ဟိုက်လဘော့ချိန်းပေါ်မှ သတင်းကောင်းများ

avatar

nyimwa_hive_cover_photo_copy.jpg

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

ဒီကနေ့တော့ ကျွန်တော်များ ဟိုက်ဘလော့ချိန်းပေါ်တွင်ရှိ ဟိုက်ယူဆာများအတွက် သတင်းထူး၊ သတင်းကောင်းများနှင့် ပြည့်လို့နေတော့သည်။

ထိုသတင်းကောင်းများမှာတော့- အကိုဟင်၏ ပိုစ်များကိုဖတ်ကာ သိလိုက်ရသည်။ SPK Network အကြောင်း၊ Web-3 ဆိုသည့် အကြောင်းများကို ဖတ်ရှုရပီးနောက် ကျွန်တော်တို့ ဟိုက်ဘလော့ချိန်းကြီးသည် ပို၍အသက်ဝင်လာသော ခံစားချက်ကို ရရှိလိုက်သည်။

နက်ဝါတ်တွေအကြောင်း၊ ဘလော့ချိန်းအလုပ်လုပ်ပုံအကြောင်းများကို ယခင်ကထက်ပို၍သိခွင့်ရလိုက်သည်။ ဒီနောက်တော့ ကျွန်တော်သည်လည်း ခေတ်နောက်ကျ မကျန်ခဲ့လေအောင် Web-3 Protocol App လေးအား ဒေါင်းလုတ်ဆွဲကာ အကောင့်ဖွင့်ထားလိုက်ရတော့သည်။

SPK Network သည် ဟိုက်ဘလော့ချိန်းအား အရှိန်ပြင်းပြင်းနှင့် လေဟုန်ခွင်းတော့မည့် မြင်းရိုင်းတစ်ကောင်အား လက်တို့ပေးလိုက်သလိုဖြစ်လာပေတော့မည်။ ထိုသို့ဖြစ်လာလျင် ကျွန်တော်များ မြန်မာကွန်မြူနတီအဖွဲ့သားများ အမီလိုက်နိုင်အောင် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ကြပါသည်။

LARYNX mining token Airdrop ချပေးလာပါက ဗဟုသုတနှင့် နည်းပညာကြွယ်ဝသူများကတော့ Desktop Computer / CPU / GPU ကောင်းကောင်းဖြင့် Mining လုပ်နိုင်ကြပါသည်။

SPK Network အသက်ဝင်လာသည်နှင့် Peerplays DEX ဟူသော Decentralised Exchange Site တခုလည်း အသက်ဝင်လာဦးမည်ဟုဆိုထားပြန်ရာ အချိုပေါ်သကာဆင့်သလိုဖြစ်ရပြန်သည်။ ထိုExchange Site သာ အသက်ဝင်လာလျင် ကျွန်တော်တို့သည် One Stop Marketပေါ်ရောက်သွားသလိုဖြစ်လာပေမည်။ တစ်နေရာတည်းတွင် အလုံးစုံသော Currency များအပြင် Tokenများပါ ရောင်းဝယ်ပြုလုပ်နိုင်ခြင်းသည် ကောင်းလေစွ ကောင်းလေစွဟု ပြောသည်ပင် မလုံလောက်အောင် ကောင်းလွန်းနေမည်ဖြစ်သည်။

နောက်သတင်းကောင်းတစ်ခုကတော့ Hive Community တွင် အခြေပြုထားသော Project တခုဖြစ်သည့် Ragnarok Game အကြောင်းဖြစ်သည်။ ထိုဂိမ်းသည်လည်း လွန်ခဲ့သည် တစ်လလောက်ကတည်းက ဟိုက်ဘလော့ချိန်းပေါ်တွင် အသံသဲ့သဲ့ကြားလိုက်သည်။ ယခုတွင်တော့ ကြော်ငြာများထွက်လာပီဖြစ်သည့်အတွက် အသက်ဝင်လှုပ်ရှားလာပီဟု ယူဆရတော့မည်။

