မိုးရွာသောနေ့တစ်နေ့

avatar

ယခုရက်ပိုင်းမှာ မိုးက မကြာခန ရွာနေသည်။
နေသာသော ရက်ဟူ၍ ကောင်းကောင်းမရှိ။ အမြဲလို
မိုးအုံ့နေသည်။ လူ့စိတ်ဆိုသည်ကလည်း ရာသီဥတု
ကို မှီတည်နေသည်။ မိုးရွာလိုက်သည်နှင့် ခံစားချက်
တို့က သူ့အလိုလို စီးမျှောပြီးသား။

img_0.3584281233838916

မိုးစက်တွေနဲ့ ဝင်ရောက်ခဲ့ဖို့ မဖိတ်ခေါ်ပဲ
ဝင်လာပြီး.... အဲ့တာက မျိိုးကြီးရဲ့မိုး။

ကြာဖြူရေ... ကြာဖြူရေ... ရွှေမိုးလေးတွေ
ရွာတိုင်းပဲသတိရနေတယ်...
အဲ့တာက မနောရဲ့ မိုး။

မိုးမိုးမိုး... မိုးတွေအများကြီးပဲ။ ကျွန်တော်တို့က
မိုးကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ကဗျာတွေ၊ သီချင်းတွေကိုပဲ သတိရ
တက်ကြသည်။ သို့ပေမဲ့ ပုံပြင်လေးတစ်ပုဒ်ကိုတော့
မေ့နေတက်ကြသည်။ အဲ့သည်ပုံပြင် အားလုံးသိပြီး
သား ပုရွတ်စိပ်နဲ့ နှံကောင်အကြောင်း။
မိုးတွင်းအတွက် စားစရာကို ကြိုးစားပမ်းစားစုသည့်
ပုရွတ်စိပ်နဲ့ ဘာမှ ကြိုမတွေးပဲ အပျော်ကြူးသည့်
နှံကောင်။ နောက်ဆုံးမှာ တကယ်ပဲ မိုးရွာသီရောက်
လို့ မိုးရွာတဲ့နေ့ ကြုံလာတဲ့အခါ ပုရွတ်စိပ်လေးက
တော့ အပူပင်မရှိပဲ စားစရာအပြည့်နဲ့ ရှင်သန်နိုင်
သည်။ နှံကောင်ကတော့ စားစရာမရှိ ဒုက္ခရောက်ရ
သည်။

img_0.07744017074413972

ကျွန်တော်တို့ရဲ့ ဘဝတွေမှာလည်း မိုးရွာသောနေ့ကို
မလွဲမသွေ ကြုံတွေ့ကြရသည်။ ဒီအချိန်မှာ ကြိုတင်
ပြင်ဆင်မှု မရှိသောလူက ပိုပြီး ဒုက္ခရောက်ကြရ
သည်။ သည်အကြောင်းကို ခုချိန်ခါက မီးမောင်းထိုး
ပြနေသည်။ ကိုဗစ်ရောဂါ ဖြစ်၍ ကျွန်တော်တို့
အလုပ်ပျက်အကိုင်ပျက်၊ စားဝတ်နေရေးခက်ခဲကြ
သည်။ တစ်နည်းအားဖြင့် မိုးရွာသောနေ့တစ်နေ့ကို
ကြုံရခြင်းပင်။ ဒီအချိန်မှာ ဒီလိုနေ့တွေအတွက်
ကြိုတင်စုဆောင်းပြီး၊ ပြင်ဆင်ထားတဲ့ လူတွေက
တော့ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်သည်။
ဒါပေမဲ့ ကျွန်တော်အပါအဝင် ကြိုတင်ပြင်ဆင်ထားမှု
မရှိခဲ့သော လူတွေကတော့ အခက်ခဲ ပြဿနာတွေနဲ့
ရင်ဆိုင်ကြရပြီး ဒုက္ခရောက်ကြရသည်။

img_0.7790503151235842

ကိုဗစ်မိုး အပြင်၊ စစ်မိုးပါ ရင်ဆိုင်နေရသော
ကျွန်တော်တို့ မြန်မာနိုင်ငံသားများအဖို့တော့ ပို၍ပင်
ဆိုးပေမည်။ ဒီမိုးတွေကလည်း ဘယ်အချိန်မှ ပြီးမည်
မသိနိုင်။ ကျွန်တော့်အတွက်တော့ သင်ခန်းစာကောင်း
တစ်ခုရလိုက်ပါသည်။ ဘာပဲပြောပြော အသက်ရှင်
နေသ၍၊ မိုးရွာသောနေ့တွေ ကြုံကြရမည်။
ထို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ ကျွန်တော်
ကြိုးစားရပါဦးမည်။

ကိုကိုမိုးဟိန်း
@myanmarkoko



0
0
0.000
15 comments
avatar

တင်ကြို မသိခဲ့တော့ ကြိုတင်မပြင်ဆင်ခဲ့တာတွေကို နောင်တရနေမယ့်အစား သင်ခန်းစာယူ ပိုကြိုးစားကြရမယ် မဟုတ်လား။
ဒီတိုက်ပွဲကြီးကို တို့တွေ အနိုင်တိုက်ကြစို့။
!PIZZA
!LUV

0
0
0.000
avatar

ဟုတ်ကဲ့ပါ။ အားတင်းထားပါတယ်... !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
myanmarkoko tipped walarhein (x1)
golden.future tipped myanmarkoko (x1)
@myanmarkoko(3/5) tipped @suhlaing (x1)
myanmarkoko tipped golden.future (x1)

Join us in Discord!

0
0
0.000
avatar

မိုးဆိုတာ အမြဲ​တော့ ရွာမ​နေနိုင်ပါဘူး ​မိုးရွာပြီးရင် ​နေသာလာ​တော့မှာပါ ဖိုက်တင်း
!PGM
!LOLZ
!LUV

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @myanmarkoko

remaining commands 1

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ဟုတ်ကဲ့ အဲ့လိုလေးတွေးပြီး အားတင်းထားပါတယ် !PIZZA

0
0
0.000
avatar

မည်သို့ဆိုစေ ရထားလမ်းကြီးမြင်တော့ လွမ်းသဟေ့။
!LOL

0
0
0.000
avatar

အရင်လို ရထားဥသြသံလေးများကြားရင်... 🎶

0
0
0.000