My PRF Profile and Supporting Certificate of May
သင့်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကိုယ်ပိုင်နံပါတ်ရှိပြီးပြီလား ?
PDF အတွက် PRF ရှိနေမယ်။
#လာပါငါတို့အတူတူရုန်းမယ်
#PRF4PDF

PRF ထောက်ပို့တပ်သား Profile လေး ရလို့ ဒီမှာ သိမ်းထားလိုက်ပြီ။
အခုဆို တော်လှန်ရေးက အရှိန်အဟုန်မြင့်လာသလို စစ်ရေးအောင်ပွဲတွေ ရရှိလာတာ ရဲဘော်တို့လည်း အသိပဲဖြစ်တယ်။ ခုခံစစ်ကနေ တိုက်စစ်အသွင် ပြောင်းတိုက်နေကြပြီ ဖြစ်တဲ့ ငါတို့ရဲ့ ကာကွယ်ရေးတပ်သားတွေမှာ တိုက်ပွဲလိုအပ်ချက်ပြည့်မှီဖို့လိုတယ်။
ရဲဘော်ရေ... လာပါ... ငါတို့ အတူတူ ရုန်းမယ်။
ပွဲမြန်မြန်သိမ်းဖို့ ငါတို့ ပိုတာဝန်ပိုယူကြမယ်။

မေလ အတွက် ၃၅၀၀၀ ကျပ် ထောက်ပို့ထားတဲ့ လက်မှတ်လေးလည်း ရပြီ။
တို့တွေ တတ်နိုင်သမျှ အားထည့် ရုန်းထွက်ကြရအောင်ပါ။
မကြာခင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်တော့မယ်။
0
0
0.000
0 comments