နှင်းမေတ္တာသွန်း-၃၅

avatar
(Edited)

img_0809.jpg

ထိုအချိန်မှာဘဲ လှေးခါးရဲ့နောက်ခြမ်းဘက်အခန်းက အိပ်နေရင်းယောင်ရမ်းပြောလာတဲ့ စကားသံတစ်ခုလို ထွက်လာခဲ့တယ်။ဓားမြကလည်း လှေးခါးဘက်ကိုဆင်းမယ့်ခြေလှမ်းများကို ဆက်ခနဲ ပြန်ယုတ်ခါ အသံလာရာအခန်းဘက်ကို ခြေဖျားလေးထောက်ခါနင်းရင်း ဝင်အကြည့်လိုက်မှာဘဲ အပျိုကြီးနှစ်ယောက်ရဲ့မွေးစားသားက အိပ်မောကျနေလေရဲ့။

img_1644.jpg

ဒါနဲ့ လူစိမ်းလည်း ခဏလောက်ရပ်စဉ်းစားလိုက်ပီးပြန်လှည့်တော့မည်အလုပ်မှာ သားတော်ချောက ထပ်ပီးယောင်တာပေါ့။ အဲ့ဒီယောင်စကားပြောတာကို ပြန်လှည့်ပီး ပါလာတဲ့ဓာတ်မီးနဲ့ ရင်ဘက်တည့်တည့်ကို ထိုးမိလိုက်တော့ လည်ပင်းကဆွဲကြိုးက အထင်းသား။ ဒါပဲပက်ရှာနေတဲ့ လူစိမ်းက ရေကန်အသင့်ကြာအသင့်ဆိုသလို တစ်စောင်းလေး ထွက်ကျနေတဲ့ ဆွဲကြိုးအစကို ဆက်ခနဲဆို ဆွဲစောင့်လိုက်တော့ သားတော်မောင်က သူ့ကို ခြင်ကိုက်လို့ရိုက်ပေးတယ်အထင်နဲ့ ကျောပေးပီး တစ်ဘက်ပြန်လှည့်သွားလေရဲ့။

img_1632.jpg

အင်း လူစိမ်းကတော့ ဒီတစ်ခေါက်ဓားမြတိုက်ရတာ အလွဲသားလို့တောင် အော့က်မေ့နေမပေါ့။တကယ်တော့ မွေးစားသားလေးမောင်ငမင်းဟာ အအိပ်ကျွတ်တဲ့ကောင်လေးတစ်ယောက်ပါပဲ ဖြစ်ချင်တော့ အဲ့နေ့ နေ့လှည့်ခင်းလောက်ကတည်းက ညနေစောင်းအထိ ဆွေမျိုးတွေအိမ်မှာ အလုပ်အစား လုပ်နေရာကနေ သူငယ်ချင်းတွေစုမိတော့ သောက်ကြစားကြရင်းကနေ အိမ်ပြန်ရောက်ကတည်းက အိမ်ပေါ်တက်အိပ်ပျော်နေခဲ့လို့ပေါ့ကွယ်။

img_0911.heic

အဲ့ဒါနဲ့ လူစိမ်းဟာအိမ်အောက်ကို ရောက်သွားနဲ့
" ဆရာ တောင်ဘက်အိမ်ကို ဝင်မွေရမယ်"ဆိုပီး အသွားမှာပဲ အမေကြီးရဲ့ နားတစ်ဖက်မှာရှိတဲ့ နားကပ်ကိုမြင်ပီး တခါဖြုတ်ခိုင်းလေရဲ့"ကောင်မလေးဖြုတ်ထားနော် ငါတို့ပြန်ရောက်မှ မပီးရင်တော့ နာပီသာမှတ်"ဆိုပီး ဓားကြိမ်းကြိမ်းသွားသေးတာ။အဲ့ဒါနဲ့ အမေကြီးလည်း တဖြည်းဖြည်းထိုင်ရင်းရွေ့ရွေ့သွားတာနဲ့ အိမ်ကြီးရဲ့ တဆက်မိက်နားထိ နေရာယူ
င်းနဲ့ နားကပ်ဖြုတ်နေခဲ့ရတယ်။

