ဖိုက်တင်းလို့ပြောပေး

avatar

img_0.7524456834195228.jpg

မနေ့က မနက်ငါးနာရီခွဲကတည်းက ပျက်သွားတဲ့ မီးဟာ သူများအိမ်တွေ လာလို့လည်း ကိုယ့်အိမ်မလာပေ။ တစ်နေကုန်မီးပျက်နေသည်။ မီးလာလျှင် ပိုစ့်တင်ဖို့စဉ်းစားထားတာ လေးတွေတောင် တစ်နေကုန်မီးပျက်နေတာနှင့် စာရေးဖို့စိတ်မပါတော့ပေ။ ထို့ကြောင့် မနေ့က ပိုစ့်တင်ဖို့ ပျက်ကွက် ခဲ့ရသည်။

ဒီနေ့ကျတော့ ထုံးစံအတိုင်းမီးပျက်ပေမယ့် ပြန်လာသည်။ သို့သော် စာရေးချင်စိတ်မရှိ။ ဘာရေးရမှန်းမသိ။ စိတ်ထဲမှာ ဟင်းလင်းပြင် ဖြစ်လို့နေသည်။ လမ်းပျောက်သလိုခံစားရသည်။ ဒေါသထွက်သလိုလို တစ်စုံတစ်ယောက်ကို ရန်လုပ်ချင်နေသည်။ စိတ်ထဲမှာမကြည်လင်။ ဘာကိုစိတ်တိုင်းမကျလဲလို့ ကိုယ့်ဖာသာ ဆန်းစစ်ကြည့်လိုက်တော့ မီတာခဆောင်ခိုင်းတာက ဇာတ်လမ်းစသည်။

တစ်နေ့က လူတစ်ယောက်က မီတာခစာရွက်တွေ လာပေးသည်။ ကိုယ်တွေက အရင်(၆)လစာတောင်မဆောင်ရသေး နောက်ထပ် (၃)လစာလာပေးခြင်းဖြစ်သည်။ ဒီတစ်ခေါက်ကျ မီတာဆောင်မည့် သူတွေ များသည်။ ကိုယ့်အနီးအနားဝန်းကျင်က လူတွေက သွားဆောင်ကြသည်များရှိသည်။ မြို့ထဲမှာလည်း မီတာခမဆောင် လို့ မီတာပုံးများရိုက်ခွဲသည်၊ ဖြုတ်သွားသည်ဟု သတင်းတွေလည်း ထွက်နေသည်။

ကိုယ်သိသမျှတစ်ချို့ကိုလည်း မေးကြည့်တော့ သူတို့တွေလည်း ဆောင်ကြမည့်အကြောင်းသိရသည်။ စိတ်ထဲမှာတော့ သူတို့တွေကိုလည်း မဆောင်စေချင်။ ဒါပေမယ့်လည်း ကိုယ့်အိမ်တောင်မှ ပြောမရတာ သူများကို တားဖို့ရာမဖြစ်နိုင်။ မနေ့ကတစ်ရက်မီးမလာလို့တောင်မှ ဘယ်လောက်ဒုက္ခရောက်တာ ကိုယ်ပဲသိသည်။ အင်း…သူတို့အာဏာစက်မှ မကင်းဘဲကိုး။

မြို့ထဲသွားတော့လည်း အရာရာဟာ ပုံမှန်ဖြစ်နေသည်။ ဖေ့ဘုတ်က သတင်းတွေကြည့်တော့လည်း အားရှိသလိုလို။ တကယ့်လက်တွေ့ မှာတော့ နေရာတကာကြောက်နေရသည်။ ခိုးမှု၊ လုယက်မှုတွေက လည်းနေရာအနှံ့။ ဟိုလူကြီးကတော့ ဘာတွေဘယ်လိုဖြစ်ဖြစ် အမိန့်တွေ ညွန်ကြားချက်တွေ တစ်မျိုးပြီးတစ်မျိုးထုတ်လို့သာနေသည်။

ဒီကြားထဲ တစ်နေ့က မြေးကလေးရဲ့ ဆွဲကြိုးလေးပျောက်သွားသည်။ ကလေးဆိုတော့ ဗြောင်းဆန်အောင်ဆော့တော့ မအေကရေချိုးပေးမှ သူ့ဆွဲကြိုးကို ပျောက်မှန်းသိသည်။ ပျောက်တာသိသိချင်း အိမ်နီးချင်းတွေအကုန် ဝိုင်းရှာပေးကြပါသည်။ မတွေ့တော့ပေ။ သူ့အဖေနှင့် အဖိုးတို့က ဆွဲကြိုးပျောက်လို့ ကလေးကိုမဆူရန် ကျမကနေတဆင့် သူ့အမေကို လှမ်းတားကြသည်။

