“ကွီးရွှေနှင့်ခါးဝတ်ပုဆိုးတိမ်မီးခိုး”

avatar

“ကျွန်တော်နှင့်ခါးဝတ်ပုဆိုးတိမ်မီးခိုး”

img_20180804_102247.jpg

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။

အချိန်ရာသီသည် မိုးအကုန်ဆောင်းအကူးကာလလေးဖြစ်သည့်အလျောက် မနက်ခင်းစောစောနှင့် ညနေပိုင်း နေဝင်သည်နှင့် အအေးဓါတ်လေးများစတင်ခံစားလာရပြီဖြစ်သည်။ ယခုလိုအချိန်မျိုးသည် များသောအားဖြင့် ရာသီအကူး တုတ်ကွေးကဲ့သို့ ဖျားနာခြင်းများ ကြုံတွေ့ခံစားရနိုင်သောကာလလည်းဖြစ်နေပြနသည်။ သို့ပါ၍ မြန်မာဟိုက်အဖွဲ့သားများအနေနှင့် မိမိတို့ မိသားစုများအား ရာသီအကူးပြောင်း ဖျားနာခြင်းဘေးမှ ကင်းဝေးကြရန် အထူးဂရုပြုနေထိုင်ကြရန် ဆေ့ဆော်တိုက်တွန်းလိုက်ပါသည်။

နှစ်တိုင်းလိုလို ဒီလိုအချိန်ကာလရောက်တိုင်းကျွန်တော်၏ မမေ့နိုင်သော အဖြစ်လေးတစ်ခုကို ပြန်လည်အမှတ်ရမိ နေတတ်သည်။ မြန်မာဟိုက်အဖွဲ့သားများအား ထိုအကြောင်းအရာလေးအား မျှဝေလိုသောအားဖြင့် ကျွန်တော်၏ အတိတ်က အချိန်လေးတစ်ခုက တူးဖော်ကြအုန်းစို့။
ထိုနေ့က ကျွန်တော်သည် နံနက်စောစောတွင် မိမိတို့မိသားစု နံနက်ခင်းစာစားရန်အတွက် အကြော်နှင့် ကောက်ညှင်းပေါင်းဝယ်ရန်အလို့ငှာ လမ်းထိပ်သို့ စက်ဘီးလေးစီးကာထွက်လာခဲ့သည်။ ရပ်ကွက်တွင်းမှ အများသူငါသည်လည်း ကျွန်တော်နည်းတူ နံနက်ခင်းစာအတွက် အကြော်ဆိုင်သို့ ချီတက်နေကြသည်။

ထိုအကြော်ဆိုင်လေးသည် ကျွန်တော်တို့ရပ်ကွက်လမ်းထိပ်တွင် နေရာဂွင်ကောင်းထိုင်ကာ ကျကျနန ဆိုင်ခင်းလျက် စီးပွားကောင်းနေသော တစ်ခုတည်းသောဆိုင်လေးဖြစ်နေပါသည်။ ရောင်းအားကောင်းသလောက် ထိုဆိုင်လေး၏ အကြော်သည်လည်း စားလို့အလွန်ကောင်းလှသည်။ အကြော်နှင့်အတူ ရာသီအစားအစာ ကောက်ညှင်းပေါင်းသည်လည်း အလုအယက်ဝယ်ယူရသော အရာတစ်ခုဖြစ်နေပြန်သည်။

လမ်းသွားလမ်းလာများ စည်ကားနေချိန်တွင် အရပ်တွင်းလှည့်လည်ရောင်းချတတ်သော ပဲပြုတ်သည်၊ ဘုရားပန်းသည်တို့သည်လည်း လမ်းပေါ်တွင် ဥဒဟို သွားလာလှုပ်ရှားနေကြသည်။ ပဲပြုတ်သယ်သည် စက်ဘီးလေးဖြင့် “ပဲပြုတ်”ဟုအော်သွားသည် သူ့အားအမှီလိုက်ဝယ်မည်ဆိုက မောကျန်ခဲ့မည်သာ။ အထာသိသူများကတော့ မိမိဝယ်လိုသော ပဲပြုတ်ပမာဏဘိုးအား ပဲပြုတ်ထည့်မည့် ပန်းကန်ခွက်ယောက်၏ အောက်တွင်ခုကာ အိမ်ရှေ့တွင် ခွေးခြေခုံလေးများဖြင့်ချထားလျက် ထိုလျှင်မြန်သော ပဲပြုတ်အား အမိဖမ်းဝယ်ရသည်။

