ပင်းတယ ရွှေဥမင်သို့ တစ်ခေါက် (၂)
အားလုံးပဲ မင်္ဂလာပါ။
ကုံလုံဆရာတော်ရဲ့ ပုံတူဖယောင်းဆင်းထုကိုဖူးပြီး ဆရာတေ်ကျောင်းကနေ ပင်းတယ ရွှေဥမင်ဘုရားကို ခရီးဆက်ခဲ့ပါတယ်။ ရွှေဥမင်ဘုရားဂူရောက်အောင် ငါးမိနစ်လောက်မောင်းခဲ့ရတယ် ထင်မိပါတယ်။ သဘာဝဂူ သုံးခုရှိရှိပေမယ့် တောင်ဘက်ဂူနဲ့ အလယ်ဂူကိုပဲ ရောက်ရှိခဲ့ပါတယ်။
ဓါတ်လှေကားနှစ်ခုရှိတဲ့ နေရာက တောင်ဘက်အကျဆုံးဂူဖြစ်ပြီး ကျောင်းဆောင်ကြီးရှိတဲ့ နေရာကတော့ အလယ်ဂူနေရာဖြစ်ပါတယ်။ အောက်ပုံကို ကြည့်ပါ။
ဓါတ်လှေကားရှိရာကိုလှေကားထစ်ကနေ လမ်းလျှောက်တက်တက်ရပြီး အဲဒီ လှေကားထစ်အောက်ခြေထိအောင်တော့ တောင်ခြေကနေ မော်တော်ကားနဲ့ တက်လို့ရပါတယ်။ အောက်ကပုံကတော့ လှေကားထစ်နဲ့စတက်တဲ့ နေရာဖြစ်ပါတယ်။ ဒဏ္ဌာရီကို ပုံဖော်ထားတဲ့ မင်းသား နဲ့ ဧရာမပင့်ကူကြီး ရုပ်ထုတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ပင့်ကူအနောက်က ရုပ်ထုတွေကတော့ ဂူထဲမှာ ပင့်ကူမြှင်တွေနဲ့ အပိတ်ခံထားရတဲ့ နတ်သမီး ခုနှစ်ဖော်ရဲ့ ရုပ်ထုလို့ထင်ပါတယ်။ နတ်သမီး ခုနှစ်ဖော် ပုန်းတလုတ်ကန်ကနေ ရေချိုးအပြန် ဂူထဲမှာ နားခိုနေတုန်း ပင့်ကူကြီးကဂူအဝကို ပိတ်ထားခဲ့တာလို့ ဖတ်ရှုရပါတယ်။
ဓါတ်လှေကားနဲ့တက်ပြီး အပေါ်ရောက်တဲ့အချိန် အပေါ်ကနေမြင်ရတဲ့ ပင်းတယမြို့ နဲ့ ပုန်းတလုတ်ကန်တို့ရဲ့ ရှုခင်းဖြစ်ပါတယ်။
အဲဒီနောက် ဂူပေါက်ဝကို ရောက်ပါတယ်။ အတွင်းမှာတော့ ရှေးကျတဲ့ ရွှေဥမင်စေတီကို ဖူးတွေ့ရပါတယ်။ ဒီစေတီကို အာသောက မင်းကြီးကတည်ထားခဲ့ပြီး အလောင်းစည်သူမင်းက ပြန်လည်ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂူအတွင်းပိုင်းမှာ ဘုရားဆင်းထုအမြောက်အများတွေ့ရပါတယ်။ အလှူငွေကောက်ခံနေတဲ့ ဘကြီး ပြောပြချက်အရ ဂူထဲမှာ ရှေးဟောင်းဆင်းထု ၈၀၉၄ ဆူနဲ့ နောက်တည် ဆင်းထုတေ် ၈၀၂ ဆူ ရှိတယ်လို့ဆိုပါတယ်။ အောက်ပုံတွေကတော့ ဂူတွင်းမှာရှိတဲ့ ဘုရား ဆင်းထုတော်ပုံတွေဖြစ်ပါတယ်။
ထိုင်တော်မူ၊ ရပ်တော်မူ အကြီးအသေး အဆူပေါင်းများစွာ နဲ့ စေတီတော် အချို့ကိုတွေ့ဖူးမြင်ရပါတယ်။ အတွင်းပိုင်းမှာ ဘုရားဝတ်ပြုဖို့၊ တရားထိုင်ဖို့ နေရာတွေကိုလဲ တွေ့ရပါတယ်။
ဂူတွင်းသို့ ထပ်မံ ဝင်ရောက်ဖို့ အောက်ဘက်ကို ဆင်းသွားရတာ ဖြစ်ပါတယ်။ ဂူအဝကနေ အတွင်းပိုင်း အထိ ပေ ၄၉၀ ရှိတယ်လို့ ဆိုပါတယ်။ ဂူအောက်ဘက်သို့ ဆင်းရာလမ်းမှာ ချွေးထွက်ကိုယ်စားတော် ဆင်းထုနှစ်ဆူကို ဖူးတွေ့ရပါတယ်။ ဒီဆင်းထုတော်နှစ်ဆူကနေကနေ ချွေးထွက်လို့ တခြားဆင်းထုတော်တွေလို့ ရွှေချလို့ မရဘူးလို့ ဆိုပါတယ်။