img_1630.jpg

ဒေါ်တင်အုံးကတော့ သူတို့က်ုစောင့်နေခဲ့တဲ့ ဓားမြတွေကို အကြောက်အလန့်မရှိ ကပ်ကပ်လန်အောင်ထထပြောနေလို့ အရိုက်ခံလိုက်ရ ငြိမ်သွားလိုက်ဖြစ်နေတုန်းပေါ့ ။ဟိုလူစိမ်း(၃)ယောက်ကတော့ ငှက်ကြီးတောင်ဓားကိုယ်စီနဲ့ တောင်ဘက်အိမ်ထဲက အဖေကြီးရဲ့အကို ဘိုးကြည်းသောင်းကိုသွားဖမ်းကြလေရဲ့။လူသုံးယောက်လည်း အိမ်ပေါက်ဝကိုရောက်တော့ ချက်ချင်းမဝင်ကြဘူး အကဲခက်နေရင်းနဲ့ အပြင်ကနေ လှမ်းပြောလိုက်တယ် "အဘိုးကြီး ခများဘာသာထွက်လာမှာလား ဒါမှမဟုတ် ခများအမကြီးပဲ ဓားစာခံအနာခံမလား "ဆိုပီးအပြင်ကနေ ခြိမ်းခြောက်နေရတာပေါ့။

img_0283.jpg

ခြိမ်းခြောက်ဆို သူတို့ကိုယ်တိုင်က အဲ့အိမ်ထဲဝင်မလာရဲကြဘူး။ဘာလို့လည်းဆိုတော့ ဒီရွာတစ်ဝိုက်မှာ ဘိုးကြည်သောင်းက ဓားရေးလည်း ထူးချွန်ပီး နာမြည်ကြီးပေါ့။၃/၄ယောက်လောက်ကတော့ ရေတစ်ခွက်သောက်တာလောက်ပဲကြာသတဲ့။ ပီးတော့သူက လက်တလောမှာလည်း သိုင်းသင်တန်းပို့ချနေသူဖြစ်လေတော့ သူတို့အတွက် ရှေ့ကို ခြေတစ်လှမ်းမတိုးဝံ့ဆိုလည်း မတိုးရဲစရာပေါ့။ တိုးရင်လည်း ခေါင်းအပို ပါလို့သာမှတ်ပေါ့သမီးရယ်။

အဲ့ဒါနဲ့ သူတို့က ခြိမ်းခြောက်လိုက်တော့..ဘိုးကြည်သောင်းလည်းစဉ်းစားမိတယ်ပေါ့ "အင်း..ငါလည်း ခုအချိန်မှ ထပီးခုခံရင်လည်း မြောက်အိမ်ထဲကလူတွေပဲ ပိုနာမှာ ခုကိုအတော်လေး ဝေဒနာတွေခံစားနေရမှာပဲ "ဆိုပီး ဆွဲထုတ်ထားတဲ့ ဓားကို ဓားအိမ်ထဲအသာပြန်သွင်းလိုက်တယ်။ ပီးတော့သူမိန်းမကိုမေး လိုက်တယ် "ပစ္စည်းတွေအကုန်မြေထဲမြုပ်ပီးပလား" မိန်းမဆီက မြုပ်ပီးပီဆိုတဲ့အသံကြားပီးနောက် သူ့လက်ကို အပေါ်မြောက်ခါ အိမ်အပြင်ဘက်ကိုထွက်သွားခဲ့တော့တယ်။

အဲ့အချိန်ကြမှ (၂)ယောက်သား ဓားနဲ့ လည်မြိုကိုပြေးထောက်ထားပီးမှ ကျန်တစ်ယောက်က လက်ကိုနောက်ပြန်ကြိုးတုတ်ကာ နောက်ကနေ ပကောက်ကွေးကို ဆောင့်ကန်လိုက်တော့မှ ရှေ့ကိုဒူးထောက်သားကြသွားလေ​၏။ ဓားမြ(၂)ယောက်ကလည်း ဒီအိမ်ကြီးကို လာမတ်ုက်ခင်ကတည်းက ဒီအိမ်မှာ ဘယ်သူတွေရှိတယ်ဆိုတာ အကုန်စုံးစမ်းထားရှိပီးသားပေါ့။ ခုလည်း ဘိုးကြည်သောင်းကိုတော့ ဒူးထောက်ခိုင်းထားရုံမျှမက မြေပြင်နဲ့ ရင်ဘက်အပ်မှောက်ခိုင်းထားပီးမှလက်ပြန်ကြိုးတုတ်ခါ အပေါ်ကနေတစ်ယောက်စောင့်ထားရတဲ့အထိပေါ့။

