မာလာငါးပေါင်း စားလို့ကောင်း

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

မနေ့က လတ်ဆတ်သော ငါးတစ်ကောင် ဝယ်ယူရရှိခဲ့ပါတယ်။
ဒါနဲ့ ငါးမာလာပေါင်း ချက်ပြုတ်စားရန် စီစဉ်လိုက်ပါတယ်။
img_0.2292033718833852.jpg
ငါးမာလာပေါင်း ဟု အမည်ပေးထားသော်လည်း ငါးကောင်လုံးအရည်သောက်ချက် ဟု ဆိုက ပိုမှန်ပါမည်။

ဤ ငါးဟင်းလျာ ၌ ပါဝင်သော ဟင်းခတ်ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ငါးကြီးတစ်ကောင်
ခရမ်းချဉ်သီး
ကြက်သွန်နီ
ကြက်သွန်ဖူး
ကြက်သွန်ဖြူ
ဂျင်း
နနွင်းမှုန့်
တရုပ်နံနံ
ငရုတ်သီး
ဆား
သကြား
ဆီ
ရေ

ပထမဦးစွာ ငါးကို ဗိုက်ခွဲကာ ရေဖြင့် ဆေးကြောပါသည်။
ထို့နောက် ငါးကို ဓားဖြင့် ခြစ်ကာ ဆား၊ နနွင်းမှုန့် ဖြင့် လူးနယ်ထားပါသည်။
img_0.8697245717828284.jpg
ထို့နောက် ကြေညက်အောင် ကြိတ်ခြေထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊တရုပ်နံနံ နှင့် ငရုတ်သီးစိမ်း တို့ကို ငါး၏ ဗိုက်အတွင်းသို့ ထည့်ပါသည်။

ထို့နောက် အစိတ်အမွှာအဖြစ် ဓားဖြင့် လှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆား နှင့် သကြား တို့ကို ဆီဖြင့် ဒယ်အိုးထဲမှာ အနှစ်ရသည်အထိ ကြော်ပါသည်။
img_0.8376229828779517.jpg
ထို့နောက် အထက်ပါ ပြင်ဆင်ဆင်ထားသော ငါးတစ်ကောင်လုံး ကို ထိုဒယ်အိုး ထဲသို့ ထည့်လိုက်ပါသည်။
ငါးတစ်ကောင်လုံးကို ဟင်းနှစ်များဖြင့် လူးနယ်ပြီးနောက် ရေထည့်ပါသည်။
img_0.2690116078469472.jpg
ဟင်းရည်များ ပွက်ပွက်ဆူလာသောအခါ စိတ်မွှာထားသော တရုပ်နံနံ နှင့် ကြက်သွန်ဖူး တို့ကို ဒယ်အိုးထဲသို့ ထပ်မံ ထည့်လိုက်ပါသည်။

ထိုနောက်တွင်တော့ အရသာပြည့်ဝသော ငါးဟင်းလျာ ကို ရရှိပါပြီ။
img_0.2292033718833852.jpg
ဤသည်မှာ ကျွန်တော်၏ အရသာရှိသော ငါးမာလာပေါင်း ချက်ပြုတ်စားသောက်နည်း ဖြစ်ပါသည်။

မိတ်ဆွေတို့ ကျန်းမာရေးနှင့်ညီညွတ်သော၊ အရသာထူးကဲသော ငါးဟင်းလျာ ကို စားသောက်လိုပါလျှင် အထက်ပါနည်းအတိုင်း ချက်ပြုတ်စားသုံးနိုင်ပါသည်။

အရသာကောင်းတာများ စားသောက်ရလျှင် ချစ်ခင်ရသောသူများကို သတိရမိသည်မှာ ဖြစ်လေ့ဖြစ်ထပါပဲလေ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး



0
0
0.000
12 comments
avatar

မြင်တာနဲ့တောင် သွားရည်ကျလာပြီ 😋😋

0
0
0.000
avatar

ချက်ကျွေးချင်ပါ့ဗျာ

0
0
0.000