အမနှင့် သူ၏တိရိစ္ဆာန်များ

avatar

ခွေးတို့၊ ကြောင်တို့အစရှိတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ အစလုပ်ပြီး မမွေးတာကောင်းတယ်။ ကိုယ့်အတွေးပါ။ လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သံယောဇဉ် ဖြစ်တတ်လို့ပါ။ ဖေ့ဘုတ်က Video မှာဆိုရင် တချို့ခွေးလေး တွေ၊ ကြောင်လေးတွေက အရမ်းလိမ္မာကြတယ်။ သူတို့အမူ အယာလေးတွေကလည်း ချစ်စရာကောင်းလိုက်တာ။ သူတို့ သခင်ကိုလည်း သိမှသိ ဆိုတော့ အဲ့လိုမျိုးလိမ္မာတဲ့ ခွေးလေး တွေဆိုရင်တော့ မွေးချင်စိတ်ရှိသား။

img_0.6482844505554913.jpg

ဒါပေမယ့် စိတ်ပဲရှိတယ်။ မမွေးဖြစ်ပါဘူး။ ငယ်ငယ်တုန်းကတော့ အာနိုးလို့အမည်ပေးထားတဲ့ ခွေးတစ်ကောင် ရှိတယ်။ သူ့ကိုသေချာမွေးတာမဟုတ်ပေမယ့် အမေက စားကြွင်းစားကျန်တွေ ကျွေးထားတော့ အိမ်မှာပဲ အမြဲနေ တယ်။ အားလုံးကလည်း အာနိုးကို ကျမတို့ခွေးလို့ပဲ သတ်မှတ် ထားကြတာ။

အာနိုးက ခွေးပေမယ့် မှင်နဲ့နေတတ်တယ်။ တခြားခွေးတွေလို စွတ်မဟောင်ဘူး။ ခွေးချင်းရန်ဖြစ်ရင်တောင် မဟောင်ဘူး။ အမိကိုက်တာ။ အဲ့ဒါကြောင့် အာနိုးကိုဆို လိုင်းထဲက လူတွေက ကြောက်ကြတယ်။ သူ့မျက်လုံးထဲ မျက်စေ့နောက်ရင် ကိုက်တယ်လို့ပြောရမလားပဲ။

img_0.660756106947232.jpg

တခြားသူတွေသာကိုက်တာနော်။ ကျမစက်ဘီးစီးစသင်တော့ ဂျောက်ဂျက်ကနေ ပတ်လည်ရောက်ဖို့ကြိုးစားနေတုန်း အဲ့အာနိုးကို သူ့ခါးကနေစက်ဘီးနဲ့ ဖြတ်နင်းသွားတာ မအော် ဘူး။ မကိုက်ဘူးရယ်။ ကျမတို့လိုင်းခန်းတွေ ဖျက်ရလို့ အိမ်ပြောင်းတော့ လိုက်လာသေးတယ်။ နောက်ကျ အာနိုးကြီး လိမ္မာလို့ဆိုပြီး မြို့သစ်ပြောင်းသွားတဲ့ အိမ်နီးချင်းကတောင်း လို့ ပေးလိုက်တော့ ဇတ်လမ်းပြတ်ရော။ ကျမတို့မှာ အာနိုးကြီး ကို လွမ်းလိုက်ရတာ။

နောက်ကျမအထက်က အမတစ်ယောက်ကကျ အကောင်တွေ မွေးတာ ဝါသနာပါတယ်။ အထူးသဖြင့် ကြက်တူရွေးပေါ့။ ငယ်ငယ်ကတည်းက ကြက်တူရွေးတွေ အလျဉ်းသင့်တိုင်း အမက မွေးလာခဲ့တာ ကြက်ဖကြီးမွေးတုန်းကလည်း အမမှ အမ။ အမကအစာကျွေးမှစားတယ်။

img_0.14358981598222584.jpg

အဲ့ကြက်ဖကြီးကို ကြက်တိုက်တဲ့သူတွေက ကြိုက်လွန်းလို့လာ ဝယ်တာတောင် အမကမရောင်းဘူး။ တရက်ကျ မိုးလင်းတာ တောင် ကြက်ဖကြီးက မတွန်ပါလားဆိုပြီး သူ့အိပ်တန်းကို သွားကြည့်တဲ့အခါမှ အိပ်တန်းလုပ်တဲ့ဝါလုံးမှာ သူ့ခြေသည်းက ညပ်ပြီး အိပ်တန်းကနေအောက်ကို တန်းလန်းကြီးသေနေတာ တွေ့တယ်။