စိတ်ညစ်ပါသည်ဆိုမှ ဒီနေ့အသိတစ်ယောက်က ဖုန်းဆက်လာသည်။ ကျမတို့ရဲ့နေအိမ်များကို သူတို့သော့တွေဖြင့် ထပ်ခတ်လိုက်သည်တဲ့။ ကျမအခန်းက ပစ္စည်းတွေအကုန်သယ်ပြီးဖြစ်ပေမယ့် တချို့သူတွေရဲ့ အခန်းမှာ အကုန်မသယ်ရသေးပေ။ ထိုပစ္စည်းများကို သယ်ချင်လျှင် သူတို့ကို ပြောမှသာ သူတို့ခတ်ထားသော သော့ကို လာဖွင့်ပေးမည်ဆိုပြီး နောက်ဆက်တွဲထပ်ပြီး ဖုန်းဆက်လာတော့ တစ်ခါစိတ်ဆိုးရပြန်သည်။

စိတ်မကောင်းဖြစ်ရတဲ့ နောက်တစ်ချက်က ကိုယ့်အနီးပတ်ဝန်းကျင် မှာရှိနေတဲ့ ကျူးကျော်အိမ်တွေကို ဖျက်နေသောကြောင့်ဖြစ်သည်။ ဟိုအရင် လက်ထက်တုန်းကလည်း ထိုကျူးကျော်များကို ရှင်းလင်းရန် ကြိုးစားကြသေးသည်။ ထိုစဉ်တုန်းကတော့ ကျူးကျော်မှာနေထိုင်သူများက အိမ်များကို မဖျက်ရန် ဆန္ဒပြကြသေးသည်။ ယခုတော့ ဆန္ဒပြဖို့နေနေသာသာ မဖျက်လျှင် ဘူဒိုဇာဖြင့် ထိုးပြီး ဖျက်သွားသဖြင့် တချို့လူတွေ ငိုကြယိုကြဖြင့် စိတ်မကောင်းဖြစ်ရသည်။

တချို့ကအမှန်တကယ်နေစရာမရှိသောကြောင့် ကျူးရခြင်းဖြစ် သော်လည်း တချို့ကကျ ဝယ်ရောင်းလုပ်ရန် သပ်သပ်ကို ကျူးကျော် တွင် နေကြခြင်းဖြစ်သည်။ အိမ်တွေဖျက်၍ ပစ္စည်းတွေ အဆောတလျင်သယ်ကြ၊ ရွှေ့ကြနှင့် ကမ္ဘာပျက်နေချိန် တချို့တွေက တော့ သူများအပူကို ခုတုံးလုပ်၍ စီးပွားရှာနေကြသူတွေလဲရှိသည်။

မိမိအနေဖြင့် မြင်ရကြားရသမျှအပေါ် စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်ရသည်။ ကိုယ်တတ်စွမ်းသမျှတော့ အစွမ်းကုန်စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ ဟိုလူကြီးတို့မှအပ အားလုံးကို ယခုထက်ပို၍ မဆုံးရှုံးစေချင်တော့ပေ။ ယခုပိုစ့်ကိုဖတ်ရသည်မှာ အဆီအငေါ်တည့်ချင်မှ တည့်ပေမည်။ အဆုံးထိဖတ်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

@nweoomon
15-1-2022



0
0
0.000
16 comments
avatar

ဒီ​ခေတ်​မြေ​စျေး အိမ်​ဆောက်ခနဲ့ အိမ်တစ်လုံးဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး ​နေ့စဥ် ဝမ်းစာအတွက်​တောင် မနည်းရုန်းကျရတာဆို​တော့ စိတ်မ​ကောင်းပါဘူး အားလုံးအတွက် ဖိုက်တင်းပါ အမ!LOL!PIZZA

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@suhlaing, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ဟုတ်ကဲ့။ ကျေးဇူးပါ

0
0
0.000
avatar

စိတ်မကောင်းဖြစ်ရပါတယ်။ အခုလို မိုးရ‌ွာနေချိန်
အိမ်မရှိ ယာမရှိ သူရို့ဘဝတွေ ဘယ်လောက်များစိတ်ထိခိုက်ရှာကြမလဲ။
!PIZZA
!LOL

0
0
0.000
avatar

ဟုတ်တယ်။ အဲ့ဒါမျိုးတွေးတွေးမိရင် ပိုစိတ်မကောင်းရ

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nweoomon (x1)
@nyimwa(4/5) tipped @nweoomon (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

Fighting လို့ပဲ ပြောပါရစေ.. ခုနောက်ပိုင်းတော့ အဲသလို အဖြစ်အပျက်တွေ ပို ဆိုးလာဖို့ပဲ ရှိတယ်... အားတင်းထား... တယောက်တည်း မဟုတ်ဘူး... သန်း ၅၀ သော ပြည်သူတွေ အကုန်လုံး

0
0
0.000
avatar

ဟုတ်တယ် အခြေအနေတွေက ပို ပိုပြီး ခက်ခဲလာတာ။ကြိုးစားဖြတ်ကျော် ကြရမှာပါ...!LOLZ

0
0
0.000
avatar

ဟုတ်တယ်နော်

0
0
0.000
avatar

ဖတ်ရတာ စိတ်မကောင်းလိုက်တာဗျာ-- ဖိုက်တင်းလို့ပဲ ပြောခဲ့ပါ့မယ်။ !PIZZA

0
0
0.000