ညနေခင်း အတွေး
ညနေခင်း နေဝင်ချိန်ဆို အလုပ်ကြမ်းသမားတွေ
အိမ်ပြန်ကြတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ
အိမ်ပြန်ကြတယ်။ အားလုံးအိမ်ပြန်ကြတယ်။
လမ်းမတွေဟာလည်း လူတွေပြည့်ညှပ်လို့
စည်းကားနေတယ်။ ဆိုင်ကယ်သံ၊ ကားသံတွေ
တဝူးဝူးနဲ့ အပြိုင်အဆိုင် အလုအယက် မောင်းနှင်း
ကာ အိမ်ဆိုတဲ့ နားခိုရာဆီကို ပြန်နေကြတယ်။
မှတ်မိနေပါသေးတယ်။ သိပ်အေးတဲ့ညနေခင်း။
အေးမှာပေါ့။ ရောက်နေတဲ့မြို့က "ဝ" ပြည်နယ်၊
ဟိုပန်မြို့။ တောအထပ်ထပ်၊ တောင်အထပ်ထပ်
ကာရံထားတဲ့မြို့။ မနက်ခင်းဆို နေမမြင်ရပဲ နေ့ခင်း
၁၂ နာရီလောက်မှသာ နေကိုမြင်ရတယ်။
မနက်ခင်းဆို မြူတွေပိတ်ဖုံးပြီးရင်တွေ၊ အသဲတွေ
ခိုက်ခိုက်တုန်အောင် အေးလှတယ်။ နေ့ခင်းနေရောင်
မြင်ရပြန်တော့လည်း နေကစောင့်ထိုးပြီးပူပြန်ရော။
ဘယ်လိုရာသီဥတုကြီးလည်းမသိဘူး။
ညနေ နေဝင်လျှင် မေးခိုက်အောင်အေးပြန်တယ်။
ဘယ်အချိန်နေဝင်သွားလဲမသိပါဘူး။ ၇နာရီထိုးတော့
မယ်။ မှောင်နေပြီ။ သွပ်နန်းကြိုးနဲ့ သံကွင်းတွေကို
သံချောင်းမှာ ကပ်ပြီးချည်နေရတုန်း။ အလုပ်က
မသိမ်းနိုင်သေး။ ဘာအလုပ်လဲသိလား။ သံစီသံကွေး၊
စာလုံးပေါင်းမှန်လားတော့ မသိဘူး။ အသံထွက်တိုင်း
ပေါင်းလိုက်တာ။ ဗိုက်ထဲက အော်သံတွေကြားနေ
ရတယ်။ ခဗျားကြီးကျုပ်ကိုခုထိ ထမင်း
မကျွေးသေးဘူးလားပေါ့။ ဗိုက်က စကားပြော
တက်ရင် အဲ့သလို ရန်ရှာမှာဗျ။
ဘာလို့ အဲ့ဒီနေ့တွေကို ပြန်တွေးနေမိမှန်းမသိပါဘူး။
အဲ့ဒီနေ့တွေဟာ ကျွန်တော့်အသက် ၂၇ နှစ်အတွင်းမှာ
အခက်ခဲဆုံးနဲ့အကြမ်းတမ်းဆုံးနေ့တွေပါပဲ။
တခါတခါ ကလေးတွေစားတဲ့ စျေးပေါပေါမုန့်တွေကို
စားရင်း ကိုယ့်ကိုယ်ကို နားကျည်းမိခဲ့တယ်။
ဘဝဆိုတာ တိုက်ပွဲလို့ လိမ်ပြောကြတာ။
တကယ်တော့ ဘဝက တိုက်ပွဲမဟုတ်ဘူး။ တိုက်ပွဲက
လက်နက်ချရင် ပြီးသွားတာ သိပ်ဆိုးတဲ့ ဂျပန်တွေ
တောင် လက်နက်ချလိုက်လို့ ဒုတိယကမ္ဘာစစ်
ကြီး ပြီးသွားတာမဟုတ်လား။ တနည်းအားဖြင့်
ကမ္ဘာကြီး ငြိမ်းချမ်းသွားတယ်။ ဘဝကအဲ့သလို
မဟုတ်ဘူး။ ဘဝမှာ လက်နက်ချ အရှုံးပေးရင်
ခွေးဖြစ်ပြီ။ ဘယ်တော့မှလက်နက်မချမိဖို့
အရေးကြီးတယ်။ ရှိရာလက်နက်ကိုင်စွဲထားဖို့ အရေး
ကြီးတယ်။ မဟုတ်ရင် ကိုယ့်ကိုထူမဲ့သူထက် နင်းချမဲ့
ခြေထောက်တွေ တပုံကြီး။ ကိုယ့်ကိုဖေးကူမဲ့
လက်ထက် နောက်ကျောကို ဓားနဲ့ထိုးချင်တဲ့လက်တွေ
တပုံကြီး။ လှဲကျနေလို့ လှမ်းမျှော်မကြည့်နဲ့
အားပေးမဲ့သူထက် မြေနိမ့်ရာ လှံစိုက်ချင်နေသူတွေ
