သားလိမ္မာလေး ရွှေငယ်သွေး

avatar

မင်္ဂလာပါ။

မနေ့ကတော့ ကိုယ့်အိုးကိုယ့်အိမ်မှာ သာသာယာယာပါပဲ။
သာသာယာယာရှိတော့ သားသား အကြောင်း ပြောရဦးမယ်။
ကလေးဆိုတာ အတုမြင် အတတ်သင် မဟုတ်လား။
လူကြီး လုပ်တာတွေ လိုက်လုပ်တတ်ကြတယ်လေ။

img_0.0018770462266789146.jpg

မနေ့ညက သူ့ တီတီလေးက ဖိုးဖိုးကို အညောင်းအညာပြေ နင်းပေးတာ မြင်တော့ သူလည်း လုပ်ချင်လာပါတယ်။
ဒါနဲ့ သားသားက ကျွန်တော် ပက်လက်လှန် လဲလျောင်းနေတာကို ဆွဲမှောက်ခိုင်းပါတယ်။
ပြီးတော့ သူ့တီတီ နင်းသလို ခြင်ထောင်ကို လက်က ကိုင်ပြီး နင်းပေးပါတော့တယ်။

img_0.970267321632164.jpg

ဒါကို သူ့တီတီတွေ မြင်တော့ ဓာတ်ပုံ ရိုက်ထားရဦးမယ်ဟု ပြောသံကို ကြားရတော့ သားသားက ကျွန်တော့် ကျောပေါ်က ဆင်းပြီး ချလောက်ချလောက် ဟု ဆိုကာ သူ့မေမေကို ပုံရိုက်ခိုင်းပါတော့တယ်။

ဒီတော့လည်း နှစ်နှစ်ပြည့်ခါနီး သားသား၏ ဖေဖေကို နင်းပေးနေပုံ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့တာပေါ့။
သို့ဖြစ်၍ ကျွန်တော်လည်း အခုလို hive မှာ သားသား နင်းပေးခြင်း အမှတ်တရ post တင်နိုင်တာပေါ့ဗျာ။

မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

@walarhein



0
0
0.000
12 comments
avatar

ဒီလိုတော့လည်း သားသမီးက ဆုတစ်ခုပ
ပင်ပန်းခဲ့သမျှ အမောပြေသပ။
!PIZZA

0
0
0.000
avatar

လူပျိုကြီးတွေ ခံစားမရ

0
0
0.000
avatar

သားသမီးရှိနေတော့လည်း စိတ်ချမ်းသာရတာပေါ့

0
0
0.000
avatar

စိတ်ချမ်းသာလိုက် စိုးရိမ်ရလိုက်ပါပဲ

0
0
0.000
avatar

လိမ္မာလိုက်တဲ့သားသားလေးပေါ့

0
0
0.000
avatar

ဟုတ်ပါ့ လိမ္မာချက်

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped walarhein (x1)
@tin.aung.soe(1/5) tipped @walarhein (x1)
htwegyi tipped walarhein (x1)

Join us in Discord!

0
0
0.000