Feeding Pigeons @Pagoda in Mandalay

Good Morning 🌞
Have a nice day 😊
မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစေ ဟု ဦးစွာနှုတ်ဆက်လိုက်ရပါတယ်။

တစ်နေ့က သားသားကို ဆေးခန်းပြရန် မန္တလေးမြို့ သို့ သွားရောက်ခဲ့ပါတယ်။
ဆေးခန်းပြဖို့ ရက်ချိန်းစောင့်ရင်း ကြားရက်မှာ စွယ်တော်မြတ်စေတီတော် သို့ ဘုရားဖူးသွားခဲ့ပါတယ်။

img_0.6098127570648754.jpg

ဘုရားမှာ လူသူ ရှင်းလင်းနေပါတယ်။
ဘုရားပရဝုဏ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က တပ်စွဲနေရာယူထားကြပါတယ်။
ဘုရားအဝင်နားမှာ ခိုစာ ရောင်းသော ဈေသည်းတစ်ဦး ရှိပါတယ်။

img_0.18649718768249143.jpg

ကျွန်တော်တို့လည်း စွယ်တော်မြတ်စေတီတော်ကို ခဏတာ ဝင်ရောက်ဖူးမြော်ပြီး ပြန်ထွက်ခဲ့ပါသည်။
အထွက်မှာတော့ ခိုစာ ရောင်းတဲ့ အဒေါ်ကြီးကို ကူညီရာလည်း ဖြစ်အောင်၊ ကုသိုလ်လည်း ရအောင် ခိုတွေကို အစာကြွေးခဲ့ပါတယ်။

img_0.21243607578611223.jpg

ခိုစာကတော့ ပြောင်းဖူးစေ့များပါ။
ပြောင်းဖူးစေ့တစ်ထုပ်ကို ၅၀၀ ကျပ်ဖြင့် နှစ်ထုပ် ဝယ်ယူကာ ခိုလေးများကို ကျွေးခဲ့ပါတယ်။

img_0.5439733514051027.jpg

ခုတော့ ကျွန်တော်က ကူညီကာ ကုသိုလ်ယူရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝ ဖြစ်ရလေအောင် သားသား နှင့် မေမေ ခိုစာကျွေးနေတဲ့ ပုံလေးတွေကို Hive Blockchain မှာ Post တင်လိုက်ရပါတယ်။

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲကြပါစေ။

@walarhein



0
0
0.000
11 comments
avatar

ကုသိုလ်စုံခဲ့တယ်ပေါ့

0
0
0.000
avatar

ခုချိန်တေ ဘုရားသွားရင် လူရှင်းတော့ ကောင်းတာပေါ့

0
0
0.000