The Heart Confession and Activities on Rising Star

Hello Friends...
Have a nice day 💗

The Heart Confession...
It means giving a solution to a proposal that someone submits.
When the person we love doesn't believe in our love and does not want to accept it, we have to give a solution.
We must be able to express how we love them.
Only then will our journey of love be smooth, right?
Friends, have you ever been honest with your heart or confession?

Today I want to share a song that I used to sing when I was an university student.
Song Name - Heart Confession
Singer - Alex

Lyrics

In the midnight...
the little dreams that I hoped for...
When the red light came on, everything disappeared...
It was gone.
Which beach will I reach to?
Nights of heartbreak that are not precise,
Our spirits were sailing along the tidy waves.

Remove the pain.
Change Color this world, my love.
I want to be near him...
Please understand.
These songs I sing
are meant for you.
Will Kindness return?
I was waiting.

A kind person's words
still hit my heart.
I really lived for you.
Endless love.
Remove the pain.
Change color this world, my love.
I want to be near him,
Please understand.
These songs I sing
are meant for you.
Will Kindness return?
I was waiting.
I still yearn.

It's good to sing this song with friends and go to the dormitory where the students live.
I used to sing along with my university friends when they went to sing at night to show their love to the girls they loved.

We often feel the pain when our lover is unhappy, right?
Then they ask the lover to remove the suffering.
When the lover's views on us are green, we have to change the color of the world of love to see with blue eyes.
We had to sing about hoping to get back the love from our lover.
Aw, I feel like I'm back in university life, so I share this song.

နှလုံးသား ဖြောင့်ချက်
ဖြောင့်ချက်ပေးတယ် ဆိုတာက တစုံတဦးက တင်သွင်းတဲ့အဆိုကို ဖြေရှင်းချက်ပေးရတာမျိုးပါ။
ကျွန်တော်တို့၏ ချစ်ခြင်းမေတ္တာကို ကျွန်တော်တို့ချစ်တဲ့သူက မယုံကြည်သော လက်မခံချင်သော အပြူအမူ အပြောအဆိုတွေ ပြုမူပြောဆိုလာသောအခါ ကျွန်တော်တို့က ဖြေရှင်းချက်ပေးရပါလိမ့်မယ်။
ကျွန်တော်တို့က သူမတို့ကို ဘယ်လို ချစ်တယ် ဆိုတာ ဖော်ပြပေးနိုင်ရပါမယ်။
ဒါမှသာ ကျွန်တော်တို့တွေ၏ ချစ်ခရီးလမ်းဟာ သာယာဖြောင့်ဖြူးမယ် မဟုတ်လား။
မိတ်ဆွေတို့ရော နှလုံးသားဖြောင့်ချက်တွေ ပေးဖူးကြပါသလား။

ဒီနေ့တော့ ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက သီဆိုခဲ့ဖူးတဲ့ သီချင်းတပုဒ်ကို မျှဝေပေးချင်ပါတယ်။
သီချင်းအမည် - နှလုံးသားဖြောင့်ချက်
အဆိုတော် - Alex

သီချင်းစာသား

သန်းခေါင်ယံညထဲမှာ ...
မျှော်လင့်ပြီးတော့ မက်တဲ့ အိပ်မက်လေးတွေ ...
ရောင်နီအလင်းစက်ရောက်တော့ အားလုံးပျောက်သွား...
ဝေးသွားပြီပဲ။
ဘယ်သောင်ပြင် နားမယ်၊
အသေအချာ အတိအကျမရှိတဲ့ အသည်းကွဲညတွေ၊
ဒီရေလှိုင်းများအတိုင်း တို့ရဲ့စိတ်ဓာတ်များ ရွက်လွှင့်နေခဲ့။

ဝေဒနာတွေ ရုပ်သိမ်းပါဦး။
ဒီကမ္ဘာကို အရောင်ပြောင်းပါ အချစ်ရာ။
ကိုယ် နေချင်တာဟာ သူ့အနားမှာ... နားလည်ပေးပါ။
ကိုယ်ဆိုတဲ့ ဒီသီချင်းတွေလည်း
ရည်ရွယ်ပါတယ် မင်းအတွက်ပဲလေ။
အကြင်နာတွေ ပြန်လာမှာလားကွယ်။
စောင့်နေမိတယ်။

