ကျွန်တော်၏ Hiveပျိုးခင်း

မဂ်လာပါ Hive အဖွဲ့သားတို့ခင်ဗျား။

nyimwa_hive_cover_photo.jpg

ဒီနေ့တော့ ကျွန်တော် စာများများ မရေးနိုင်ဖြစ်၍နေရသည်။ နေ့စဉ်အလုပ်ကလေးများ လုပ်နေရသဖြင့် အားလပ်ချိန်ကို လုယူနေရသည်။ Hive ပလက်ဖောင်းပေါ် အေးအေးဆေးဆေး ပိုစ်တင်နိုင်သည့်အချိန်မှာ ကျွန်တော့အတွက် ညပိုင်းသို့ ရောက်နေပါပီ။

ကျွန်တော် အွန်လိုင်းပေါ်ရောက်သည်နှင့် အရင်ဦးဆုံးလေ့လာမိသည်က Hive Token ဈေးနှုန်းပင်ဖြစ်သည်။ ယမန်နေ့များမှစ၍ Hive ဈေးနှုန်းသည် သိသိသာသာ တက်လာနေကြောင်း Hive ပလက်ဖောင်းရှိ မီဒီယာပေါင်းစုံတွင် လူပြောများနေသော အကြောင်းအရာတစ်ခုဖြစ်နေပေသည်။

chart.jpg

hive_prize.jpg
( Photo are Screen shoot from CoinmarketCap )

ကျွန်တော်ပျော်ရပါသည် အဘယ်ကြောင့်ဟူမူကား ကျွန်တော်တို့လို အကောင့်သေးလေးများသည် ပါဝါများသူတို့အား မှီခိုနေရသောကြောင့်ဖြစ်သည်။ Hiveဈေးနှုန်းတက်လာပါက မိမိတို့ ပိုစ်များသည် ဘုတ်ပါဝါအတူတူ ပေးသည်ဆိုအုန်း ရရှိလာသော ဘုတ်တန်ကြေးကား မတူတော့ချေ ပိုစ်တစ်ခုတိုင်းတွင် ဘုတ်တန်ကြေးပို၍ရရှိလာသောကြောင့်ဖြစ်သည်။ ယခင်က 1$လောက်သာရသော ပိုစ်သည် ယခုအခါ 2$ခန့်တော့ အသာလေးရလာနေသည်။

ထို့ကြောင့် ကျွန်တော်တို့အားလုံး Hive ဈေးနှုန်းတက်လာခြင်းအား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီအနေဖြင့် နှစ်ဦးနှစ်ဘက် ပျော်ကြရသည်။ Hive ပလက်ဖောင်းကြီးသည်လည်း ဒီထက်မက တိုးတက်ထွန်းကာလာမည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိခံစားလို့ ရနေပေသည်။

သို့နှင့် ကျွန်တော်သည်လည်း မိမိ၏ Hive ပျိုးခင်းလေးအား Hive-engine တွင် သွားရောက်ကြည့်ရှုခြင်းပြုမိသည်။ အကယ်၍ hive-engine wallet တွင် တိုကင်လေးများ စုမိဆောင်းမိ ရှိနေပါက အကျိုးရှိစေရန် Stakeပြုလုပ်ထားလိုသောကြောင့်ဖြစ်သည်။

hive_engine_wallet.jpg

( Above image is screen shoot from Hive-engine wallet )

Hive-engine wallet တွင် ကျွန်တော်၏ စုဆောင်းမိနေသော တိုကင်လေးများအား Stake ပြုလုပ်ခွင့်ရရှိသည်တို့အား Stake ပြုလုပ်ကာ ဆက်လက်၍ ရေလောင်းပေါင်းသင် အားဖြည့်ပေးခဲ့ပါသည်။ မိမိ၏ အကောင့်သည် သေးငယ်သော်လည်း နောင်တစ်ချိန်တွင် တိုကင်များစွာ ဆုဆောင်းမိနေသော wallet တစ်ခုဖြစ်လာတော့မည်ဟု ကျွန်တော် စဉ်းစားရင်း ပျော်နေမိပါသည်။

archon.jpg

hivelist.jpg

pob.jpg

tix_stake.jpg

waivo.jpg

(Above images are screen shoot from Hive-engine wallet )

ကဲ ဒီနေ့တော့ ကျွန်တော်၏ Hive ပျိုးခင်းလေးအကြောင်း တင်ပြရင်း ကျွန်တော့ပိုစ်အား တစ်ခန်းရပ်ပါဦးမည်။

Hive မိတ်ဆွေအပေါင်း ကျန်းမာရွှင်လန်းကြပါစေ။

@nyimwa



0
0
0.000
16 comments
avatar

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 80 posts.
Your next target is to reach 90 posts.
You distributed more than 900 upvotes.
Your next target is to reach 1000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 21
0
0
0.000
avatar

Good ဗျ ပျိုးခင်းလေး တိုးတက်လာပီ။ !LOLZ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
sheinthu tipped nyimwa (x1)
@kachinhenry(19/20) tipped @nyimwa (x1)
nyinyiwin tipped nyimwa (x1)

Join us in Discord!

0
0
0.000
avatar

ပျိုးခင်းလေးကြည့်ပြီး စိတ်ချမ်းသာသပ။
!LOLZ

0
0
0.000
avatar

ဟုတ်တယ် စိတ်ချမ်းသာနေတာ !LOLZ

0
0
0.000
avatar

I don't think the flounder I caught today was very happy with me.
He kept looking at me kinda sideways.

@htwegyi, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

0
0
0.000
avatar

ဟုတ်တယ် ကွီးရွေ ပျိုးခင်းလေးကလည်း ရွှေလက်ရာတွေနဲ့အတူ များမကြားမှီ အပွင့်ဖားဖားလန်လန်းကြီးတွေ ရှုးစားရတော့မှာ။!PIZZA

0
0
0.000
avatar

ဝမ်းသာရပီလေ !LOLZ

0
0
0.000
avatar

What's the difference between a taxidermist and a tax collector?
A taxidermist takes only your skin.

@sheinthu, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

0
0
0.000
avatar

ရေလောင်း ပေါင်သင်သာ ပြုလုပ်ပေးပါ.... အသီးအပွင့်တွေ ဝေဆာလာပါလိမ့်မယ်။ !PIZZA. !LOL

0
0
0.000
avatar

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်ရေ ကြိုးစားနေပါတယ်ဗျ။ !LOLZ

0
0
0.000