Onion Farm ရောက်တုန်း ကြက်သွန်ဈေး နှင့် နိုင်ငံရေး

avatar

မင်္ဂလာပါ။

ဒီနှစ် ကြက်သွန်နီ ဈေး က ခေါင်ခိုက်နေပါတယ်။
မနေ့က ဈေး ရောက်တုန်း ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ် ဈေး ရှိကြောင်း သိခဲ့ရပါတယ်။

မနှစ်က ဖိုးဖိုးဖွားဖွားတို့ ကြက်သွန်ခင်း က ပိဿာချိန် ၂၀၀၀ ကျော်လောက် ရခဲ့ပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် ရွာမှာ ကြက်သွန်နီ မလှောင်နိုင်ခဲ့ပါဘူး။
ကြက်သွန်နီ တစ်ပိဿာ ၁၀၀၀ ကျပ် နဲ့ပဲ ရောင်းထုတ်ခဲ့ရပါတယ်။
ထိုနောက်တော့ ကြက်သွန်နီ ဈေး က တဖြည်းဖြည်း မြင့်တက်လာရာ ခု ၄၀၀၀ ကျပ်ထိ ပေါက်နေပါပြီ။

ခု ရွာမှာ ကြက်သွန်နီ အပင်တွေ ထပ်မံ စိုက်ပျိုးနေပါပြီ။
တပေါင်း တန်ခူးလ ရောက်မှ ကြက်သွန် အသစ် ပေါ်ပါမည်။
ကြက်သွန် အသစ် ပေါ်လျှင်တော့ ဘယ်ဈေး ပေါက်မည် မသိပါ။
သီးနှံ အသစ်ပေါ်ချိန်ဆို ဈေးကျတတ်သည့် အလေ့ ရှိပါသည်။
ဈေး တက်ပါစေ၊ ကျပါစေ ဆုမတောင်းလိုပါ။
ကြက်သွန် စိုက်ပျိုးသူက ဈေးတက်လိုမည်၊ ဝယ်စားရသူက ဈေးကျလိုမည်။
နိုင်ငံရေး စီးပွားရေး မကောင်းသည့်အချိန်မှာ စားသောက်ကုန်တွေ ဈေးကျနေသည်က ပြည်သူအများစု အတွက် ကောင်းပေလိမ့်မည်။

ကြက်သွန်နီခင်း စိမ်းလန်းနေသလို မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေကြောင်းသာ ဆုတောင်းလိုက်ရပါတော့သည်။

@walarhein



0
0
0.000
17 comments
avatar

ဟုတ်ပ လှောင်နိုင်ရင် ထောပြီပဲ
!LOL

0
0
0.000
avatar
(Edited)

🍕 PIZZA !

I gifted $PIZZA slices here:
golden.future tipped walarhein (x1)
@uthantzin(6/10) tipped @walarhein (x1)
kachinhenry tipped walarhein (x1)

Send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

မြေကြီးကတော့ သဲနှုန်း မြေ အမျိုးအစားပဲ။ မြစ်ကမ်း နဘေးမှာလား စိုက်ခင်းက !PIZZA

0
0
0.000
avatar

မြစ်နဲ့တော့ နီးဘူးရယ်။
ရွှေဘိုနယ်ထဲမှာပါပဲ။

0
0
0.000
avatar

စိုက်ပျိုးသူတွေ က ဈေးကောင်းမရ။
ကုန်သည်တွေက အမြတ်ရပ။
!LOL
!MEME

0
0
0.000
avatar

စျေးကောင်းရင်တော့ဖြင့်....!LOLZ !LUV !PIZZA

0
0
0.000