အတွင်းဘက်ထပ်မံဝင်ရောက်တဲ့အခါမှာတော့ အတွင်းဘက် ဂူကြီးထဲကို ရောက်သွားပါတယ်။
နောက်ထပ်ဆက်သွားရင်တော့ တံတားတစ်ခုကို ဖြတ်သွားရပါတယ်။ တံတားအောက်မှာတော့ ရေမရှိတဲ့ ရေကန်တစ်ခုကိုတွေ့ရပါတယ်။ မိုးတွင်းလိုအချိန်မှာတော့ ရေရှိမယ်ထင်ပါတယ်။
တံတားကို ကျော်လာပြီး ဂူအတွင်းပိုင်း ထပ်မံ ရောက်ရှိအပြီးမှာတော့ ဂူအတွင်းဆုံးပိုင်းကို ရောက်လာပါတယ်။ ကျောက်စက်ပန်းဆွဲ နဲ့ ကျောက်စက်မိုးမျှော်တို့ အပေါ်အောက်ဆက်ပြီးဖြစ်လာတဲ့ ကျောက်စက်တိုင်ကိုလဲ တွေ့ရှိရပါသည်။
စာရေးသူ မြင်တွေ့ မိသလောက် ဂူအောက်အတွင်းပိုင်း ကဘုရားဆင်းထုတော်အများစုဟာ နောက်ပိုင်းခေါတ်မှ တည်ထားတဲ့ ဆင်းထုတော်တွေလို့ ထင်ပါသည်။ ရှေးခေါတ်ဘုရားနဲ့ နောက်ပိုင်းခေါတ်မှာ တည်ထားသောဆင်းထုတော်တွေကို စာဖတ်သူတို့လဲ အလွယ်တကူ ခွဲနိုင်မယ်ထင်ပါတယ်။ ဘုရားဆင်းထုတော်တွေရဲ့ အောက်မှာတော့ ပြုပြင်မွန်းမံသူတွေရဲ့နာမည်တွေကို တွေ့ကြရပါတယ်။ အလှူရှင်တွေထဲမှာ နိုင်ငံခြားသားအလှူရှင်အချို့ကိုလဲ တွေ့ရပါတယ်။ ပြီးတော့ ဆင်းထုတော် အချို့မှာ သူတို့ရဲ့ထုလုပ်ခဲ့တဲ့ ခေါတ်ကို လဲ ရေးသားထားတာကို တွေ့ရှိရပါတယ်။
ဂူလမ်းဆုံးကို ရောက်ရှိအပြီးမှာတော့ အပြင်ဘက်ကို ပြန်လည်ထွက်ခွါခဲ့ပါတယ်။ ဂူအပြင်မှာ အလယ်ဂူမှာရှိတဲ့ ဆင်းထုတော်ကြီးကို ဖူးဖို့ ဘယ်ဘက်ကိုလမ်းညွှန်ထားတာကို တွေ့လို့ အလယ်ဂူကို ဆက်ပြီး သွားရောက်ခဲ့ပါတယ်။ အလယ်ဂူကတော့ ဒဏ္ဌာရီအရ ပင့်ကူကြီးနေထိုင်တဲ့ (ရှိတဲ့) ဂူကြီးဖြစ်ပါတယ်။ လမ်းအနည်းငယ်လျောက်ပြီး အလယ်ဂူကို ရောက်တဲ့အချိန်မှာတော့ ဂူဝင်ပေါက်ကို မတွေ့ရပဲ ဉာဏ်တော်မြင့်မားပြီး သပ္ပယ်လွန်းတဲ့ ဆင်းထုတော်ကြီးကို ဖူးမြင်ရပါတယ်။ အလယ်ဂူမှာရှိတဲ့ ဘုရားများအားလုံးဟာ (ပုဂံအလိုတော်ပြည့်ဆင်းထု တစ်ဆူကလွဲလို့) ရှေးဟောင်းဆင်းထုတွေဖြစ်ပြီး နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိတယ်လို့ ဂူအတွင်းမှာ တရားအားထုတ်နေတဲ့ ရဟန်းတစ်ပါးကပြောပါတယ်။ ဒီဆင်းထုတွေရဲ့ ထူးခြားချက်ကတော့ လက်တော်အောက်မှာ ဆင်ရုပ်ရှိနေတာဖြစ်ပါတယ်။
အလယ်ဂူကဘုရားကိုဖူးပြီး အခါမှာတော့ အချိန်အနည်းငယ်လင့်ပြီမို့ အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တတိယဂူကို မရောက်ဖြစ်ခဲ့ပါ။ သွားဖို့လဲ မသိခဲ့ပါ။ အလယ်ဂူဆင်းထုတော်ကြီးနောက်ကျောမှာ ဂူကြီးရှိသေးလား၊ ရှိခဲ့ရင်လဲ ဒဏ္ဌာရီအဆိုအရ ပင့်ကူကြီး နေခဲ့လား ဆိုတာ မသိပါ။ ပြီးတော့ ဒီပင့်ကူကြီးက အခု ဖူးမြင်ခဲ့ရတဲ့ ဆင်းထုတော်ကြီးလောက်ပဲ အရွယ် ကြီးသလား။ စိတ်ဝင်စားစရာ အတွေးဝင်မိပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
