ကိုဗစ် ကာကွယ်ဆေးထိုးကြမယ်

avatar
(Edited)

အားလုံးပဲ မင်္ဂလာပါ။

မနေ့ကပဲ ကျွန်တော်တို့ မိသားစု ကိုဗစ်ကာကွယ်ဆေး ကို တတိယအကြိမ် ထိုးဖြစ်ခဲ့ပါတယ်။

တောင်ကြီးမြို့က ပန်းလှိုင်ဆေးရုံမှာ ထိုးဖြစ်ခဲ့တာပါ။ ပထမနဲ့ ဒုတိယအကြိမ်တွေကိုတော့ မြို့တော်ခန်းမမှာ သွားထိုးခဲ့တာပါ။ အဲတုန်းက ဘယ်လိုတွေလွဲတယ်မသိ၊ ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်စာရွက် မှာ "ကျား" ဖြစ်ရမှာကို "မ" ဖြစ်နေပါတယ်။ ရှိစေတော့။ ဒီလက်မှတ်ကို အသုံးချဖြစ်တာကတော့ ရှေ့လ မန္တလေးအပြန် လေယာဉ်စီးတုန်းက ဖြစ်ပါတယ်။ လေယာဉ်စီးတဲ့ အခါ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်မရှိရင် ကိုဗစ် negative ဆေးလက်မှတ်ပြရတာပါ။

မနေ့က ပန်းလှိုင်မှာသွားတော့ လျော့စျေး discount ရှိလို့ ၄၅၀၀၀ ကျပ်မကျပဲ ၃၁၀၀၀ ကျပ်သာ ပေးခဲ့ရပါတယ်။ ဒီလို လျော့စျေးရှိတော့ တစ်ခုခု လွဲလို့လား - ဆေးက သက်တမ်းကုန်ခါနီး... စသည်ဖြင့် နဲနဲတော့ သံသယဖြစ်ပါတယ်။ ဒါပေမယ့် ဆေးတကယ်ထိုးတဲ့ အချိန် သူတို့ရဲ့ လုပ်ထုံးလုပ်နည်း (SOP - standard operation procedures) တွေကို တွေ့ပြီး impression လေးဖြစ်မိတာတော့ အမှန်ပါပဲ။ သဘောကျမိတဲ့ အချက်လေးတွေက

  • အင်တာနက်နဲ့ database ကို အသုံးချနိုင်တာ - သူတို့ဆေးထိုးလူနာစာရင်းသွင်းတာ အင်တာနက် နဲ့ online database ကို အသုံးပြုပြီး၊ နောက်ဆုံးငွေသွင်းပြီးတဲ့ အချိန်မှာ ကိုယ့်ဖုန်း sms message နဲ့ verified လုပ်ရပါတယ်။ နောက်ဆုံးမှာ ဖုန်းထဲကို message တစ်စောင်ထပ်ရောက်လာပြီး အဲဒီ message နဲ့ ဆေးထိုးတဲ့နေရာမှာပြပြီးထိုးရတာပါ။ (ဘာရယ်ကြောင့်မဟုတ် ကိုယ်ကိုတိုင်က အိုင်တီ သမားတစ်ပိုင်းဆိုတော့ ဒီလို အိုင်တီ နည်းပညာကို စနစ်တကျ သုံးတာကို သဘောကျမိတာပါ။)

  • ဆေးမထိုးခင်မှာလဲ ထိုးမယ့်သူရဲ့ မှတ်တမ်းကို စာမျက်နှာ သုံးမျက်နှာ check list ယူပါတယ်။

  • ဆေး မထိုးခင်မှာ ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊ oxygen level တွေကို တိုင်းပါတယ်။ (ဆေးထိုးတာကို တော့ တောင်ကြီးမြို့ထဲက ဆေးရုံမှာ မထိုးပဲ မြို့ပြင်က စက်မှုလက်မှုကုန်သည်ကြီးများအသင်းတိုက် အောက်ဆုံးထပ်မှာ သွားထိုးရတာပါ။)

  • ဆေးထိုးတော့မယ်ဆိုရင်လဲ ဆေးကို cold chain 2 to 8 degree C မှာ ထားတဲ့အကြောင်းကို ရေခဲဗူးက thermometer ကို ပြပါတယ်။ ထိုးမဲ့ dosage ပမာဏ (၁၅၀ စီစီ) ကို ဆေးထိုးအပ်နဲ့ ပြပါတယ်။

