ပေါက်စီ အတွေး
ပေါက်စီ အတွေး
ပေါက်စီအတွေးတဲ့ ခေါင်းစဉ်က နဲနဲတော့
အူကြောင်ကြောင်နိုင်တယ်။
အကြောင်းရာကတော့ အရှည်ကြီးမဟုတ်ပါဘူး။
တိုတိုလေးပါ။ ပြောရရင် ပေါက်စီတစ်လုံးကပေးတဲ့
အတွေးလေးကို ချရေးရုံပါ။
မိုင်းပေါက်မြို့ ၊ ၄ လပိုင်း၊ ၁၂ နေ့၊ ည ၈ နာရီ
အစ်မက မိုင်းပေါက်မြို့ထဲက စားသောက်ဆိုင်မှာ
အလုပ်လုပ်နေတယ်။ ည ၈ နာရီခွဲဆို ကျွန်တော်က
လိုက်ပို့နေကျ။ မိုင်းပေါက်မြို့က နွေရာသီလို့သာ
ပြောတာ မနက်နဲ့ ညဆို အရမ်းအေးတယ်ရယ်။
အဲ့တော့ အနွေးထဲကို ကိုယ်ကခွာရတယ်မရှိဘူး။
ဆိုင်ကယ်စီးရင်း နောက်က ကျွန်တော့်အနွေးထည်
အင်ကျီထဲ ပစ္စည်းတစ်ခုထည့်လိုက်တာ
သတိထားမိတယ်။ ပြီးတော့ပြောတယ်။ "ပေါက်စီ
ဗိုက်ဆာရင်စားဖို့" တဲ့။ ကျွန်တော်လည်း "ဟုတ်ကဲ့"
လို့ဖြေရင်း အစ်မ စားသောက်ဆိုင်ရှေ့နားရောက်
တော့ ဆိုင်ကယ်ရပ်ပေးလိုက်တယ်။ စားသောက်ဆိုင်
ထဲဝင်သွားတဲ့ အစ်မရဲ့ ကျောပြင်ကို ကြည့်ငေးရင်း
အတွေးတွေက သူ့အလိုလို ခေါင်းထဲရောက်လာ
တယ်။

ကျွန်တော်ထင်တယ် အစ်မတွေဟာ ဒုတိယ မိခင်ပဲလို့
ပေါ့။ ကျွန်တော်ငယ်ငယ်က အမေက အကြော်ရောင်း
သွားတော့ အစ်မပဲ အိမ်မှာ ကျွန်တော့်ကို ထိန်းရ
တယ်။ ကျွန်တော် အဲ့ချိန်က အငယ်ဆုံးဆိုတော့
အရမ်း ဆိုးခဲ့မယ်ထင်တယ်။ ကျွန်တော့်ရဲ့ ကျင်ကြီး၊
ကျင်ငယ် ဒီအစ်မကပဲ မငြိုမငြင် လုပ်ပေးခဲ့တာ။
အဖွားပြောခဲ့တဲ့ စကားတစ်ခွန်းက နားထဲရောက်လာ
တယ်။ "နင့် အစ်မက ကျောင်းစာတော်တယ်။
ဆရာမတွေကလည်း သူ့ကိုသိပ်ချစ်ကြတယ်။ ဒါမဲ့
လေးတန်းနဲ့ ကျောင်းထွက်ခဲ့ရတယ်။ နင့်ကို ထိန်းဖို့
တဲ့လေ...။" အဲ့ဒီလို အဖွားရဲ့စကားကို
ပြန်ကြားယောင်မိတိုင်း ကျွန်တော်မျက်ရည်ဝဲမိစမြဲပဲ။

ပေါက်စီတစ်လုံးဟာ ဘာမှ မဟုတ်ပေမဲ့။ ပေါက်စီထဲ
မှာ စီးဝင်နေတဲ့ အစ်မရဲ့ စေတနာနဲ့ မေတ္တာတွေက
တော့ ကျွန်တော့်တွက် အဖိုးမဖြတ်နိုင်ပါဘူး။ အစ်မပေးတဲ့ ပေါက်စီလေးစားရင်း ဒီစာလေးကို
အဆုံးသတ်လိုက်ပါတယ်။
ကိုကိုမိုဟိန်း
သစ်အယ်သီး
၁၃၊ ဧပရယ်၊ ၂၀၂၃
!LOL
lolztoken.com
Fish and ships.
Credit: boboman
@myanmarkoko, I sent you an $LOLZ on behalf of @walarhein
(1/8)
Have you tried the !gif !lolz !meme combo? It is a wall of fun!
Via Tenor
Credit: jacobtothe
Earn Crypto for your Memes @ HiveMe.me!
!LUV
@myanmarkoko, @golden.future(2/10) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
!PGM !PIZZA
$PIZZA slices delivered:
@uthantzin(3/10) tipped @myanmarkoko