မောင် ဘလက်ကီ

avatar

မင်္ဂလာညချမ်းလေးပါ ရှင့် ။ ဒီနေ့ညတော့ မောင် ဘလက်ကီအကြောင်းလေးကို အပျင်းပြေပြောပြ ပါဦးမယ် ။ မောင်ဘလက်ကီက သူ့မွေးချင်းတွေထဲမှာ ဒုတိယအညှက်ဆုံး ကောင်လေးပါ ။ ငယ်ငယ်က ညဖက်တွေဆို အိပ်တဲ့ မြေကျွင်းထဲကလိမ့်ပြီး မြောင်းထဲကျရင် တစ်ရပ်ကွက်လုံးကြားတဲ့အထိ အသံအောင်အောင်နဲ့ အော်နိုင်တဲ့ ကောင်လေးပါ ။ အာ့တုန်းကတော့ drama တအားခင်းတဲ့ ကလေးပေါ့ ။

img_0982.jpg

အစားစာရင်လဲ အစားမြန်လွန်းလို့ အစာမကြေတွေဖြစ် အန်ကလဲအန် ဆေးခန်းလဲခနခနခေါ်သွားရပါသေးတယ် ။ အခုနောက်ပိုင်း အစာကျွေးချိန်ဆို တစ်ခါထဲ အကုန်မထည့်ပေးပဲ ခွဲခွဲထည့်ပေးရပါတယ် ။ မဟုတ်ရင် နှစ်မိနစ်ထဲနဲ့ ကုန်အောင်စားလိုက်လို့ပါ ။ အခုတော့ သူ့ စားဖော်စားဖက် ဆော့ဖော်ဆော့ဖက် ဖြစ်တဲ့ လူကီ နဲ့ ဘလက်ကီတို့ပဲ အိမ်မာကျန်ပါတယ် ။

ထမင်းစားတဲ့အချိန်ဆို ရန်ဖြစ်ပါပြီ ။ လူကီက မရပါဘူး အစာနဲ့ပက်သက်ရင် အစာထိ အစွယ်ကြည့်ပါ ။ မောင်ဘလက်ကီက သူ့အစာခွက်ကုန်ရင် မသိမသာနဲ့ လူကီ့ ဘေးနားသွားရပ်ပြီး မျက်လုံးလေး ဆွေဆွေကြည့်ပြီး လူကီ မပြီးမချင်းထိုင်စောင့်ပါတယ် ။ အိမ်ကလူတွေတောင် ကိုယ့်ကို သံသယ လာဝင်ကြပါတယ် ။ မျက်နှာလိုက်ပြီး ဘလက်ကီကိုပဲ အစာလျော့ကျွေးနေလားပေါ့ ။ အမှန်က သူအစားမြန်တာ ပါ။ ပိုပိုသာသာလေး ထည့်ကျွေးရင်တောင် ဘလက်ကီက အရင်ကုန်ပါတယ် ။

img_0365.heic

ငယ်ငယ်က မောင်ရုပ်ဆိုးပါ ။ အခုတော့ ဒီမျက်နှာဘေးနဲ့ပါ ။ ဘာမျက်နှာဘေး လည်းကိုမပြောပြတတ်ပါ ။ မှုန်မှုန်ကုပ်ကုပ်နဲ့ ။ သူ့အဖေရုပ်နဲ့ တစ်ပုံစံထဲပါ ။ လမ်းမှာတွေ့ရင် မသိတဲ့သူတွေကတောင် `ဟာ ဒီကောင်တွေ သားအဖတွေပဲ’ ဆိုပြီး သားအဖမှန်း တန်းပြောနိုင်လောက်အောင်ကို ဆင်ပါတယ် ။

img_0803.heic

မမှီတဲ့ ခုံတွေပေါ်ဆိုလဲ လှမ်းလှမ်းပြီး တက်ပါတယ် ။ ညဖက် သူအိပ်နေချိန်ဆို နည်းနည်းလေးတောင် အဖိမခံပါဘူး ။ မာန်ဖီပါတယ် ။ ကျန်တဲ့အချိန် ကြိုက်တာလုပ်ပါ သူခံပါတယ် ။ သူ လုံးဝ အဖိခံရတယ်မကြိုက်ပါဘူး ။ လူကီက ဖိလဲ မကြိုက်ပါ ။ တခြားသူ မပြောနဲ့ သူ့အမေသူ့ကို ဖိရင်လဲ မကြိုက်ပါဘူး ။

img_0958.heic

တစ်လောက ဘလက်ကီဗိုက်က ပုံမှန်ထက် ပိုဖောင်းနေလို့ ဆေးခန်းပြေးရပါသေးတယ် ။ အစက သန်ကောင်တွေထင်နေမိတာပါ ။ အမှန်က သူ့ဟာသူ ဘာတွေ လိုက်ကောက်စားမှန်းမသိပဲ အစာမကြေဖြစ်နေတာပါ ။ တော်သေးတယ်လို့ပဲ ပြောရပါမယ်လေ ။

img_0695.heic

အခုတော့ လေးလသား ကျော်လာပြီး အားလည်း တဖြည်းဖြည်းကြီးလာပါပြီ ။ စတိုင်လဲ ပိုမိုက်လာပါပြီ ။ အခု ဝမ်းဗိုက်နားမှာ ဝဲလေး ပေါက်လာလို့ ခွေးဝဲစား ဆိုပြီး ညီမလေးတွေက ချစ်စနိုးနဲ့ စနေကြပါတယ် ။ ဒီနေ့တော့ ဆေးခန်းက သောက်ဆေးနဲ့ လိမ်းဆေး ပေးလာပါတယ် ။

img_0977.heic

ဒီညတော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါရစေ ။ အမောတွေ ပြေနိုင်ကြပါစေရှင့် ။



0
0
0.000
2 comments
avatar

ကလေးတွေကို မြင်ရင် မပြုံးဘဲကိုမနေနိုင်ဘူး။ တစ်ခါတစ်လေ သူတို့လေးတွေနေမကောင်း ဖြစ်ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး

0
0
0.000
avatar

ခွေးလေးတွေတောင် အတော်ကြီးလာပြီ... ၄ မျိုးစပ် ကာကွယ်ဆေးကော ထိုးပေးရဲ့လား..?😃😃😃😃 !PIZZA

0
0
0.000