“ကျွန်တော်ကွီးရွှေနှင့် တိုကင်များစွာဟိုက်ဗ်ကမ္ဘာ”

avatar

“ကျွန်တော်ကွီးရွှေနှင့် တိုကင်များစွာဟိုက်ဗ်ကမ္ဘာ”

1533523307246_fact_2.jpg
(Photo by myself)
img_20180804_102247.jpg

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
ကျွန်တော်ကွီးရွှေ ဟိုက်ဗ် ပလက်ဖောင်းပေါ်တွင် လေ့လာစရာများ အလွန်ပင်များစွာ ကျန်ရှိနေသေးကြောင်း သိရှိခဲ့ပီးနောက် အချိန်အခါအခွင့်သင့်တိုင်း ဟိုက်ဗ်အဖွဲ့သားများ၏ ပိုစ်များကိုပြန်လည်ရှာဖွေဖတ်ရှုရင်း လေ့လာ ဆည်းပူးနေရသည်။ အထူးသဖြင့် လူငယ်များဖြစ်ကြသော ကိုဟိန်း၊ ကိုယုဇန၊ ကိုသန့်ဇင်၊ မြန်မာကိုကို စသဖြင့် သူတို့လူငယ်လေးများ၏ ပိုစ်များကို လေ့လာကြည့်ခြင်း၊ သူတို့ဘလော့များသို့ သွားရောက်ဖတ်ရှုခြင်းများ ပြုလုပ်ခဲ့သည်။

ထိုလူငယ်လေးများ၏ ပိုစ်များကိုကြည့်၍ ဟိုက်ဗ်ပလက်ဖောင်းနှင့် ဆက်စပ်နေသော အခြားသော ဘလော့ဆိုက်များကို သိရှိခဲ့ရသည်။ အချို့သော ဆိုက်များမှာ ပိုစ်တခုအား ပေါ့ပေါ့ပါးပါးဖြင့် တင်နိုင်ပီး အခြို့သော ဆိုက်များမှာ အဂ်လိပ်စာများဖြင့် ရေးသားတင်နေကြသည်ကိုလည်း တွေ့ရှိရသည်။ ဆိုက်တစ်ခုခြင်းစီ၏ ထူးခြားချက်များမှာ မတူညီသော တိုကင်များအား ပြန်လည်ရရှိ အကျိုးခံစားရခြင်းများ ဖြစ်သည်။

ဥပမာအားဖြင့် proofofbrain, trafficinsider, creativecoin, leo, neoxin စသည်ဖြင့် ဟိုက်ဗ်ဘလော့ချိန်းနှင့် ဆက်စပ်နေသော တိုကင်အမျိုးအစားများစွာရရှိနိုင်ကြောင်းအား ဆက်စပ်သိရှိခဲ့ရသည်။ ယခင်က ဆက်စပ် တိုကင်များ ရရှိနိုင်ကြောင်း အကိုဟင်တင်ပြခဲ့သော ပိုစ်များဖတ်၍ သိရှိခဲ့သော်လည်း သေချာရေရေရာရာ လိုက်လံမလေ့လာ၍ ကောင်းစွာမသိခဲ့ပါ။ ယခုသော်ကား အကျိုးများစွာ ရရှိနိုင်ကြောင်းအား ကောင်းစွာသိရှိရပါသည်။
ထိုသို့ ရရှိနိုင်ရန် မိမိရေးသော ပိုစ်အား tag တွဲတင်ပြခြင်းမှ တစ်ချက်ခုတ်လျင် လေးငါးခြောက်ချက်လောက် ပြတ်နေသည့် အခွင့်အရေးပါပေ။ ထိုသို့ tag တွဲခြင်းအားလည်း အကိုဟင်၏ ပိုစ်များတွင် ခဏခဏထည့်ရေး သတိပေးသည်များကိုလည်းတွေ့ရသည်။ ယခင် စတီးမစ်ဆိုက်တွင် အတွေ့အကြုံရှိသော လူဟောင်းများအတွက် နောက်ထပ်အနည်းငယ်လေ့လာလိုက်ယုံဖြင့် ဟိုက်ဗ်ဘလော့နှင့် ဆက်စပ်ဆိုက်များ တိုကင်များအကြောင်းကို ကောင်းစွာ သိရှိကြပီး အကျိုးကျေးဇူးမည်သို့ရယူမည်ကိုလည်း သိရှိကြသည်။ လူသစ်များအတွက်လည်း ရှေ့ဆောင်လမ်းပြ အကူအညီဖြစ်စေသည်။