ထိုနည်းတူ ဘုရားပန်းသည်ကလည်း စက်ဘီးနှင့် အရပ်တွင်း လှည့်လည်ရောင်းချသည်။ မီးဖိုချောင်သုံး အသီးရွက်၊ အသားငါးနှင့် အခြားအတိုအထွာလေးများရောင်းသည့်ဈေးသည်ကလည်း စက်ဘီးနှင့် ထို့ကြောင့်ရပ်ကွက်လမ်းမသည် စက်ဘီးများနှင့် နံနက်ခင်းအား အသက်ဝင်နေစေသည်။

ကျွန်တော်၏ အမှတ်ရစရာသည် ဤမှာစတင်သည်။ ကျွန်တော်စက်ဘီးဖြင့် လမ်းထိပ်ရောက်ကာ အကြော်ဝယ်ရန်ရောက်ရှိပြီး မိမိဝယ်လိုသော အကြော်နှင့် ကောက်ညှင်းပေါင်းထုပ်တို့ရွေးချယ်ယူလိုက်သည်။ ထို့နောက်ကျသင့်သော အခကြေးငွေ ပိုက်ဆံရှင်းရန် လုပ်သည်မှ ကျွန်တော့တွင် ပိုက်ဆံအိပ်ပါမလာသည်ကို သတိထားမိတော့သည်။ “ဟောဗျာ ပိုက်ဆံအိပ်က ပါမလာဘူး” ကျွန်တော်တစ်ယောက်တည်း ညည်းတွားသလို အကြော်သည်အား ပြောသလို ကျွန်တော်အသံထွက်ရေရွတ်မိလိုက်သည်။

အကြော်သည်မှ ကျွန်တော့အားမော့ကြည့်ရင်း “ဟင်းဟင်းဒါမျိုးရိုးနေပီ ကိုအဟွာ၊ ဈေးဝယ်ရှုတ်နေချိန်မှာ ပိုက်ဆံမပါလာဘူးဆိုပီး အချောင်ယူဖို့မစဉ်းစားနဲ့၊ အထုပ်ထားခဲ့ ပိုက်ဆံပါမှ ပြန်လာယူကိုယ်တော်” ဤနှယ် လူကြားသူကြား အပြောခံရတော့ ကျွန်တော့မျက်နှာသည် အကြော်ဒယ်အိုးထက် ပိုပူနေသည်ဟုခံစား မိလိုက်သည်။ ရှက်ရှက်ဖြင့် မိမိရွေးယူထားသော အကြော်အထုပ်လေးအားချထားကာ “အဲဗျာ ပိုက်ဆံပြန်သွား ယူလိုက်အုန်းမယ် ဒီအထုပ်လေးတော့ သူများမရောင်းလိုက်ပါနဲ့ဗျနော်”ဟု ပြောရင်း ဝိုင်းအုံစောင့်ဝယ်နေသော လူအုပ်ကြားမှနောက်သို့ဆုတ်ကာ မိမိအိမ်သို့ စက်ဘီးအမြန်စီးပြန်ခဲ့လေသည်။

