MCDC ထဲက ကစားကွင်းမှာ

မင်္ဂလာရှိကြပါစေ။

ယခင်နေ့က မန္တလေးမြို့သို့ ရောက်ခဲ့ကြသည်။
ဈေးဝယ်ထွက်ခဲ့ကြတာပေါ့။
အပြန်မှာ အချိန်အနည်းငယ်ရတာနဲ့ မန္တလေးမြို့တော် စည်ပင်ဖွံ့ဖြိုးရေးဥယျာဉ် သို့ ဝင်ရောက်ခဲ့ကြသည်။
အကြောင်းမှာ ထိုအထဲ၌ ကလေးကစားကွင်း ရှိသည်ဆိုသောကြောင့်ပါ။

MCDC ထဲ ရောက်တော့ ပန်းခြံထဲမှာ။ကလေးကစားစရာအချို့ ရှိပါသည်။
ကလေးတွေ လျှောစီးစရာလည်း ရှိပါသည်။
သို့သော် အတော် ဟောင်းနွမ်း ပျက်စီးနေပါပြီ။

သစ်သီးဝလံပန်းမာန်ပြပွဲရက်တွေမှာတော့ ဒီအထဲမှာ ပန်းနှင့်သစ်သီးဝလံများ အလှပြသထားကြပါတယ်။
ယခုတော့ ပန်းပင်တွေ အလှစိုက်ထားတာ များများစားစား မရှိပါ။

ပြည်သူများ နားနေစရာ ထိုင်ခုန်လေးများမှာတော့ ချစ်သူစုံတွဲများစွာ ထိုင်နေကြတာ တွေ့မြင်ခဲ့ရပါတယ်။
ရောက်တုန်းရောက်ခိုက် သမီးငယ်ကို အမှတ်တရဓာတ်ပုံရိုက်ပေးပြီး ပြန်လာခဲ့ကြပါတယ်။



0
0
0.000
13 comments
avatar

ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာ သမီးငယ်လေး။
LOLZ MEME

0
0
0.000
avatar

!luv
!lol
!meme

0
0
0.000