ကျွန်တော်သည်ပင်လျင် ဟိုက်ဗ်ပလက်ဖောင်းနှင့် အဆက်ပြတ်နေသည်မှာ ၂နှစ်ပိုင်းခန့် ရှိသည့်အတွက် ယခုပစ္စုပ္ပန်အခြေအနေကို သိရှိနားလည်ရန် အချိန်ပေး၍ ပြန်လည်လေ့လာနေရသည်။ လိုက်၍မမှီနိုင်အောင် မြန်ဆန်သော အင်တာနက်ခေတ်အား မှီသည့်နေရာမှ ပြန်လည်အားခဲ တရွတ်ဆွဲ၍ လိုက်နေရသည်။ အကိုဟင်၏ ပိုစ်များနှင့် အထက်က ကျွန်တော်ညွှန်းခဲ့သော လူငယ်လေးများ၏ ပိုစ်များကို သေချာလေ့လာဖတ်ရှုခြင်းမှ ကျွန်တော်၏ လိုအပ်နေသော၊ ချိတ်ဆက်ရန် ကျန်ရှိနေသော အပိုင်းများကို သိရှိနားလည်လာရပါသည်။

ဟိုက်ဗ်ပလက်ဖောင်းနှင့် အခြားသော ဆက်စပ်တိုကင်များအား အချိန်နှင့်တပြေးညီ ရယူစုဆောင်းထားခြင်းဖြင့် မိမိတို့ walletတွင် တဖြည်းဖြည်း တန်ဘိုးရှိသောတိုကင်များ ကောင်းစွာစုဆောင်းနိုင်လာကြသည်။ ယခုအချိန်တွင် ကျွန်တော်များ မြန်မာကွန်မြူနတီသည် လူနည်းစုသာပါဝါများများစုဆောင်းနိုင်သေးသည်။ သို့သော် လူတိုင်းလူတိုင်းမှ နောင်တချိန် လာမည့်၁နှစ်လောက်သာ အထက်ပါ တိုကင်များအား ကောင်းစွာစုဆောင်းနိုင်လျင် မြန်မာဟိုဗ်ကွန်မြူနတီကြီးသည် ပါဝါများစွာဖြင့် အကျိုးကျေးဇူးများ ရရှိခံစားနေကြမည်ဟု ကျွန်တော်ကွီးရွှေမှ ရဲရဲကြီးပြောရဲပါသည်။ ။

စာကြွင်း-- အပေါ်က ဓါတ်ပုံလေးကတော့ မြန်မာစတီးမစ်ကွန်မြူနတီအဖွဲ့ ပုဂံရောက်တုန်းက ရိုက်ထားတာလေးပါ။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
20.9.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
8 comments
avatar

ဟုတ်တယ် tag တွဲတာကို စနစ်တကျ နဲ့ တွဲနိုင်သမျှရအောင်တွဲပြီး token rewardsများများ ကြိုးစားစုဆောင်းကြတာပေါ့ အစ်ကို
!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုသန့်ဇင်ရေ ကြိုးစားနေရင် အခွင့်ရေးတွေ ပိုင်ဆိုင်လာမှာမလွဲဘူးလို့ ယုံကြည်ထားတယ်ဗျ။ !PIZZA

0
0
0.000
avatar

ဟုတ်သဗျို့ ကိုယ် tag တွဲတဲ့ coin ကဈေးတက်သွားရင်
ကံကောင်းတာပ။
!PIZZA

0
0
0.000
avatar

အာ့ကြောင့် များများတက်တွဲ များများစုပေါ့ဗျာ 😊😁 !PIZZA

0
0
0.000