လူကြားသူကြား စွတ်စွဲခံရ၍ ရှက်စိတ်ဖြင့် စက်ဘီးကိုဒုန်းစိုင်းစီးကာ အိမ်သို့အမြန်ပြန်လာရာ လမ်ဘေးဝဲယာအား ကောင်းစွာမကြည့်မိပဲ အရှိန်ဖြင့်စီးလာသောစက်ဘီးသည် တစ်စုံတစ်ခုအား တက်နင်းမိလေတော့သည်။ “ဂွမ်း-ဂိန်ဂိန်-ဒုန်း-ခလွမ်း- အောင်မလေး ကုန်ပါပီတော်” ကျွန်တော်၏နားထဲတွင် အသံများစုံလင်သွားသလို ကျွန်တော်သည်လည်း ဟိုက်ကနဲဖြစ်သွားပီး လူတခြား စက်ဘီးတစ်ခြားဖြစ်၍သွားတော့သည်။

အရှိန်ဖြင့် စက်ဘီးပေါ်က ပြုတ်အကျ လမ်းဘေးမြောင်းထဲသို့ လိမ့်ကျသည်။ ကပြာကယာ ကုန်းထကာ လမ်းမထက်လှမ်းကြည့်လိုက်တော့ ခွေးတစ်ကောင်သည် တကိန်ကိန်နှင့် အသံကုန်အော်ဟစ်ကာ ပြေးသွားနေသည်။ ပဲပြုတ်သယ်သည် လူတစ်ခြား စက်ဘီးတစ်ခြား ပဲပြုတ်တောင်းသည်လည်း လမ်းပေါ်တွင် ပြန့်ကြဲလျက်။ ခါးနာသည်အား လက်ဖြင့်ထောက်ကာထလာရင်း ပဲပြုတ်သည်မှ ဒေါသတကြီး ကျွန်တော့အား ရန်တွေ့လေတော့သည်။ “ကိုအဟွာ- ဘာတွေများအရေးတကြီး ဖြစ်နေရတာလဲတော် ခွေးကိုတက်နင်းပီး ကျုပ်စက်ဘီးကို ဝင်တိုက်တယ် ကျုပ်ပဲပြုတ်လေးတော့ ကုန်ပါပီတော်”။

ကျွန်တော်သည်လည်း နာနေသော ခြေလက်တို့အား ဂရုမစိုက်အားသေး ပဲပြုတ်သည်အား တောင်းပန်ရန်လမ်းပေါ်အတက်တွင် ဝတ်ထားသော ပုဆိုးသည် ဘယ်အချိန်က ပြဲကွဲသွားသည်မသိ ပုဆိုးအပြဲစအား တက်နင်းမိကာ ဟိုက်ကနဲဖြစ်ရပြန်၏။ လမ်းသွားလမ်းလာတို့မှ ကျွန်တော်တို့အနားကပ်လာကာ လဲနေသော စက်ဘီးတို့အားထောင်ပေးခြင်း ပဲပြုတ်သည်ကို တွဲထူပေးခြင်းလုပ်နေကြရင်းမှ ကျွန်တော်၏ “ခါးဝတ်ပုဆိုးတိမ်မီးခိုး”အဖြစ်အားကြည့်ကာ ဝိုင်း၍ရယ်ကြပြန်တော့သည်။

ကျွန်တော်မှာ တစ်ပူထက်နှစ်ပူဆင့်ကာ အလွန့်အလွန်ပူလွန်းသောမျက်နှာအား ဘယ်မှဖွက်ထားရမည်မသိ ပါးစပ်မှာလည်း အာစေးထည့်ထားသည့်အလား အယောင်ယောင်အမှားမှားနှင့် မိမိလဲကျနေသောစက်ဘီးကို ပြေးထူကာ နောက်သို့လှည့်မကြည့်ပဲ အိမ်သို့အားကုန်နင်းပြေးလေတော့သည်။
အိမ်ထဲသို့ စက်ဘီးနင်းကာ ဒရောသောပါးဝင်လာသောကျွန်တော့အား အမေနှင့်ဇနီးဖြစ်သူမှ အထူးအဆန်းအဖြစ် ကြည့်နေကြသည်။ စက်ဘီးပေါ်ကအဆင်းကျွန်တော်၏ မြောင်းပုပ်များပွနေသောလူနှင့် ပုဆိုးအပြဲ တိမ်မီးခိုးအဖြစ်အားမြင်ကာ အမေကောဇနီးပါ အားရပါးရ ရယ်ကြပြန်သည်။

