Baby Memorial Photos in the Mahar MyatMuNi Image Pagoda

avatar

မင်္ဂလာပါ။

ဒီနေ့ မန္တလေးရောက် သားသား၏ ပုံလေးများ ဆက်လက်တင်ပါဦးမည်။
မန္တလေးရောက် ရှမ်းတစ်ယောက်တော့ မဟုတ်ပါဘူး။
ဗမာ ဗုဒ္ဓဘာသာ က မွေးဖွားလာတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဗမာ တစ်ယောက် ဖြစ်လေတော့ မန်းလေးရောက်ရင် ဘုရားကြီး ကို သွားရောက်ဖူးမြော်ကြရတာပါပဲ။

ဘုရားကြီး ဆိုတာက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ကို ပြောတာပါ။
မန်းလေး ရောက်လို့ ဘုရားကြီး သွားမယ်ဆို မဟာမြတ်မုနိ ကို ပြောမှန်း သိကြပါတယ်။

ဘုရားကြီးမှာတော့ သားသား နှင့် မေမေ ရဲ့ အမှတ်တရ ဓာတ်ပုံလေးများပါပဲ။

img_0.8505723014506424.jpg

ဘုရားကြီး ဝင်းထဲက မဟာမောင်းကြီးနဲ့ အမှတ်တရပုံ

img_0.8869963283961715.jpg

ကြေးရုပ်ကြီးတွေနဲ့ အတူလည်း ဓာတ်ပုံရိုက်ခဲ့တယ်။

img_0.7630491130098493.jpg

ပြီးတော့ ခုနှစ်နေ့နံ ဘုရားများမှာ ရေသပ်ပယ်ကုသိုလ်ယူရင်း ဓာတ်ပုံရိုက်ခဲ့တယ်။

img_0.6830380780835937.jpg

အဲ့ဒီနောက်မှာတော့ ခေါင်းလေး ထိုးပြီး ပြုသမျှကုသိုလ် အမျှဝေခဲ့ကြတာပေါ့။

ဒါလေးတွေက သားသား ၏ မန္တလေး က ဘုရားကြီးကို ပထမဆုံး ရောက်ဖူးတဲ့ အမှတ်တရပုံများပါ။
ဘုရားကြီးရဲ့ ပုံကိုတော့ ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ပါဘူး။
အရင်တုန်းကလို လွတ်လွတ်လပ်လပ် ဘုရားဖူးလို့ မရဘူးလေ။
မန္တလေး ရောက်တုန်း လမ်းကြုံဝင်ကာ ဘုရားဖူးခဲ့တာ ဆိုပေမယ့် သွားသွက်သွက် လာသွက်သွက်ပါပဲဗျာ။

မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

@walarhein



0
0
0.000
14 comments
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(2/5) tipped @walarhein (x1)
golden.future tipped walarhein (x1)
tin.aung.soe tipped walarhein (x1)

Join us in Discord!

0
0
0.000
avatar

ခေါင်းလောင်းလေးထိုးပြီး လုပ်ပါ တားတားရယ် 😀

0
0
0.000
avatar

ဟုတ်ပါ့ ရေးချ ငသတ် က ဘယ်လို ကျန်ခဲ့ မသိ

0
0
0.000
avatar

မိသားစုတွေ မန်းရောက် အမှတ်တရ။
!PIZZA

0
0
0.000
avatar

မန်းရောက်ပေမယ့် ဘထွေး နဲ့လည်း မတွေ့ဖူးဘူး

0
0
0.000
avatar

အမှတ်တရ ဓါတ်ပုံ​လေး​တွေ hiveမှာ လာသိမ်းတာ ​ကောင်းပါတယ် စိတ်ကူးဆန်း​လေးပါ

0
0
0.000
avatar

သားသား အတွက် အမွေ သားသား အတွက် အမှတ်တရတွေ ပါပဲ

0
0
0.000
avatar

သားသားလေး ကျန်းမာ ချမ်းသာပြီး မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်ပါစေ...!LOLZ

0
0
0.000