ထို ဂိမ်းသည် NFT အခြေခံ card Game အမျိုးအစားဖြစ်သည်။ သို့သော် တမူထူးသည်က စစ်တိုက်သော ဂိမ်းဖြစ်သော်လည်း NFT card Game ဖြစ်နေသည်။ ထို့ပြင်သူ၏ အခြေခံ နည်းပညာမှာ စစ်တုရင်ကစားသည့် ကစားနည်းများပေါ်တွင် အခြေခံအချက်များ ပါဝင်နေသည့်အကြောင်း ဂိမ်းအကြောင်းရှင်းပြထားသည်ကို တွေ့ရသည်။

ထိုဂိမ်းအကြောင်းကို အသေးစိတ်သိရှိလိုပါက အောက်ပါလင့်တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
ref link : Ragnarok - Game Design Document

ဤဂိမ်းသည်လည်း ဟိုက်ဘလော့ချိန်းပေါ်ရောက်လာလျင် မိမိတို့ ပါဝါများနှင့် အချိုးတစ်ခုနှုန်းထားကာ Airdropရရှိအုန်းမည်ဆိုတော့ Hive-Gamerများ သွားရည်ကျနေကြလောက်သည်။

ယခုလို ၂၀၂၂ ၏ နှစ်ဦးအစကို သတင်းကောင်းများဖြင့် အရှိန်အဟုန်ကောင်းကောင်းတာထွက်လာသော ဟိုက်ဘလော့ချိန်းအား ပို၍ယုံကြည်အားကိုးသလို ခံစားလာရသည်။ ဟိုက်ဘလော့ချိန်းကြီး အဓွန့်ရှည်ပါစေ။ ဟိုက်တိုကင်ဈေးများ To the Moon ဖြစ်ပါစေလို့ ကျွန်တော်၏ နှစ်သစ်အတွက် ဆုတောင်းများထပ်၍တိုးလာပါသည်။

မည်သို့ပင်ဆိုစေ ကျွန်တော်တို့သည် ဟိုက်ဘလော့ချိန်းကြီး၏ ရေအလျင်ကြောတွင် စီးမျောလိုက်ပါရင်း တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝတွင် တိုးတက်မှုများကို မျှော်မှန်းနိုင်ကြမည်ဖြစ်သည်။ ထို့အတွက်လည်း မိမိတို့ဖက်မှ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ထားကြစေရန် တိုက်တွန်းရင်း ကျွန်တော်၏ ပိုစ်အား နိဂုံးချုပ်လိုက်ပါသည်။

ဟိုက်ဘလော့ချိန်းကြီး တိုးတက်အောင်မြင်ပါစေ။
မြန်မာဟိုက် အဖွဲ့သားများအားလုံး တိုးတက်အောင်မြင်ကြပါစေ။

@nyimwa

mwa_leaderboard_728x90_px_2_.jpeg



0
0
0.000
14 comments
avatar

အမှီလိုက်နိုင်အောင်သာ အားမွေးထားပါ။ !LOL !PIZZA

0
0
0.000
avatar

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 150 posts.
Your next target is to reach 200 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 3
Happy New Year - Feedback from the first Hive Power Up Day of 2022
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

စိတ်ဝင်စားနေတာ အဲဒီ့ဂိမ်းကို
!LOLZ

0
0
0.000
avatar

ဟုတ်တယ် Gamer တွေအားလုံး စိတ်ဝင်စားနေကြတာ ။ !LOL

0
0
0.000
avatar

ပြတ်မကျန်ခဲ့ဖို့ အရေးကြီးတယ်။ !PIZZA

0
0
0.000
avatar

မကျန်ရစ်အောင် အမီလိုက်နေရတာ ကိုဟင်ရေ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped nyimwa (x1)
nyimwa tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
nyimwa tipped nyinyiwin (x1)
@nyimwa(5/5) tipped @uthantzin (x1)

Join us in Discord!

0
0
0.000
avatar

ကျနော်သွားကြည့်ပြီးပြီ။ နားမလည်လို့ပြန်လာခဲ့တယ်။ 😔😔

0
0
0.000
avatar

ကျနော်လဲ အစက နားမလည်ဘူး ဘာသာပြန်အကူညီနဲ့ နဲနဲ နားလည်သွားတယ် :D !LOL

0
0
0.000
avatar

ဝမ်းသာစရာများနဲ့အတူ SPK Network အောင်မြင်သွားရင်ဖြင့်....!PIZZA

0
0
0.000
avatar

SPK network က အောင်မြင်မယ်လို့ ဘုံကြည်မိတယ်။ !PIZZA

0
0
0.000