အမကတော့ ငိုလိုက်တာ။ အမေကအဲ့ကြက်ကို ကြော်ကျွေး တော့ သနားလည်းသနား ကြက်ကြော်လေး ကလည်း ကောင်း လိုက်တာ။ နောက် တိုက်ခန်းပြောင်းလာတော့လဲ ဈေးထဲကနေ ဘဲပေါက်လေးနှစ်ကောင်ချစ်လို့ဆိုပြီး မွေးလိုက်တာ။ အဲ့ဒီ ဘဲနှစ်ကောင်ကကြီးလာရော။

အိမ်ကလည်းကျဉ်း၊ ဘဲချေးကလည်းနံဆိုတော့ သူများကို ပြန်ရောင်းပစ်လိုက်ရတာ။ အမကို တိရိစ္ဆာန်တွေက အတော် ချစ်တယ်။ အဲ့ထဲကမှ မှတ်မိနေတဲ့ ၂၀၁၄ ခုနှစ်တုန်းကမွေးခဲ့တဲ့ ရွှေဂဲလေးအကြောင်း ပြောပြချင်တယ်။

img_0.18034430090776707.jpg

အဲ့ရွှေဂဲကို မြစ်ကြီးနားကနေ ဉကပေါက်ကာစ အကောင်လေး ဘဝကနေအမက မွေးလာတာ။ ခဲအိုက မီးရထား ဂတ်ဗိုလ် ဆိုတော့ အမက ရွှေဂဲမွေးတာဝါသနာပါမှန်းသိလို့ မြစ်ကြီးနား ရထားကအပြန် လမ်းမှာဝယ်လာခဲ့တာ။ အဲ့အကောင်လေး အရွယ်ရောက်လာတော့ အမကလွဲပြီး ကျန်တဲ့သူဆို အကုန် ကိုက်တာ။

img_0.7062594255536171.jpg

ကြက်တူရွေးဖြစ်ပြီး ကြိုးတန်းပေါ်မနေတတ်ဘူး။ တချိန်လုံး မြေပြင်မှာပဲနေတာ။ ကျမတို့က သူ့ကို အိမ်နောက်ဖေးမှာ လှောင်အိမ်ထဲ ထည့်မွေးထားတာ။ သူကလဲ အိမ်နောက်ဖေး သမံတလင်းပေါ်မှာပဲနေတာ။ သနားလို့ကြိုးတန်းပေါ် တင်ပေး ရင် သူ့မှာမလျှောက်တတ်ဘူး။ ဝန်ထမ်းတိုက်ခန်း အိမ်နောက်ဖေးဆိုတော့ သိတဲ့အတိုင်း မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းရှိတာပေါ့။

နောက်တပိုင်းလာအုံးမယ်နော်.... ။

@nweoomon
16-1-2022



0
0
0.000
16 comments
avatar

လူစကား​သင်​ပေးရင်တက်တယ်လို့ ကြားဖူးပါတယ် ဟုတ်လားရှင့်

0
0
0.000
avatar

ဟုတ်ကဲ့။ တတ်တယ်။ အိမ်ကကြက်တူရွေးကတော့ မတတ်ဘူးရယ်။ သင်မှမပေးတာကိုး။

0
0
0.000
avatar

အဲ့ ကြက်တူးရွေးက နေကြာစေ့ကြိုက်သမို့လား။
ငှက်လည် ကြက်တူးရွေး 😁
!PIZZA
!LOL

0
0
0.000
avatar

ဒါပေမယ့် သူက ပွိုင့်တစ်မျိုးပဲစားတာ။ ချေးများတယ်။

0
0
0.000
avatar

သနားလည်း သနား ... ကြက်ကြော်လေးကလည်း ကောင်းလိုက်တာဆိုပဲ... တော်သေးတာပေါ့ ... ဘဲကင် လေး မသနားလိုက်ရလို့..😁😁😁😁😁

0
0
0.000
avatar

ဟီး ဟုတ်ပါ့။ ကိုဟင်ပြောမှ သတိထားမိတယ်။

0
0
0.000
avatar

Congratulations @nweoomon! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 10000 upvotes.
Your next target is to reach 15000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 15
Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

သံယောဇဥ်တွေ အများကြီးပါးလား...

0
0
0.000
avatar

တိရိစ္ဆာန်များ မွေးပီးရင် သံယောဇဉ်တွယ်ရလွန်းလို့ မွေးချင်တော့ဘူး။ !LOL

0
0
0.000
avatar

ဟုတ်တယ်။ ကိုယ့်ဖာသာတောင် သံယောဇဉ်ကင်းအောင် နေနေတာကို

0
0
0.000
avatar

အနှောင်အတွယ်တွေ မမွေးချင်တော့ဘူးဗျာ။ !LOL

0
0
0.000