Riding and Eating of Friends Happily By Car

avatar

အဖော်တွေ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ရယ်
ဆိုသလို တစ်နေ့က ကျွန်တော်တို့သည် မန္တလေးမြို့ သို့ သွားဖြစ်ခဲ့ကြပါတယ်။

img_0.7837904525100585

အပေါင်းအဖော်တွေကတော့ တစ်ခြံဝန်းထဲ အတူနေကြတဲ့ မိသားစု လေးစု ဖြစ်ကြပါတယ်။
အိမ်ရှင်မှာက Light Truck Car တစ်စင်း ရှိတော့ သူများတွေကို အငှားလိုက်တာ ရှိသလို မိသားစုထဲက ဈေးဝယ်သွားစရာရှိရင်လည်း လိုက်ပို့ပေးပါတယ်။

အဲဒီနေ့က အိမ်ပိုင်ရှင်၏ သားအကြီးဆုံးက ရွှေ ဝယ်ယူရန် မန္တလေး ဝိန့်စိန် ရွှေဆိုင် သို့ သွားကြခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ မိသားစုကတော့ သားသား ဆေးသောက်တာ ၆ လ ပြည့်ခါနီးပြီမို့ Chest X-ray ရိုက်ရန် လိုက်ပါခဲ့ခြင်း ဖြစ်ပါတယ်။

ထိုနေ့က စုစုပေါင်း သိန်း ၅၀ ကျော်ဖိုး ရွှေဝယ်ဖြစ်ခဲ့ကြပါတယ်။
စစ်အာဏာရှင်လက်အောက် စီးပွားရေး မကောင်းကြပေမယ့် ရွှေဝယ်သူတွေ များကြပါတယ်။
ရွှေဈေးကလည်း သိန်း၂၀ အထက်မှာ တည်ငြိမ်နေပါတယ်။
ငွေစက္ကူ ကိုင်ထားရတာနဲ့ စာရင် ရွှေ ကိုင်ထားရတာ ပိုမို လုံခြုံ စိတ်ချရသည် ထင်ပါတယ်။
ဒါကြောင့်သာပဲ ရှိစုမဲ့စု ရွှေဝယ်စုနေကြတာ ဖြစ်မှာပါ။

တော်လှန်ရေးအင်အားကောင်းတဲ့ စစ်ကိုင်းဘက် နယ်တွေမှာတော့ ရွှေဝယ်စုဖို့ ဝေးစွ၊ ရှိတဲ့ ရွှေ ထြတ်ရောင်းကာ တော်လှန်ရေးထဲ ထည့်ဝင်နေကြတာပါ။
နိုင်ငံတစ်ခုတည်းမှာ နေထိုင်ကြပေမယ့် မညီမျှတဲ့ စိတ်ထားတွေကြောင့် အဆိုးသံသရာက ရှည်ကြာနေတာပါ။
ထားလိုက်ပါတော့လေ။
ကိုယ်နိုင်ရာ ကိုယ်ကကြတာပေါ့။

img_0.11219651672377473

ထိုနေ့က ရွှေဝယ်ဖြစ်ကြပေမယ့် စားသောက်ဆိုင်မှာ ထိုင်ပြီး ဘာမှ မစားဖြစ်ခဲ့ပါဘူး။
အိမ်မှ ထည့်လာတဲ့ ထမင်း၊ဟင်းချိုင့်တွေ ဖွင့်ကာ ကားပေါ်မှာပဲ နေ့လည်စာ စားဖြစ်ခဲ့ကြပါတယ်။
နေ့လည်စာကို ကားရပ်ပြီး ကားပေါ်မှာ စားကြတာ မဟုတ်ပါဘူး။
မန္တလေး ဈေးချိုဘက်မှ တောင်သို့ အပြန် 84 လမ်းပေါ်မှာ ကားမောင်းရင်း စားကြတာပါ။

img_0.046609855754594476

ဒါကြောင့် အဖော်တွေ ပျော်ပျော်ပါးပါး မော်တော်ကား စီးရင်း ထမင်းစားဖြစ်ခဲ့ကြတဲ့အကြောင်း ဖောက်သည်ချလိုက်တာပါပဲ။
တစ်သက်နဲ့တစ်ကိုယ် မန္တလေးမြို့လယ်မှာ ကားစီးရင်း နေ့လည်စာ စားဖြစ်တာ ဒီတစ်ကြိမ်တည်းပါပဲ။
မှတ်မှတ်ရရမို့ မှတ်တမ်းတင်လိုက်ရပါတယ်။

@walarhein



0
0
0.000
15 comments
avatar

အင်း ရွှေဈေးက သိန်းနှစ်ဆယ်
ဝယ်ယူသူရှိသလို ရောင်းသူတွေလည်း
မနည်းပေါ့။ ထမင်းစားနေကြတာ ဗိုက်တောင်
စားလာသဗျို့။
!LOL

0
0
0.000
avatar

ဝင်ဆွဲလိုက်ဗျာ

0
0
0.000