လကုန် Hive Powerup ခြင်းနှင့် tag တွဲခြင်း အကျိုး

avatar

အဖွဲ့ဝင် အားလုံး မင်္ဂလာပါ။
ရှေ့အပါတ်တုန်းကပဲ ကျွန်တော် ပါဝါ up ပြီး power up တဲ့ ပိုစ့်ကိုတင်ခဲ့တယ်ဆို တာ သိပြီးဖြစ်မှာပါ။ အဲ ဒီတုန်းက သူများတွေ ပါဝါ up ရင် ဘာtag တွဲလဲ ရှာကြည့်တော့ #hivepup နဲ့ #hpud တွဲတယ်ဆိုတာတွေ့ရတော့ ကိုယ်လဲ power up တာပဲ ဒါလေးတွေ တွဲမယ်ဆိုပြီးတွဲလိုက်ပါတယ်။ အဲနောက်မှာတော့ အဲဒီလို tag တွဲပြီး ပါဝါ up တဲ့သူ၊ ပြီးတော့ ဒီကြားထဲ ပါဝါ down ထားတဲ့သူ မဟုတ်ရင် power up ပြိုင်ပွဲမှာ အကြုံးဝင်တယ်ဆိုတဲ့ ပိုစ့်မှာ ကျွန်တော့်နာမည်ကိုတွေ့ရပါတယ်။ ဒါနဲ့ ကံကောင်းချင်တော့ ဒီမနက် ပိုစ့်တစ်ခုမှာ ကျွန်တော့်နာမည်နဲ့ အတူ ဆု အနေနဲ့ 10 HP ကို လက်ခံရရှိလိုက်ပါတယ်။ ဆုကတော့ နှစ်သိမ့်ဆုပုံစံမျိုးပါ။
power_up_winner.jpg

source

ပထမ ဒုတိယ တတိယ စတဲ့ ဆုတွေကတော့ အနည်းဆုံး 400 HP ကနေ 600 HP power delegation တစ်လ ခံစားခွင့်ရကြမှာပါ။ အပေါ်က ပိုစ့်လင့်မှာ ဖတ်နိုင်ပါတယ်။

power_up_winner_2.jpg

source

ဒါကတော့ ပါဝါ up ပိုစ့်မှာ tag မှန်မှန်ကန်ကန် တွဲတဲ့ အကျိုးပါ။ ကိုယ်က လကုန်ရက်မှာ ပါဝါ up ပြီး post မတင် tag မတွဲရင်လဲ ပြိုင်ပွဲမှာ အကြုံးမဝင်ပါဘူး။
tag တွဲတဲ့ အကြောင်းကို ကိုဟင်တို့ ကိုဒွန်တို့ ပြောခဲ့ကြပြီးဖြစ်ပါတယ်။ ကိုယ့်ပိုစ့်နဲ့ မသက်ဆိုင်တဲ့ tag မိရင်လဲ downvote ရနိုင်တယ်လို့ ကိုဟင်ပြောတာ ဖတ်မှတ်ရပါတယ်။ လူသစ်တွေ မိတ်ဆက်တဲ့ အခါမှာလဲ #introduceyourself tag တွဲရင် Hivebuzz tour စာမျက်နှာမှာ မှတ်တမ်းကျန်ခဲ့မှာပါ။

inkedinkedtag_li.jpg

source

လကုန်ရက်တိုင်း ပြုလုပ်တဲ့ Hive Power up event မှာပါဝင်မယ်ရင်တော့ လကုန်ရက်မှာ ကိုယ့်ကိုကိုယ် အနည်းဆုံး 10 Hive power up ရပါမယ်။ December လကုန်တော့ သူတို့တွေ အလုပ်များနေမှာမို့ ဒီလအတွက် မရှိပါဘူး လို့ရေးထားပါတယ်။ နောက်နှစ် ဇန်နဝါရီမှာ ပြန်လည်ပါဝင်နိုင်မှာ မှာပါ။
ကျွန်တော်တို့ အဖွဲ့ဝင်တွေ ပါဝါတွေတိုးသထက်တိုးရင်း တစ်ဦးကို တစ်ဦး အကျိုးပြုတဲ့ community ကြီး တည်ဆောက်ကြပါစို့။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

@princekham
7th Dec 2021



0
0
0.000
25 comments
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
callmemaungthan tipped princekham (x1)
princekham tipped callmemaungthan (x1)
asterkame tipped princekham (x1)
@kachinhenry(9/16) tipped @princekham (x1)
princekham tipped asterkame (x1)
princekham tipped tin.aung.soe (x1)
princekham tipped nyimwa (x1)
nyinyiwin tipped princekham (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

10HP ရသွားတာပျော်စရာပါ...Nov တုန်းက power up ဖို့စိတ်ကူးထားပေမဲ့မလုပ်နိုင်ခဲ့ဘူး....
!PIZZA
!LUV

0
0
0.000
avatar

ဟုတ် ပျော်စရာပါပဲ
!PIZZA

0
0
0.000
avatar

HP 10 မပြည့်တာနဲ့ပဲ မတိုးဖြစ်လိုက်ပါဘူးဗျ။ power up day အတွက် tag လေးတွေ ပြောပြပေးတာ ကျေးဇူးတင်ပါတယ်။ အရင်က မသိခဲ့ဘူး။ အခုတော့ အကို့ ကျေးဇူးနဲ့ မြန်မာတွေလည်း power up တဲ့အခါ ပြိုင်ပွဲဝင်ရင်း ဆုရနိုင်ပြီပေါ့ !PIZZA !LOLZ !LUV

0
0
0.000
avatar

ဟုတ်တယ်။ ရှေ့လက အဲလိုတွဲလို့ရမှန်း မသိခဲ့လို့။ ဒီပြိုင်ပွဲ အစီအစဥ်က ပြီးခဲ့တဲ့ Aug ကစတယ် ပြောတယ်။ !PIZZA

0
0
0.000
avatar

ကောင်းပဗျာ ပါဝါများများ ဆက်အပ်နိုင်ပါစေ။

0
0
0.000
avatar

မှန်ကန်သော တက်တွဲနိုင်ရင် ဆုလဘ်ပိုရတာပေါ့ဗျာ !PIZZA

0
0
0.000
avatar

ဟုတ် ကျေးဇူးတင်ပါတယ်
!LUV

0
0
0.000
avatar

ကောင်းတယ်ဗျို့... ဗဟုသုတလည်းရတယ်။ !LOL. !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ။ Thank you.
!LUV

0
0
0.000
avatar

အခုမှ လေ့လာနေဆဲပါ။
သိပ်တော့ နားမလည်သေးဘူး။

0
0
0.000
avatar

အော်ဟုတ် နားမလည်နာရှိရင်လဲ မေးလိုက်လို့ရပါတယ်

0
0
0.000
avatar

မသိရင်လားမေးဗျာ
မသိတာတော့အများကြီး

0
0
0.000
avatar

ကောင်းမွန်လှပါတယ်။Power upတဲ့အခါ အဲဒီ tag လေးတွေ သုံးပါအုံးမည်....!PIZZA

0
0
0.000