အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၄)

avatar

အားလုံး မင်္ဂလာပါ။

ပျော်ရွင် အသက်ရှည် စေတဲ့ အရာလေးတွေ

တက်ကြွတဲ့စိတ် နုပျိုတဲ့ ခန္ဓာ

နုပျိုတဲ့စိတ်ထားရှိခြင်းဟာလဲ အိုမင်းခြင်းဖြစ်စဥ်ကို နှေးစေပြီး ကျန်းမာတဲ့ နေ့စဥ်ဘဝကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မရှိခြင်းဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးသက်ရောက်နိုင်သလို၊ စိတ်လေ့ကျင့်ခန်း မရှိရင်လဲ ကျွန်တော်တို့အတွက် ဆိုးဝါးစေပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်လေ့ကျင့်ခန်း မရှိခြင်းဟာ ကျွန်တော်တို့ရဲ့ ဦးနှောက် အာရုံကြောတွေ နဲ့ သူတို့ရဲ့ ချိတ်ဆက်မှုကို ပျက်စီးစေလို့ပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ဦးနှောက်ကို အလုပ်ပေးဖို့လိုအပ်ပါတယ်။
အစ္စရေး အာရုံကြောသိပ္ပံပညာရှင် Shlomo Breznitz အဆိုအရ ကျွန်တော်တို့ဦးနှောက် ပုံမှန်အနေအထားနဲ့ ကျန်းမာနေဖို့ဆိုရင် စေ့ဆော်မှုများများ လိုအပ်တယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ ပုံမှန်နိစ္စဓူဝအလုပ်တွေလုပ်ကြတဲ့အခါမှာ ဦးနှောက်ဟာ တွေးစရာမလိုတော့ပါဘူး။ အလိုလို အလုပ်လုပ်တတ်လာတယ်။ ဒီအလေ့အကျင့်ကနေဖောက်ထွက်ဖို့ဆိုရင် ဦးနှောက်ဟာ သတင်းအချက်အလက်အသစ်တွေလိုလာတယ်။
သတင်းအချက်အလက်အသစ်တွေနဲ့ တင်ပြလိုက်တယ်ဆိုရင် ဦးနှောက်ဟာ ချိတ်ဆက်မှု အသစ်တွေနဲ့ ပြန်လည်ရှင်သန်လာတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ အပြောင်းအလဲလေးတွေလုပ်ဖို့ နဲ့ ရင်ဆိုင်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ ဒီလို သက်တောင့်သက်သာ အနေအထားကနေထွက်တဲ့ အခါမှာ စိုးရိမ်စရာ အနည်းငယ်ရှိခဲ့ရင်တောင်မှ ပြောင်းလဲမှုလုပ်သင့်ပါတယ်။ အနေအထားအသစ်ကို ရင်ဆိုင်ဖြေရှင်းတာ၊ အသစ်အသစ်တွေကိုထပ်မံ လေ့လာသင်ယူနေတာ၊ ကစားနည်းတစ်မျိုးမျိုး ကစားတာ အပြင် လူတွေနဲ့ ထိတွေ့ဆက်ဆံနေတာတွေဟာ ကျွန်တော်တို့ စိတ်ကို နုပျိုစေတဲ့ နည်းလမ်းတွေပါပဲ။ ဒီလိုအနေအထားမှာဆိုရင် အကောင်းမြင်စိတ်ထားရှိခြင်းဟာလဲ ပိုမိုကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာ ရလဒ်တွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

image source: https://befinexpert.wordpress.com/2019/12/29/book-ikigai-japanese-secret-of-long-and-happy-life-by-albert-lieberman/

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်းရဲ့ အကြောင်းလို့ အဓိပ္ပါယ်ရပါမယ်။ ကျွန်တော် အောက်မှာ ရေးသားဖော်ပြတာတွေဟာ စာရေးဆရာ Hector Garcia နဲ့ Francesc Miralles တို့ရဲ့ "IKIGAI: The Japanese Secret to a Long and Happy Life" စာအုပ်ကနေ ဘာသာပြန် ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန်ဆုံပါမယ်။

အားလုံးကျန်းမာကြပါစေ။

@princekham
10th Oct 2024
Myanmar



0
0
0.000
15 comments
avatar
(Edited)

ဗဟုသုတ ရတယ်ဗျာ။
ဦးနှောက်ကို အလုပ်ပေးရမယ်ဆိုတာ ဟုတ်သဗျို့။
ကိုယ်တွေရဲ့ ဦးနှောက်
ကိုလည်း အလုပ်သစ်ပေးရအုံးမယ်။
!LOLZ
!MEME

0
0
0.000
avatar

I look forward the next post as well!
!LUV
!PIZZA
!MEME

0
0
0.000