လူလိမ်အန္တရာယ် သတိထားဖွယ်

avatar

img_0.15683376218818032.jpg

ဒီနေ့ အိမ်ကို မိတ်ဆွေအမတစ်ဦးအလည်လာသည်။ စကားစမြည် ပြောကြရင်းဖြင့် ငွေချေးတဲ့အကြောင်းလေးတွေဆီ စကားရောက်သွားတယ်။ အဲ့အမက ဟိုအရင်ကတည်းက ငွေချေးလေ့ချေးထရှိတတ်တဲ့သူတစ်ဦးဖြစ်တယ်။ သူ့အနေနဲ့လည်း ငွေချေးရမှာပေါ့လေ။ သားသမီးကလည်းများ၊ ယောင်္ကျားရဲ့လစာကလည်း စားလောက်ရုံအပြင် ကိုယ်တိုင်ကလည်း နှစ်လုံး၊ သုံးလုံးလေးကလည်း ဝါသနာပါနေတော့ ပြောရရင် ငွေအမြဲလိုနေသူတစ်ဦးပေါ့။

ကျမတို့အမေလည်း သူ့ကိုငွေချေးဖူးတယ်။ အများကြီးမဟုတ်ပါဘူး။ တစ်ခါချေးမှ နှစ်သောင်းလောက်ပါ။ အဲ့ပိုက်ဆံကို သူက ငွေအနေနဲ့ ပြန်မဆပ်ဘူး။ အမေ့ကိုတွေ့ရင် နှိပ်နယ်ပေးတတ်တော့ နောက်ပိုင်းကျ အမေက အဲ့ငွေကို ဆပ်တော့ ပြန်မယူတော့ဘူး။ နောက်လဲ မချေးတော့ဘူးလေ။ အဲ့လို အဲ့လို။

ခုလဲ မမျှော်လင့်ဘဲ အိမ်ရောက်လာတော့ ပြောကြပြီပေါ့။ ခုဆို ပိုတောင်အဆင်မပြေသေးတယ်။ သူပြောပြလို့ ဖေ့ဘုတ်မှာ ငွေချေးဖို့ကြိုးစားရင်း အလိမ်ခံလိုက်ရတဲ့အကြောင်းလေးသိရလို့ အားလုံးလည်းသိအောင် မျှဝေပေးလိုက်ပါတယ်။

သူကဖေ့ဘုတ်ကြည့်ပေမယ့် ရေရေလည်လည်မသုံးတတ်ပါဘူး။ စာလဲ ရေးတတ်ဖတ်တတ်ရုံပေါ့။ သမီးတွေဖွင့်ပေးတဲ့အကောင့်မှာ တက်လာသမျှကိုကြည့်ရင်းနဲ့ ပြီးခဲ့တဲ့လလောက်က ငွေချေးတဲ့အကောင့်တစ်ခုတက်လာတာ တွေ့လိုက်ရတယ်။ ကိုယ်တိုင်ကလည်း သိပ်ပြီးအဆင်မပြေတဲ့သူ၊ စပ်ကလဲ စပ်စုဆိုတော့ သူ့အကောင့်ထဲ ဝင်ကြည့်ရင်း ချေးငွေချပေးထားတဲ့သူတွေကို တွေ့လိုက်ရတယ်။

အဲ့ဒီပိုစ့်တွေရဲ့အောက်မှာ ငွေချေးပေးလို့ ကျေးဇူးတင်ကြောင်း၊ အလုပ်တွေ ကြိုးကြိုးစားစားလုပ်နေရင်း ချေးငွေပြန်ဆပ်ဖို့ ကြိုးစားနေတဲ့ကွန်မန့်တွေ ဖတ်လိုက်ရပါတယ်တဲ့။ ကျမလဲ သိလိုက်ပြီ။ အဲ့အမ ငွေလိမ်ခံရတော့မယ်ဆိုတာ။ ထင်တဲ့အတိုင်း ပဲ။ သူကဆက်ပြောလာပါတယ်။

ချေးငွေချပေးတဲ့ သူတွေကို မြင်လိုက်တော့ သူလဲ ငွေချေးချင်လာပါတယ်တဲ့။ ဒါနဲ့ ငွေချေးချင်တဲ့အကြောင်း ကွန်မန့်မန့်လိုက်တော့ cb လာဖို့ခေါ်ပါသတဲ့။ ကျမတို့ ဇာတ်လိုက်အမကြီးဟာ ရိုးအလွန်းတော့ cb ဆိုတာ နှစ်ဦးစကားပြောတဲ့အရာလေးမှန်းသိပေမယ့် သူ့ခမျာ မသွားတတ်ရှာဘူး။

သမီးတွေကို cb ဘယ်လိုသွားရမလဲ မေးတော့ သမီးတွေက သူ့ဖုန်းမှာ မက်ဆင်ဂျာထည့်ပေးလိုက်တယ်။ ပြီးတော့ ဘယ်လို သုံးရတယ်ဆိုတာလည်း သင်ပေးလိုက်တယ်တဲ့။ cb ကို ဘာ့ကြောင့်ထည့်ခိုင်းတာလဲဆိုတာ သမီးတွေကမမေးတော့ သူလဲအဲ့လိုငွေချေးမယ့်အကြောင်း မပြောလိုက်ဘူးတဲ့။

