Road To The Clouds

Hello friends.
It has been raining for three days now.
It rains in the evening and at night, so it is hot in the afternoon.
When the clouds are gone, the heat is reduced by the clouds.
This morning it was still cloudy with heavy rain last night.

img_0.8490890136402653

It is good to travel in cold weather.
For someone like me who can only ride a motorcycle, cold weather is a good way to travel by motorcycle.
By motorcycle, it is not good to travel when it is raining.

img_0.49651111270397985

As I rode my motorcycle, it was nice to see the beauty of the clouds in the sky.
The reason I can see the beauty of the clouds is probably because I love the clouds.
When the sun shines on the clouds, it is more beautiful and lovable.

img_0.9178473081310866

The clouds are lovely, it may be because they can relieve me of the heat.

Imagining as a child, I want to jump on the clouds and ride.
How much better it would be to travel on the clouds!
How much happier it would be to float with the clouds!
Just imagine.

Tin Aung Soe

[Burmese]
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီရက်ပိုင်း ကောင်းကင်ပြင်မှာ မိုးတိမ်တွေ ထူထပ်နေပြီး မိုးရွာတာ သုံးရက် ရှိပါပြီ။
မိုးရွာတာက ညနေ နှင့် ညပိုင်းတွေ ရွာကျတာမို့ နေ့ခင်းဘက်မှာတော့ ပူပါတယ်။
နေလုံးကြီးကို မိုးသားတိမ်လိပ်တွေ ကွယ်သွားတဲ့အချိန်လေးမှာတော့ မိုးအုံ့နေလို့ အပူလျော့ပါတယ်။
ဒီမနက်မှာလည်း ညက ရွာကျထားတဲ့ မိုးအရှိန်ဖြင့် အုံ့မှိုင်းနေဆဲပါပဲ။

မိုးအေးအေးလေးနဲ့ ခရီးသွားရတာ ကောင်းပါတယ်။
ကျွန်တော်လို ဆိုင်ကယ် ပဲ စီးနိုင်သူ အတွက် မိုးအေးနေတာက ဆိုင်ကယ်စီးလို့ ခရီးသွားကောင်းပါတယ်။
ဆိုင်ကယ်နဲ့ဆိုတော့ မိုးရွာရင်တော့ ခရီးသွားလို့ မကောင်းဘူးပေါ့။
img_0.8490890136402653
ကျွန်တော်လည်း ဆိုင်ကယ်စီးပြီး သွားလာနေရင်း ကောင်းကင်မှ မိုးတိမ်လွှာတွေ၏ အလှကို ကြည့်ရှုလို့ကောင်းပါတယ်။
တိမ်တွေ၏ အလှကို ကျွန်တော် ကြည့်လို့ကောင်းတာက တိမ်တွေကို ချစ်မြတ်နိုးလို့ ဖြစ်နိုင်ပါတယ်။
တိမ်တွေကို နေရောင်ထိုးရင် ပိုလှပြီး ပိုချစ်ဖို့ကောင်းပါတယ်။

တိမ်တွေဟာ ချစ်ဖို့ကောင်းဆို ကျွန်တော့်ကို အပူဒဏ်သက်သာအောင် လုပ်ပေးနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။
img_0.9178473081310866
ကလေးအတွေးဖြင့် စိတ်ကူးယဉ်ကြည့်ရရင် ကျွန်တော် တိမ်တွေပေါ် ခုန်တက်ပြီး စီးချင်လိုက်တာဗျာ။
တိမ်တွေ စီးပြီး ခရီးသွားရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
တိမ်တွေနှင့်အတူ လွင့်မျောနေရရင် ဘယ်လောက် ပျော်ဖို့ကောင်းလေမလဲ။
စိတ်ကူးယဉ်ကြည့်ရုံသာပါပဲလေ။

တင်အောင်စိုး



0
0
0.000
5 comments
avatar

တိမ်တွေဆီ ခရီးသွားရရင် တကယ်ပျော်စရာပင်
!LOL

0
0
0.000
avatar

တိမ်စီးကြည့်မယ် လိမ့်ကျမှာ ကြောက်ရဘူးလား
!LOL
!PIZZA

0
0
0.000