ကတပုံကြီး။ ကိုယ်ခံရတိုင်း မကောင်းမြင်နေတယ်
လို့ မထင်စေချင်ဘူး။ ကိုယ်ကြုံခဲ့ရတာတွေကို
ဖောက်သည်ချရုံပါ။
ညနေခင်းတစ်ခုရဲ့ အတွေးရှည်ကြီးပေါ့
များသောအားဖြင့် သူများတွေရဲ့ ညနေခင်းတွေဟာ
သိပ်လှတာတွေဖြစ်မယ်။ ကျွန်တော့်ဆီမှာလည်း
သိပ်လှတဲ့ ညနေခင်းတွေ ရှိချင်ရှိနေမှာပါ။ ဒါပေမဲ့
ညနေခင်း နေဝင်တာမြင်တိုင်း ဟိုပန်မြို့ကိုပဲ
မြင်ယောင်နေမိတယ်။ နောက်ကျ နှလုံးသားထဲ
မှတ်ကျောက်တင်ခဲ့တဲ့အဲ့ဒီမြို့အကြောင်း
ရေးပြပါဦးမယ်။
ကိုကိုမိုးဟိန်း
@myanmarkoko
28, Jan 2023
နောက်ဆုံးအကြောင်းက အနှစ်ပဲ...နှလုံးသားထဲမှတ်ကျောက် တင်ခဲ့တဲ့အကြောင်း ဆိုတာလေး စိတ်ဝင်စားစရာပါလား....!LUV !PIZZA
@myanmarkoko, @uthantzin(5/10) sent you LUV. | tools | discord | community | HiveWiki | NFT | <>< daily
I gifted $PIZZA slices here:
myanmarkoko tipped kachinhenry (x1)
@htwegyi(3/5) tipped @myanmarkoko (x1)
kachinhenry tipped myanmarkoko (x1)
uthantzin tipped myanmarkoko (x1)
Join us in Discord!
ကိုယ်တကယ် အရှုံးပေးမှ ဘဝဆိုတာ ရှုံးတာပါ ဖိုက်တင်း
!PGM
!LOLZ
!MEME
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
lolztoken.com
A masta-Don.
Credit: deanlogic
@myanmarkoko, I sent you an $LOLZ on behalf of @suhlaing
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(3/4)
Credit: arthursiq5
Earn Crypto for your Memes @ HiveMe.me!
ဒုက္ခဆိုတာ ကြုံတွေ့နေတုန်း မှာတော့ ခါးသီး ပေမယ့် နှောင်တချိန် ပြန်ပြောဖြစ်ရင် အတော်လေးကို ကျေနပ်စရာ ကောင်းတဲ့ အရာပါ။ !PIZZA
ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ အကြည်တော် က
ဘဝဆိုတာ နောင်တစ်ချိန် ဖြစ်လာမဲ့ ဟာသပါတဲ့။
!PIZZA
!LUV
!LOL
@kachinhenry, @myanmarkoko(1/4) sent you LUV. | tools | discord | community | HiveWiki | NFT | <>< daily
lolztoken.com
But CAT scan.
Credit: marshmellowman
@kachinhenry, I sent you an $LOLZ on behalf of @myanmarkoko
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/4)
ဒုက္ခ က ပျားရည်လို ချိုတယ် ဆိုပ။
ကိုယ်တွေ ခုတော့ ပျားရည်မြစ်ထဲ ကူးခတ်ဆဲ။
!PIZZA
!MEME
Credit: azazel5799
Earn Crypto for your Memes @ HiveMe.me!