ဘာလီသို့ အလည် တစ်ခေါက် (၁)

avatar
(Edited)

အားလုံး မင်္ဂလာပါ

ဒီနှစ် သင်္ကြန်အချိန်အခါတုန်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကို အလည်ရောက်ခဲ့ပါတယ်။

  • အင်ဒိုနီးရှားနိုင်ငံကတော့ ၉၀ ရာခိုင်နုန်းကျော်က မွတ်စလင်ဖြစ်ပေမယ့် ဘာလီမှာကတော့ ၉၂ ရာခိုင်နုန်းက ဟိန္ဒူဖြစ်ပါတယ်။

  • ဘာလီမှာက ဟိန္ဒူဘုရားကျောင်း တစ်ထောင်ကျော်ရှိတာမို့ land of thousand temples လို့လဲခေါ်ပါတယ်။ ဘာလီမှာက လူဦးရေ ၄.၂ သန်းရှိတယ်ပြောတယ်။

  • အကျယ်အဝန်းအားဖြင့် 2000 sq mile အကျယ်ရှိတယ်။

  • မိသားစု တိုင်းမှာ temple ကိုယ်စီရှိကြတယ် ဒီ‌ကျောင်းဆောင်တွေက ကောင်းကင်ဘုံနဲ့ ချိတ်ဆက်ပေးတယ်လို့ဆိုတယ်။ ရွာတိုင်းမှာဆိုရင်လည်း temple ကြီး ကိုယ်စီရှိကြတယ်။ ဒီဘုရားကျောင်းတွေက သူတို့ သေဆုံးတဲ့အချိန်မှာ ကောင်းကင်ဘုံနဲ့ ချိတ်ဆက်ပေးတယ်ဆိုပါတယ်။

  • ကျွန်တော်တို့မှာ states တွေရှိသလို သူတို့ဆီမှာ 34 provinces ရှိတယ် အခု 38 provinces ရှိတော့မယ်ပြောတယ်၊ ဘာလီကတော့ provinceတွေထဲက တစ်ခုဖြစ်တယ်။

  • province တစ်ခုကို governor တစ်ယောက်အုပ်ချုပ်တယ်၊ သူတို့ election က ဖေဖော်ဝါရီမှာပြီးသွားပြီ။ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတာက နိုဝင်ဘာမှာ လုပ်မယ်လို့ပြောတယ်။

  • အင်ဒိုနီးရှားမှာက လူမျိုးပေါင်း ၂၀၀ ကျော်ရှိတယ်။ ဘာသာစကားတစ်မျိုးစီပြောကြတယ်။ မြန်မာပြည်ထက် diverse ပိုဖြစ်တယ်ပြောရမယ်။

  • ရုံးသုံးစကားကတော့ အင်ဒိုနီးရှားစကားဖြစ်တယ်၊ အင်ဒိုနီးရှားစကားအပြင် ကျောင်းမှာ English အပြင် Japanese ကို မူလတန်းကျောင်းမှာ သင်ကြတယ်ပြောတယ်၊ ဒီမှာက Japanese investment ရှိလို့ ဂျပန်စာကို သင်ကြတယ်ပြောတယ်။

  • ကြာသပတေးနေ့တိုင်းရိုးရာဝတ်စုံဝတ်ကြတယ်‌။ ရိုးရာ အနေနဲ့ ဝတ်တာလား အစိုးရက သတ်မှတ်ထားလို့ ဝတ်ကြတာလား မမေးမိဘူး။ ဘာပဲ ဖြစ်ဖြစ် ရိုးရာယှဥ်ကျေးမှုကို ထိန်းသိမ်း‌ရာရောက်တာမို့ ကောင်းမွန်တဲ့ အလေ့အထလို့ ဆိုရမယ်။

  • သူတို့ ဝတ်ကြတာက အမျိုးသားဆိုရင် ‌Udeng လို့ခေါ်တဲ့ ခေါင်းပေါင်းဆောင်းတယ်။ အမျိုးသမီးတွေက မြန်မာလိုပဲ Sarong လို့ခေါ်တဲ့ ထမိန်ဝတ်တယ်။

  • အင်ဒိုနီရှားနိုင်ငံမှာက ကျွန်ပေါင်း ၁၇၆၆၇ ခုရှိတာရယ် လူမျိုးပေါင်း ၂၀၀ ကျော်ရှိတာရယ်ကြောင့်မို့ manage လုပ်ရတာ မလွယ်ဘူးဆိုပါတယ်။

  • အောက်ကတော့ Penataran Agung Lempuyang ဘုရားကျောင်းမှာမှာရိုက်ထားတာပါ။တောင်ပေါ်မှာရှိပြီး အတက်မတ်ပါတယ်။ တောင်ခြေအထိကိုယ့်ကားနဲ့ကိုယ်သွားကြပြီး တောင်ခြေကနေ တောင်တက်တဲ့ကားနဲ့ ပြန်ပြောင်းစီးကြတယ်။ အောက်ကတော့ တောင်ပေါ်က ဘုရားကျောင်းမှာ မိသားစု ရိုက်ထားတဲ့ပုံပါ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
1st May 2024
Myanmar



0
0
0.000
24 comments
avatar
(Edited)

PIZZA!

$PIZZA slices delivered:
myanmarkoko tipped princekham
asterkame tipped princekham
@princekham(1/10) tipped @myanmarkoko
princekham tipped asterkame
princekham tipped tin.aung.soe

0
0
0.000
avatar

I think it was a happy trip!
!LUV
!PIZZA
!MEME

0
0
0.000
avatar

တောင်ပေါ်မှာ ကန်တည်ထားတာလားဗျ။
ရှူခင်းကတော့ မိုက်တယ်နော်။
မျှဝေပေးတာ ကျေးဇူးပါဗျ။

!PIZZA

!LUV

0
0
0.000
avatar

ဖုန်းကိုမှ အောက်က မှန်ထောင်လိုက်တာ။ သူတို့ရိုက်ပုံကို ဓါတ်ပုံမရိုက်လိုက်ရ ဘူး
Thanks!
!PIZZA !PGM
!LUV !PGM

0
0
0.000
avatar

လူမျိုးပေါင်း နှစ်ရာတောင်ရှိသတဲ့လား။
ကိုယ်တွေဆီမှာ အနည်းငယ်နဲ့ ပြဿနာပေါင်းစုံ။
!LOLZ
!MEME

0
0
0.000
avatar

သူတို့ ဆီမှာက ဟိန္ဒူတောင် အမျိုးအစား ကွဲကြသေးတယ်ပြောတယ်။. သူတို့ စီမံတဲ့ ပုံကို ကို လေ့လာ သင့်တယ် ထင်ပါတယ်.
Thanks!
!LOL !PGM

0
0
0.000
avatar

ပုံကြည့်ရတာတောင် ပျော်စရာကြီးနော်

0
0
0.000