Modern Numerology - အနှစ်ချုပ်စုစည်းမှု

avatar

atoz.png
သင်္ချာဗေဒအကြောင်းကို နေ့စဉ်ရေးခဲ့သည်မှာ ၁ လ ရှိပါပြီ။ ယနေ့တွင် ရေးသားပြီးသော သင်္ချာဗေဒ အကြောင်းအရာ ၃ မျိုးကို လင့်ခ်ချိတ်၍ ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ပါသည်။ မိတ်ဆွေများအနေဖြင့် Reblog လုပ်၍၎င်း၊ ဖုန်း သို့မဟုတ် ကွန်ပြူတာတွင်၎င်း၊ ဆန္ဒရှိပါက သိမ်းဆည်းထားနိုင်ပါသည်။

ပထမအကြောင်းအရာ - ဂဏန်းတလုံးချင်းစီ၏ အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သဘာဝများကို အကျဉ်းချုပ်အားဖြင့် အစဉ်လိုက် ရေးသားခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဂဏန်းတလုံးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်များအကြောင်းဖြစ်သောကြောင့် သင်္ချာဗေဒကို လေ့လာသူအနေဖြင့် မှတ်သားထားရမည် ဖြစ်ပါသည်။

ပထမအကြောင်းအရာ - Meaning of Numbers ကို နှိပ်၍ ဖတ်ပါ။

ဒုတိယအကြောင်းအရာ - ဂဏန်းသုံးလုံးတွဲအကြောင်း ဖြစ်ပါသည်။ ဂဏန်းသုံးလုံးတွဲကို မြားတစင်းဟု တင်စားခေါ်ဝေါ်၍ သုံးလုံးတွဲ၏ သီးခြားစွမ်းရည် သတ်မှတ်ချက်များကို ရေးသားခြင်း ဖြစ်ပါသည်။ မွေးနေ့၊ မွေးလ၊ မွေးနှစ် အပေါ်မူတည်၍ မတူညီသော သုံးလုံးတွဲ စွမ်းရည်များအကြောင်း ဖြစ်ပါသည်။

ဒုတိယအကြောင်းအရာ - Strength Arrows ကို နှိပ်၍ ဖတ်ပါ။

တတိယအကြောင်းအရာ - ၂၀၂၂ နှစ်သစ်ကူးချိန် ဖြစ်သောကြောင့် တနှစ်တာအတွင်း လူတဦးချင်းစီ၏ ကိုယ်ပိုင်စိုးမိုးဂဏန်း အဓိပ္ပါယ်ဖော်ပြချက်များ ဖြစ်ပါသည်။ တနှစ်တာ ခန့်မှန့်ဟောကိန်းနှင့်အညီ လိုက်လျောညီထွေ ကျင့်ကြံအားထုတ်သင့်ကြောင်း ဖြစ်ပါသည်။ ၉ နှစ်လျှင် တပတ်လည်၍ အတိတ်နှစ်များ၊ အနာဂါတ်နှစ်များကိုလည်း တွက်ချက်သိရှိနိုင်ပါသည်။

တတိယအကြောင်းအရာ - 2022 Prediction All Numbers ကို နှိပ်၍ ဖတ်ပါ။

သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ စာဖတ်သူ မိတ်ဆွေအားလုံးအတွက် ဗဟုသုတဖြစ်ဖွယ် ပို့စ်များကို ကြိုးစားရေးသားပေးပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
15.01.2022



0
0
0.000
3 comments
avatar
(Edited)

စိတ်ဝင်စားစရာ​ကောင်းတဲ့ ​မော်ဒန်သင်္ချာပါ ရှာ​ဖွေတင်​ပေးတဲ့အတွက် စာဖတ်သူ​တွေ ဗဟုသုတ တိုးစေပါတယ်

0
0
0.000
avatar

စိတ်ဝင်စားစရာ ပညာရပ်တွေပါပဲ အခုလို အချုပ်လေး လုပ်ပေးထားတော့ တနေရာထဲမှာ ဖတ်လို့ရတာပေါ့။ !PIZZA

0
0
0.000