အမှတ်တရနေ့စွဲမှတ်တမ်းကမ္ဘာငယ်လေး

သမီးလေး၏ အကောင့်၌ ပရိုဖိုင် လှလှလေး တင်ထားချင်သည်။
အိင်္ကျီ ဘောင်းဘီ ဝတ်စုံပြည့် ဝတ်ဆင်ပြီးမှ ပုံရိုက်ပေးရမည်။

ခုတော့ သမီးလေးကို ကျောကွဲ နောက်စီး အိင်္ကျီ နှင့် သုံး‌ထောင့်ပုံ ပိတ်စ စည်းပေးထားရသည်။
သမီးလေး နိုးထနေစဉ်ဆို ကျွန်တော်တို့တွေက သမီးလေးကို ကြည့်ပေးထားရတော့ အနားမရပါ။
သမီးလေး နိုးထနေစဉ် ဓာတ်ပုံလှလှ ရိုက်ယူဖို့ မေမေ့နေတတ်သည်။
သမီးလေး အိပ်ပျော်နေချိန်တွေ ဓာတ်ပုံရိုက်ယူဖြစ်သလိုပါပဲ။
ဒီတော့ ပုံတွေထဲမှာ သမီးလေးက မျက်စိမှိတ်လျက်ပါပဲ။

မည်သို့ပင်ရှိစေကာမူ ...
ဒါဟာ သမီးလေး၏ ဘဝ အမှတ်တရများပါပဲ။
တနေ့တခြား တရက်ပြီးတရက် ရှင်သန်လာတဲ့ သမီးလေး၏ ဘဝ ဖြတ်သန်းမှု အမှတ်တရများသာပါပဲ။
ဒါတွေကို ကျွန်တော်တို့က မေတ္တာအပြည့်အဝဖြင့် သမီးလေးကို ချစ်တဲ့ အချစ်တွေ မှတ်တမ်းတင်ထားတာပါ။
သမီးလေးဟာ တစ်နေ့တခြား ပိုပို ချစ်ဖို့ကောင်းလာတဲ့ ကလေးလေးပါလေ။

ဒီအကောင့်လေးက သမီးလေး အတွက် အနာဂတ် အမွေ တစ်ခု ဖြစ်သလို သမီးလေး အတွက် အမှတ်တရနေ့စွဲ မှတ်တမ်းကမ္ဘာငယ်‌လေး တစ်ခုပါ။



0
0
0.000
7 comments
avatar

သူ့အစ်ကို နဲ့ ရုပ်ချင်းအတော်တူတာပဲ...ချစ်စရာ သမီးလေးရဲ့ အမှတ်တရတွေပဲပေါ့....!LUV !MEME

0
0
0.000