  • ထိုးပြီးတဲ့အခါလဲ ထိုးပေးသူလက်မှတ် နဲ့ ဆေးဗူးရဲ့ နံပါတ် (batch no) ကို မှတ်တမ်းစာရွက်မှာ ရေးပေးပါတယ်။ ဆေးထိုးပြီးကြောင်း sticker ကပ်ပေးပါတယ်။ ပြီးတော့ ထုံးစံအတိုင်း နာရီဝက် ထိုင်ထားခိုင်းပြီး ဆေးရဲ့ တုန့်ပြန်မှုကို ကြည့်ပါတယ်။

img_20220118_101410.jpg

img_20220117_130815.jpg

အပေါ်က သူတို့လုပ်ထုံးလုပ်နည်းတွေကို သဘောကျမိတယ်ဆိုပေမယ့် ဒီတွေက နိုင်ငံတကာမှာ ကျင့်သုံးနေပြီးသား SOP တွေပဲ ဖြစ်ပါတယ်။

ရှေ့နှစ်ကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးစင်တာမှာ သွားထိုးတုန်းကဆို ထိုးသာထိုးလိုက်ပါတယ်၊ ဆေးက cold chain ပျက်နေလား ဘာလားဆိုတာ မသိရပါဘူး။ ကိုယ်အပူချိန်မတိုင်း oxygen level မတိုင်းပဲ ဒီအတိုင်းထိုးပေးလိုက်တာပါ။ ပြီးတော့ အပေါ်က ပြောတဲ့အတိုင်း ကျား မ လွဲနေပါသေးတယ်။

ကျွန်တော်ပြောချင်တာက အခု ပန်းလှိုင်ဆေးရုံကလုပ်သလိုမျိုး SOP နဲ့ စနစ်တကျ လုပ်တယ်ဆိုရင်၊ ကျန်တဲ့ မြို့ထဲက ပုဂ္ဂလိက ဆေးရုံးထက် service ပိုင်းနဲ့ နာမည်ကောင်းရတဲ့ အပိုင်းမှပါာသာသွားမှာ သေချာပါတယ်။ ပန်းလှိုင်ဆေးရုံရဲ့ ဆေးကုသရေးဆိုင်ရာ တခြား ဝန်ဆောင်မှုကို မသိပေမယ့် ဒီကာကွယ်ဆေးထိုးပုံကို ကြည့်ပြီး (တခြားမြို့ထဲက ဆေးရုံထက် အများကြီး) impressed တော့ဖြစ်မိပါတယ်။ ဒီလို ဝန်ဆောင်မှုမျိုးတွေကို အစိုးရဆေးရုံတွေမက တခြား ပုဂ္ဂလိကဆေးရုံတွေလဲ ပေးနိုင်ဖို့လိုပါတယ်။

@princekham
18th Jan 2022



0
0
0.000
21 comments
avatar

မကြုံလို့ မထ်ုးဖြစ်သေး
!LOL

0
0
0.000
avatar

ဟုတ် ကြုံရင်တော့ ထိုးထားတာကောင်းတယ်ဗျ
!LOL !LUV

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
princekham tipped suhlaing (x1)
princekham tipped asterkame (x1)
@kachinhenry(8/15) tipped @princekham (x1)
asterkame tipped princekham (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

အဲ့လိုဆို အဆင်​ပြေတယ်​နော့ မဟုတ်ရင် ဘာ​ဆေးထိုးလို့ထိုးမှန်းမသိဘူး

0
0
0.000
avatar

ဟုတ်
သူတို့ SOP လေးနဲ့ စနစ်တကျရှိတာကို သဘောကျမိတယ်
!PIZZA

0
0
0.000
avatar

Digital Certificate ပေးသေးလား..? ZADA wallet နဲ့ ။ !PIZZA

0
0
0.000
avatar

Certificate က မရသေးဘူး။ system error မို့ မထုတ်ပေးနိုင်သေးတာ။ !LOL
Digital certificate တော့မရဘူး။ အဲလိုရှိမှန်း အခုမှ သိရတယ် 😁။ Thanks for your comment!
!BEER !LUV

0
0
0.000
avatar

အမှန်တော့ ကိုယ့် ဖုန်းထဲမှာ Digital Certificate ရှိထားရင် ဘယ်သွားသွား စာရွက် တကိုင်ကိုင် လုပ်စရာ မလိုတော့ဘူးပေါ့။ ဥပမာ နိုင်ငံခြား သွားမယ် ဆိုရင်တောင် ကိုယ်ယူထားတဲ့ စာရွက်ကို ဘာသာပြန်နေရအုံးမယ်။ Digital Certificate နဲ့ဆို အဆင်ပြေသွားတာပေါ့။

0
0
0.000
avatar

ဗဟုသုတရပါတယ်ဗျာ။
!PIZZA

0
0
0.000
avatar

အတွေ့အကြုံမျှဝေပေးတာ ကျေးဇူးပါ bro ရေ
ကွာကွယ်ဆေးထိုးပြီးတော့ တစ်မျိုးစိတ်သက်သာရာ ရတာပေါ့ !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000