ကြင်နာသူစကားတွေ
ငါနှလုံးသားလေးထဲ ရိုက်ခတ်ဆဲလေ။
တကယ်ပါ မင်းလေးအတွက်နဲ့ အသက်ဆက်နေခဲ့။
မဆုံးတဲ့အချစ်များ။
ဝေဒနာတွေ ရုပ်သိမ်းပါဦး။
ဒီကမ္ဘာကို အရောင်ပြောင်းပါ အချစ်ရာ။
ကိုယ် နေချင်တာဟာ သူ့အနားမှာ နားလည်ပေးပါ။
ကိုယ်ဆိုတဲ့ ဒီသီချင်းတွေလည်း
ရည်ရွယ်ပါတယ် မင်းအတွက်ပဲလေ။
အကြင်နာတွေ ပြန်လာမှာလားကွယ်။
စောင့်နေမိတယ်။
ငါ တမ်းတနေဆဲ။

ဒီသီချင်းကို သူငယ်ချင်းတွေ စုဖွဲ့ပြီး ကျောင်းသူတွေ နေတဲ့ အဆောင် နဘေးမှာ သွားပြီး သီဆိုပြလို့ ကောင်းပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝ သူငယ်ချင်းတွေက သူတို့ချစ်သော မိန်းကလေးတွေကို သူတို့ချစ်တဲ့အကြောင်း သိမြင်စေရန် ညခင်းတွေမှာ သွားရောက် သီဆိုကြသောအခါ ကျွန်တော်လည်း သူတို့နှင့်အတူ လိုက်ပါသီဆိုခဲ့ဖူးပါတယ်။

ချစ်သူက အလိုမကျလို့ စိတ်ကောက်နေတဲ့အခါ ကျွန်တော်တို့တွေ နာကျင်တဲ့ဝေဒနာကို ခံစားရတတ်တယ် မဟုတ်လား။
ထိုအခါ ချစ်သူကို ဝေဒနာတွေ ပေးတာ ရုပ်သိမ်းပေးဖို့ တောင်းဆိုကြရတယ်။
ချစ်သူက ကျွန်တော်တို့တွေ အပေါ် အမြင်တွေ စိမ်းကားနေတတ်တဲ့အခါ အပြာရောင်မျက်လုံးတွေနဲ့ ကြည့်မြင်ပေးဖို့ ချစ်ခြင်းကမ္ဘာကို အရောင်ပြောင်းခိုင်းကြရတယ်။
ချစ်သူဆီက အကြင်နာတွေ ပြန်ရဖို့ ကြိုးစားရင်း မျှော်လင့်နေတယ် ဆိုတဲ့အကြောင်း ရည်ရွယ်ကာ သီချင်းဆိုပြကြရတယ်။
ဪ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ရောက်သွားသလို ခံစားမိရင်း ဒီသီချင်းကို မျှဝေပေးလိုက်မိပါတယ်။

Cover by Z Guitar Only Version

I have reached Level 162, Rank 301 and I completed Missions 10294 in Rising Star Game.

Today, I bought a new CardPack with STARBITS 10000.

I received three cards below;

One Rare Card R486 Iris featured Fans 135, Skill 135, Luck 3 and IM 4,

One Common Card i211 Classic Tuba featured Luck 5 and

One Common Card 167 Mateo featured Fans 10 and Skill 5.

I added STARBITS 50000 to Music Promoter Pool and bid Radio Interview.

Now, there have currently total 1748 Cards in my Rising Star Game.
I am continuing Rising Star Missions with permanent Fans 93890 , Luck 18943, Skill 195789 and Income Modifier 1967.

Let Us play on Rising Star!!!

How are you doing?

If you want to start playing Rising Star, please use my Referral link.

https://www.risingstargame.com?referrer=tin.aung.soe

Thank you for everything.

Tin Aung Soe



0
0
0.000
8 comments
avatar

ကျွန်တော်ကတော့ ေန့တိုင်းဖျောင့်ချက်ပေးနေရတာ။

!PIZZA

!LUV

0
0
0.000
avatar

နွဲ့ဆိုးဆိုးခံနေရတာပေါ့

0
0
0.000