ဒီလိုနဲ့ cb ကနေ ငွေချေးမယ့်အကြောင်းပြောလိုက်တော့ တဖက်က ဘယ်လောက်ချေးမှာလဲ။ သူတို့က ဆယ်သိန်းကနေ သိန်းတစ်ရာအထိ တစ်ကျပ်အတိုးနဲ့ချေးမယ်။ မိမိချေးတဲ့ ပမာဏပေါ်မူတည်ပြီး အာမခံအနေနဲ့ တစ်သိန်းအရင်လွှဲပေး ရမယ်။ အဲ့တစ်သိန်းကလည်း အပေါင်သဘောနဲ့ ယူထားတာ ဖြစ်ကြောင်း လကုန်ရင် ပြန်လွှဲပေးမှာဆိုပြီး ယုံလောက်အောင်ပြောတယ်။

ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ အဲ့အမက အတိုး ကလည်းသက်သာတယ်ဆိုပြီး ဆယ်သိန်းချေးမယ်လို့ပြော လိုက်တယ်တဲ့။ အဲ့ဒီတော့ အဲ့ဒီငွေချေးတဲ့ပေ့ချ်က အိမ်ထောင်စု ဇယားရယ်၊ မှတ်ပုံတင်ရှေ့နောက်ဓာတ်ပုံရယ်၊ အမြဲကိုင်နေတဲ့ ဖုန်းနံပတ် ရယ်တောင်းတယ်။

နောက်တော့ ငွေတစ်သိန်းကို wave money နဲ့ ချက်ချင်းလွှဲ ခိုင်းတယ်။ ပက်စ်ဝက်လဲ သူတို့ပြောသလို ထားပေးရတယ်။ ငွေလည်းလွှဲပြီးရော သူ့ဖုန်းကိုရော၊ သူ့အကောင့်ကိုပါ ဘလော့ သွားတယ်တဲ့။ အ,လွန်းတဲ့ အဲ့အမက သူ့ဖုန်းကို ဘလော့လို့ ဘလော့လိုက်မှန်းမသိဘူး။ ငွေလွှဲပြီးမှ သူ့သမီးကို ဒီလိုဒီလို ဖြစ်ကြောင်းကုန်စင် ပြောပြတော့မှ လိမ်ခံရမှန်းသိတယ်။

အဲ့နေ့က သူတို့လင်မယားလည်း အကြီးအကျယ် ရန်ဖြစ်ကြသတဲ့။ ဘာလို့လဲဆို ချေးငွေလုပ်ငန်းက ပိုက်ဆံရမယ်မှတ်လို့ အဲ့ဒီတစ်သိန်းကို သူများဆီကချေးပြီး လွှဲလိုက်တာလေ။ ခုတော့ ဖွတ်မရ ဓားမဆုံးပေါ့။

ခုခေတ်မှာ လူလိမ်တွေများသလို လိမ်နည်းလည်း မျိုးစုံရှိပါတယ်။ လိမ်တယ်ဆိုတာ အလိမ်ခံတဲ့သူရှိလို့လိမ်တာ။ ဘာလို့ အလိမ်ခံရတာလဲဆိုတော့ မတန်တဆလောဘရှိလို့။ တချို့ကျ တော့လည်း ကိုယ်တိုင်ကခက်ခဲလွန်းလာတဲ့အခါ လိမ်တာကို လိမ်မှန်းမသိအောင် ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံး ပဲ သတိထားမိနိုင်အောင်လို့ ပိုစ့်ရေးပြီး မျှဝေပေးလိုက်ပါတယ်။

@nweoomon
28-1-2022



0
0
0.000
14 comments
avatar

လောဘ ရှိသွားရင် လိမ်ရတာ လွယ်သကိုး။
!PIZZA
!LOL

0
0
0.000
avatar

အမှန်တော့ အဲဒီ လိမ်နည်းတွေက ရိုးနေပါပြီ... အစ်မကြီးကိုယ်တိုင်က On line ဗဟုသုတ နည်းလို့ ဖြစ်ရတာပါ။ အမှန်ဆိုရင် အခြား တယောက်ယောက်နဲ့ တိုင်ပင်လိုက်ရင် ဒီလို ဖြစ်မယ် မဟုတ်ဘူး။

0
0
0.000
avatar

ဟုတ်တယ်။ သူကဘယ်သူ့မှမပြောလို့

0
0
0.000
avatar

အင်း online မှာ လိမ်နည်းမျိုးစုံရှိနေတာ သိထားသင့်ပါတယ်။...!LOLZ

0
0
0.000
avatar

သူကပဲ သတိမထားမိတာ။

0
0
0.000
avatar

လူလိမ်ကတော့ ခေတ်အဆက်ဆက် မကုန်နိုင်ဘူးဗျ လူတွေလောဘရှိနေသရွေ့ လိမ်လို့ကောင်းနေကြမှာ။ !LOLZ

0
0
0.000
avatar

အဲ့လို ပိုလ့်​တွေ fbမှာ ခဏခဏ​တွေ့တယ် လိမ်နည်းတစ်မျိုးပဲ

0
0
0.000