ကျွန်တော်မှ “ကဲရီမနေကြနဲ့ဗျို့ လမ်းထိပ်မှာ ပဲပြုတ်သည်ကို ဝင်တိုက်မိလို့ သွားရော်(လျော်)ပေးလိုက်ကြအုန်း”လို့ တစ်ခွန်းတည်းသာပြောပီး အိမ်ထဲသို့ဝင်ပြေးသွား လေတော့သည်။

ထိုအဖြစ်အပျက်ပီးနောက် ဆယ်ရက်ခန့်လမ်းထိပ်သို့ အကြော်ဝယ်မထွက်ဖြစ်ပါ။ ကျွန်တော်၏အကြောင်းအား အရပ်ထဲတွင် ကလေးများပါမကျန် ဟာသတစ်ခုအနေနှင့် ယနေ့ထက်တိုင် ပြောမဆုံးနိုင်ဖြစ်နေကြတော့သည်။

အချိန်ရာသီများ အထပ်ထပ်ပြောင်းသွားသော်လည်း ဒီလိုအချိန်ရာသီရောက်တိုင်း ကျွန်တော်သည် အိမ်တွင်းအောင်းနေလေ့ရှိပါတော့သည်။

(ခါးဝတ်ပုဆိုးတိမ်မီးခိုး-ခက်ဆစ်အား လူတိုင်းနားလည်လိမ့်မည်ထင်ပါသည် ကျွန်တော့မှာ ရှက်လွန်း၍ စာစီ၍ပင်မဝံ့တော့ပါ)

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png
တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။
@nyinyiwin
27.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
11 comments
avatar

ဟီးဟီး ခါးဝတ်ပုဆိုးတိမ်မီးခိုးအကြောင်း အကျယ်တဝင့် ပြန်ရှင်းပြပါဗျို့။ 😁😁😁

0
0
0.000
avatar

ရှက်လို့ပါဆိုနေမှ ကွကိုသာတွေးကြည့်တော့ 😁 !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
@nyinyiwin(3/10) tipped @htwegyi (x1)
kachinhenry tipped nyinyiwin (x1)
htwegyi tipped nyinyiwin (x1)
nyinyiwin tipped nyimwa (x1)
nyinyiwin tipped kachinhenry (x1)
nyinyiwin tipped nweoomon (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

အဲဗျာ...ဒုက္ခပဲ။

0
0
0.000
avatar

ဟီးဟီး တကယ်ဒုက္ခရောက်ခဲ့ရတာ မျက်နှာကိုပူလို့။ !PIZZA

0
0
0.000
avatar

တသက်မှာ တခါ လောက်ကြုံရတဲ့ အဖြစ်မျိုးပါ။ ဒါပေသိ အကြော်အထုပ်လေးကော သွားပြန်ယူမိရဲ့လား..?ယခု post အား Ecency point 200 ဖြင့် boost ပေးလိုက်ပါသည်။ ကံကောင်းလျင် Ecency လာ vote ပါလိမ့်မည်။ !PIZZA

0
0
0.000
avatar

WOW! ကံကောင်းတယ် ကိုဟင်ရေ Ecencyက လာဘုတ်တယ်ဗျ။ အကြော်ထုပ်လေးကိုတော့ ဇနီးဖြစ်သူမှ ပဲပြုတ်သည်အား အလျော်သွားပေးရင်း တပါတည်းဝင်ရောက်ငွေပေးချေယူခဲ့ပါတယ်ခင်ဗျာ။ ကိုဟင် ecency pointနဲ့ ဘုတ်ပေးချီးမြင့်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်ဗျ။ !PIZZA

0
0
0.000
avatar

ဟယ် ဖြစ်ရလေကွီးရွှေရယ်။
!PIZZA

0
0
0.000
avatar

ခုချိန်ထိ ပြန်တွေးလေ ရှက်နေရတုန်းဗျ။ 😁😁 !PIZZA

0
0
0.000