ကျွန်တော်နှင့် ဟိုက်ပျိုးခင်း တိုကင်လေးများ

avatar

nyimwa_hive_cover_photo.jpg

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

ယနေ့တော့ ပုံမှန်လိုင်းတက် လာနိုင်ခဲ့ပါပီ။ ယခင်နေ့များဆီက ဟိုက်မှာ ရောက်ကာမှ စာလေးများ ပုံမှန်ရေးတော့မည်ဟု စိတ်ကူးထားသည့် စိတ်ကူးလေးများ ပျက်စီးရပြန်သည်။

အခြားသော အကြောင်းများကြောင့်တော့ မဟုတ်ချေ။ အလုပ်ချိန်၊ စာရေးချိန်တို့အား ပုံသေသတ်မှတ် မပေးနိုင်သလို အင်တာနက်နှင့် လျပ်စစ်မီးတို့က စိတ်မထင်လျင် မထင်သလို ဖြတ်ချထားကြ လေသောကြောင့် ကျွန်တော်များမှာ ကျောက်ခေတ်ကို ပြန်ရောက်နေကြသည့်အလား ဖြစ်နေကြရသည်။

သို့သော်လည်း ယခင်နေ့များဆီက ဟိုက်ဘလော့ချိန်းဂိမ်းများ အကြောင်းကိုတော့ တစ်နေ့တစ်ပုဒ် တင်ဖြစ်နေသည်။ ဂိမ်းပိုစ်များ ရေးရန်အတွက်တော့ လွယ်ကူနေသည်လားဟု မေးစရာပင်။ ဟုတ်ကဲ့ လွယ်ပါသည်ဟုပင် ဖြေရပေတော့မည်။

မတတ်တခေါက် အဂ်လိပ်စာလေးများအား ကြိုးတို့ကြဲတဲ စာစီပီး ဂိမ်းပုံလေးများဖြင့် စာစီရသည်မှာ အချိန်အားဖြင့် သိပ်မကုန်ပါ။ သို့ဖြစ်၍ လျပ်စစ်မီး လာသည့်အချိန်တွင် ဂိမ်းပိုစ်လေး အမြန်တင် ပီးလျင် မိတ်ဆွေတို့၏ ပိုစ်များအား ဖတ်ရှုအားပေးခြင်း၊ ဘုတ်ကွန်မန့်များ ပေးခြင်းစသည်တို့ ပြုလုပ်ပီးလျင် အနားယူရတော့သည်။

ယနေ့တွင်တော့ လျပ်စစ်မီးက သဘောကောင်းနေသည်ထင့် တစ်နေကုန်လာပေးနေသည်။ သို့နှင့် ကျွန်တော်၏ ဤပိုစ်လေးအား ရေးဖြစ်အောင်ရေးပီး တင်နိုင်လိုက်ပါ၏။

ပိုစ်ရေးတင်သည်ဆိုတော့ မည်သည့်အကြောင်းမှ ရေရေရာရာမရေးနိုင် သို့နှင့် ကျွန်တော်၏ ဟိုက်အင်ဂျင်တွင်ရှိသော တိုကင်လေးများကို သွားရောက်ကြည့်ရှုပီး ရေလောင်းပေါင်းသင် ပြုသည့်အကြောင်းကိုသာ ရေးသားလိုက်ရတော့သည်။

ဒီနေ့ ကျွန်တော်၏ ဟိုက်အင်ဂျင်တွင် ရရှိနေသော တိုကင်အစုစုတို့အား နည်းများမဟူ ချေးများဈေးဆစ်မနေတော့ပဲ ရှိရှိသမျှတို့အား Stake ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

wallet.jpg

ပထမဆုံးတွေ့သည်က Oneup တိုကင်လေးများဖြစ်၏။ သူကတော့ ဂိမ်းပိုစ်များရေးလျင် oneup tagအား ထည့်သွင်းခဲ့သည့်အတွက် ရရှိလာသော တိုကင်လေးများဖြစ်သည်။ မားကက်တွင် ဘယ်ဈေးပေါက်လို့ ဘယ်လောက်တန်သည်ကိုတော့ နောင်များတွင်မှ လေ့လာတော့မည်။ သူတို့လေးတွေအား အအားမနေရလေအောင် Staek ပြုလုပ်ထားလိုက်သည်။

