“တူညီသောဆုတောင်း”

avatar

“တူညီသောဆုတောင်း”

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
screenshot_1.jpg
credit image >

သီတင်းကျွတ် လပြည့်ပါပီ။ ပြည့်နေသောလမင်းကြီးထွက်ပြူလာသည်ကို တစွန်းတစလှမ်းမြင်နေရသည်။ ဗျောက်တွေဖောက်ကြသည်။ အရပ်ထဲတွင် အမှန်တကယ်ဗျောက်တွေဖောက်နေကြသည်။
ဟိုနားက ဒိုင်းကနဲ ဒီနားက အုန်းခနဲ။

နေ့လည်က ရပ်ကွက်တိုင်းရပ်ကွက်တိုင်းတွင် လော်စပီကာနှင့် လိုက်အော်နေသည်မှာ “ညနေ၆နာရီနောက်ပိုင်း မိမိနေထိုင်ရာအိမ်မှ အပြင်သို့မထွက်ကြရန်”ဆိုပီး လိုက်အော်နေသံကြားရသည်။ ထိုလော်နှင့်အော်နေသည့် ကားထဲသို့ ဗျောက်အတွဲလိုက်ပစ်ထည့်ခံရသည်ဟုလည်း တိကျသော သတင်းရင်းမြစ်မှ သိလိုက်ရသည်။

ညနေ၆နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတာက ဘာသဘောနှင့်အော်သည်ကို သေချာမသိရသော်လည်း တရားမျှတမှုမရှိသော၊ အာဏာဖြင့်အတင်းအဓမ္မ ဖိနှိမ်သည့်လေသံဟု ကျွန်တော်တွေးထင်မိသည်။ ထင်ထားသည့်အတိုင်းမှန်ကန်နေသည် ထိုလှည့်လည်အော်သောကားလေးအား အမျိုးအမည်မသိသော လူငယ်အဖွဲ့လေးမှ ဗျောက်များပစ်ထည့်ကာ ကျီစယ်လိုက်သည့်နောက် ဖိနပ်ပင်မကောက်နိုင် ကားပေါ်မှ ဆင်းပြေးကြလေသတတ်။

ဤအဖြစ်အပျက်လေးသည် ဒီခေတ်လူငယ်လေးများ၏ ပုံရိပ်အားထင်ဟပ်သော အကြောင်းတစ်ခုဖြစ်ခဲ့သည်။ ခေတ်လူငယ်ကလေးများဟုဆိုကာမှ ယခင်နှစ်က အမေစု၏သီတင်းကျွတ်ဆုတောင်းလွှာဆိုပီး လိုက်ဗ်လွင့်သော အချိန်လေးကို သွား၍အမှတ်ရလိုက်သည်။ တစ်ချို့သော စကားလုံးလေးများကို မှတ်မိလိုက်သည့်အလျောက် အမှတ်ရနေခြင်းဖြစ်သည်။ သူမပြောခဲ့သောအကြောင်းအရာများထဲတွင် “လူငယ်လေးများ”နှင့်ပါတ်သက်၍ အထူးပြောသွားသည့်စကားတစ်ခွန်းမှာ..
“သီတင်းကျွတ်နဲ့ ကလေးတွေနဲ့ ပူးတွဲပြီး စဉ်းစားလိုက်တော့ ကျွန်မ ကလေးဘဝက မျက်လုံးနဲ့ သီတင်းကျွတ်ကို ပြန်မြင်မိပါတယ်။ မီးပုံးလေးတွေ၊ မီးပန်းလေးတွေ။ လူသားများဟာ အလင်းရောင်ကို မြတ်နိုးကြတယ်၊ အလင်းရောင်နဲ့ ဖန်တီးထားတဲ့ အလှကို နှစ်သက်ကြတယ်။ ကလေးတွေဟာ ကျွန်မတို့အတွက် လင်းလက်နေတဲ့ မျှော်လင့်ချက်လေးတွေမို့ သူတို့လေးတွေရဲ့ အားပေးထောက်ခံမှုဟာ တကယ့်မြတ်နိုးဖွယ်ရာ၊ လှပတင့်တယ်မှုပါပဲ။” လို့ သူမက ပြောခဲ့တာပါ။

သူမရဲ့ ပန်ကြားလွှာ အပြည့်အစုံကိုတော့ ပုံရဲ့အောက်က လင့်မှာ ဝင်ကြည့်လို့ရသလို ဒီလင့်မှာလဲဝင်ဖတ်နိုင်ပါတယ်။ စိတ်ဝင်စားမယ်ဆိုရင် ဖတ်ကြည့်နိုင်ပါတယ်။

နောက်ဆုံးမှာ သူမပြောသွားသည့် စကားစုလေးကတော့ ကျွန်တော်လည်း ယခုနှစ် သီတင်းကျွတ်မှာ ဆုတောင်းလိုသော အကြောင်းအရာနှင့်တစ်ထပ်တည်းဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်၏ ဆုတောင်းအား မဖော်ပြတော့ပဲ သူမ၏ဆုတောင်းကိုသာ ဖော်ပြလိုက်ပီး ကျွန်တော်၏ပိုစ်အား ရပ်နားလိုက်ပါသည်။

“ကျွန်မတို့နိုင်ငံ ဆင်းရဲခပ်သိမ်းမှ လွတ်ကျွတ်စေမယ့် နမိတ်အလင်းရောင်လေးများ တောက်ပကြပါစေလို့ သီတင်းကျွတ်ဆုတောင်းလိုက်ရပါတယ်။ အောင်ဆန်းစုကြည်
အောက်တိုဘာ ၃၁၊ ၂၀၂၀”

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
20.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
10 comments
avatar

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။

0
0
0.000
avatar

သီတင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် ကျွတ်လို့မရတဲ့ ဘဝတွေဆိုတော့.... !PIZZA

0
0
0.000
avatar

ဟုတ်တယ်ကိုဟင်ရေ ဒီအခြေနေကနေ လွတ်မြောက်ဘို့ကလဲ သိပ်မလိုတော့ပါဘူး။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
@nyinyiwin(2/10) tipped @htwegyi (x1)
htwegyi tipped nyinyiwin (x1)
kachinhenry tipped nyinyiwin (x1)
nyinyiwin tipped kachinhenry (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

အောင်နမိတ်အလင်းရောင်တွေ လင်းပါစေ။
!PIZZA

0
0
0.000
avatar

မြန်မာပြည်ကြီးအတွက် အောင်အလင်းရောင်မြင်နေရပါပီဗျာ။ !PIZZA

0
0
0.000