ်။
ခုခေတ်လူငယ်တွေက လောင်းကစားဂိမ်းနဲ့ ရင်းနှီးကြတော့
ငွေရလွယ်တာကို ပိုမက်နေကြတယ်။

!PIZZA

!LOL

0
0
0.000
avatar

သီးသန့်လာ Vote တာကြီးပဲ 10$ က အခုအချိန်မှာ အတော်ရှားတယ် မရှိသလောက်ပဲ။...!LOLZ

0
0
0.000
avatar

What's the difference between a poor man and a feather pillow?
One is hard up, the other is soft down.

@myanmarkoko, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/8)

0
0
0.000
avatar

ဟုတယ် လူသစ်ကလေးပေမို့ Support ပေးတဲ့သဘောမျိုးနေမယ်။

!PIZZA

!LOL

0
0
0.000
avatar

အခု ဟိုက်ခေတ်မှာ လူသစ်လေးတွေအတွက် အခွင့်အရေးတွေ အများကြီးရကြတယ်။ ကံကောင်းတာပေါ့။ !LOL

0
0
0.000
avatar

Did you hear about the cheese factory that exploded in France?
There was nothing left but de Brie.

@myanmarkoko, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

0
0
0.000
avatar

ဟုတ်တယ် ဦးညီ ဒီချိန်ဝင်လာတဲ့ လူသစ်များတွက်
ရွေးချယ်စရာရော ရေးစရာရော ပေါတယ်။
အားစိုက်ထုတ်ဖို့ပဲလိုတယ်။ ကျွန်တော့်ယောက်ဖဆို
ကျွန်တော်ခုလို စာရေးနေတာ သိတာကြာပြီ။
ခုမှသူက စလုပ်တာ။ မြန်မာစာရေးရတာကိုပဲ
သူ့မှာ တစ်နာရီကြာသွားတယ်။ ဘာရေးရမှန်းမသိဘူးတဲ့။
အပြောလွယ်ပေမဲ့ လက်တွေ့ခက်တဲ့အထဲမှာ စာရေးခြင်းလည်းပါတယ်။ 😅

!PIZZA

!LOL

0
0
0.000
avatar

ခံလိုက်ရတာပေါ့
!LOLZ

0
0
0.000