1up.jpg

နောက်ထပ် တိုကင်လေးများကတော့ Cent ,Tix ,Pob, WAIV, SPT, CCC, NEOXAG နှင့် WIT စသည်တို့ဖြစ်သည်။ အခြားသော တိုကင်များကိုလည်း အလားတူ Stake ပြုလုပ်ခဲ့သည်။ စာရှည်မည်စိုး၍ မဖော်ပြတော့ပဲ ချန်လှပ်ထားခဲ့ပါသည်။

tix.jpg

wit.jpg

ကျွန်တော်၏ ဟိုက်အင်ဂျင်ရှိ တိုကင်လေးများ၏ စုစုပေါင်း တန်ကြေးမှာ များပြားလှသည်မဟုတ်သော်လည်း တစ်နေ့တလံ ပုဂံဘယ်ပြေးမလဲ ဆိုသည့်စကားအတိုင်း အချိန်တစ်ခုရောက်လျင် ကျွန်တော်၏ ဟိုက်တိုကင်ပျိုးခင်းလေးသည် စိမ်းစိုသာယာ ဝေဖြာလာမည်ဟု ယုံကြည်နေမိပါသည်။

မြန်မာဟိုက်အဖွဲ့သားများ တိုးတက်ထွန်းတောက်နိုင်ကြပါစေ။

@nyimwa
17.1.2022



0
0
0.000
18 comments
avatar

လုပ်ထားအစ်ကို...နောင်တစ်ချိန်အတွက်ပေါ့...!LOLZ

0
0
0.000
avatar

ဟုတ်တယ် နောင်တစ်ချိန်အတွက် ကြိုးစားနေရတာ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@nyimwa(5/5) tipped @naythan (x1)
kachinhenry tipped nyimwa (x1)
nyinyiwin tipped nyimwa (x1)
nyimwa tipped kachinhenry (x1)
nyimwa tipped myothuzar (x1)
nyimwa tipped uthantzin (x1)
nyimwa tipped suhlaing (x1)
myothuzar tipped nyimwa (x1)
nyimwa tipped nyinyiwin (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ဒီလိုပဲ ဖြေးဖြေးစုရတာပေါ့။ !PIZZA

0
0
0.000
avatar

ရှာဖွေ စုဆောင်း သူဌေးလောင်းတဲ့

!PIZZA

0
0
0.000
avatar

ဟုတ်ပဗျာ စုဆောင်းနေရတယ်ဗျို့။ !PIZZA

0
0
0.000
avatar

ဖြည်းဖြည်းချင်းလှမ်းရင်းနဲ့ ပန်းတိုင်​ရောက်မှာပါ

0
0
0.000
avatar

ဟုတ်တယ် ခုနေတော့ ဖြည်းဖြည်းချင်း လှမ်းနေရတာပဲဗျာ။ !PIZZA

0
0
0.000
avatar

လိုချင်တဲ့ token လေးတစ်ခု​ စုနေတယ်အကို
!LOLZ

0
0
0.000
avatar

ကောင်းတယ်ဗျာ အဲလိုစုထားတော့ နောင်တစ်ချိန် အကျိုးခံစားရမှာပါ။ !PIZZA

0
0
0.000
avatar

ပျိုးပင်လေးတွေကြီးလာပြီ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်ရေ အညှောက်လေး ပေါက်လာပီ။ :D !PIZZA

0
0
0.000
avatar

ရသမျှလေးတွေ စုထားဖြစ်တယ် အကိုရေ

0
0
0.000
avatar

စုထားဗျို့ တစ်ချိန်မှာ ရွှေဖြစ်လာမှာ။ !PIZZA

0
0
0.000