@princekham
7th Dec 2022
Myanmar.
Really big cave. Thanks for your sharing!
!LUV
!PIZZA
!MEME
!hiqvote
@princekham, @asterkame(5/5) sent you LUV. wallet | market | tools | discord | community | <>< daily
HiveWiki
HiveBuzz.me NFT for Peace
Credit: ninjamike
Earn Crypto for your Memes @ HiveMe.me!
<
@asterkame, the HiQ Smart Bot has recognized your request (4/3) but the daily limit has been reached or the mana is too low. Try again later.
As a consolation, @princekham gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
အတော်လေးစုံလင်အောင် ရေးပြထားတာ ကောင်းမွန်လှပါတယ်...ရွှေဥမင်ဂူဘရားအကြောင်း ဗဟုသုတ အဖြစ် သိရှိခဲ့ရပါတယ်ခင်ဗျာ...!PGM !LUV
@princekham, @uthantzin(7/10) sent you LUV. wallet | market | tools | discord | community | <>< daily
HiveWiki
HiveBuzz.me NFT for Peace
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
ဟုတ်ကဲ့
Thanks!
!LUV PGM
@uthantzin, @princekham(1/10) sent you LUV. wallet | market | tools | discord | community | <>< daily
HiveWiki
HiveBuzz.me NFT for Peace
ကိုယ်တွေ ရောက်ခဲ့တုန်းက တန်ဆောင်မုန်းလ
ဆိုတော့ အေးလိုက် ချမ်းလိုက်တာဗျာ။
!LOLZ
!MEME
lolztoken.com
Gross-eries
Credit: reddit
@princekham, I sent you an $LOLZ on behalf of @htwegyi
Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/6)
Credit: schim2
Earn Crypto for your Memes @ HiveMe.me!
ဟုတ် အခုလဲ ညနေပိုင်းဆို အချမ်းပိုပါတယ်
!PGM !MEME !LOL
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
Credit: patlebo
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
He was a terrible conductor.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @princekham
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
(2/4)
ဂူထဲမှာ Ventilation ကောင်းသလား..? ရှေ့ဟောင်းဘုရားတွေနဲ့ စိတ်ဝင်စားစရာပဲ။ !PIZZA
မွန်းကြပ်တာမျိုးတော့ မခံစားရပါဘူး။ ကောင်းတယ်လို့ပြောရမယ် ထင်ပါတယ်။
Thanks!
!PIZZA
I gifted $PIZZA slices here:
kachinhenry tipped princekham (x1)
@princekham(2/5) tipped @kachinhenry (x1)
Send $PIZZA tips in Discord via tip.cc!