အဲ့ဒီတစ်ချိန်တည်းမှာပဲ အနောက်အိမ်က ပစ္စည်းတွေလည်း ဝင်ပီးလှန်လော မှောက်ထားခဲ့ကြတာပေါ့။အိမ်ကြီးအောက်ပြန်ရောက်တော့ ဒေါ်တင်အုန်းက သူ့ပိုင်တဲ့ ကျွန်းသေတ္တာကြီးကို စိတ်ကြိုက်ဝင်မွေသွားတဲ့ကောင်တေကို ပါးစပ်က တတွတ်တွတ်နေရာကနေ"ဖြောင်း ဖြောင်း"ခများကြီးက နာချင်လို့ကို "ဆိုပီး ခေါင်းဆောင်က ပါးတွေကိုဘယ်ပြန်ညာပြန်ရိုက်ချပေးလိုက်တယ်။ အဲ့အသံကို အိမ်အပြင်ဘက်ဝင်းထဲကကြားသွားတဲ့ ဘိုးကြည်သောင်းက"ဟေ့ကောင်တွေ မင်တို့တော်လောက်ပြီနော်"လို့ပြန်ပြောလိုက်တော့ ငြိမ်သွားပြန်တယ်။

"ဟေ့ကောင်တွေ လူပြန်စုဟေ့"လို့ပြောနေရင်း ဓားမြတစ်ယောက်က အမေကြီးကိုဖြုတ်ခိုင်းထားတဲ့ နားကပ်တစ်ခု သွားယူတော့"နားကပ်က ခုအချိန်ထိမရသေးဘူးလား ပေးစမ်းငါ့ကို နားရွက်ကိုဓားနဲ့လှီပစ်အုံးမယ်" ဆိုတော့"အမေကြီးကလည်း"ဒီနားဖြုတ်ရင်း ဘယ်လို ပြုတ်ကျသွားလည်းမသိဘူးဘာဘာပေါ့ဗျာ" အဲ့ဒါနဲ့ ဓားမြကစိတ်စိုးလေပီကော"ပါလာတဲ့ ဓာတ်မီးနဲ့ပက်ထိုးပီးရှာတာကိုကအကြာကြီး ဘယ်တွေ့မလည်း အမေကြီးက သူ့ခြေဖဝါးအောက်တပ်နင်းထားတာကိုး။အဲ့အချိန်မှာပဲ ခေါင်းဆောင်ပြောလိုက်တဲ့အသံကြောင့်"ပြန်ဆုတ်မယ် ပြန်ဆုတ်မယ်"ဆိုပီး သေနက်သံ(၂)ချက်ပေးအပီး သူ့အဖွဲ့တွေလည်းထွက်ခွါသွားတော့ မောင်မင်းကြီးသားလည်းမနေနိုင်တော့ဘဲ ဟိုအကောင်တွေနောက် သုတ်ချေတင်လိုက်သွားရလေတော့​၏။ဤဖြစ်ရပ်မှန် ဇာတ်လမ်းလေးအား ဒီမှာတင်တစ်ခန်းရပ်ခဲ့ပါတော့မည်။ဖေဖေတို့ လသားအရွယ်တုန်းက ဖြစ်ခဲ့တာဆိုတော့ ခုအချိန်ဆို (၃၁)နှစ်လောက်ပေါ့။သားမီးငယ်လေး သိထားရုံပါပဲကွယ်။ဖေဖေ သတိရတယ်နော် သမီးချစ်တဲ့ဖေဖေ။
photos by sheinthu
@sheinthu(10/1/2022)Mon (9:00)pm



0
0
0.000
11 comments
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
sheinthu tipped suhlaing (x1)
sheinthu tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
tin.aung.soe tipped sheinthu (x1)
@htwegyi(4/5) tipped @sheinthu (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အပိုင်းဆက်​တွေပါလား ပြန်ရှာဖတ်ပါ့မယ်

0
0
0.000
avatar

ကိုရီးယားကားများလိုလေ..သိတယ်မို့လား။
လုံးချင်းထုတ်မယ်😜။!PIZZA !LOL

0
0
0.000
avatar

ဆရာရေ... လူသစ်တွေကို ကြိုးစား Vote ပေးနေရလို့ ကျွန်တော် Vote မပေးနိုင်တာ သည်းခံပါနော့ !LOL. !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့အကိုဟင်။

ကျနော်လည်း လူသစ်တွေမရမရှိရလေအောင် စုံနိုင်အောင်လိုက်ပေးနေဖြစ်တယ်။!PIZZA !LOL

0
0
0.000
avatar

စိတ်ဝင်စားစရာ စိတ်မကောင်းစရာပါ။
!PIZZA

0
0
0.000