သင္ခန္းစာ ေလးမ်ား (@aggamun)

avatar

၂၀၁၇ ဒီဇင္ဘာ ေလာက္က စခဲ့ တဲ့ ကြၽန္ေတာ့ ရဲ႕ စတီးမစ္ ခရီးက ခုဆိုရင္ ၂ ႏွစ္ တင္းတင္း ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ ထပ္ သံုး ေလး လေလာက္ ဆိုရင္ပဲ စကန္း အန္နီဗာစရီ ေပါ့ ဗ်ာ။ တိတိက်က် ေျပာရမယ္ ဆိုရင္ တစ္ႏွစ္ စြန္းစြန္း သာ ႐ွိမွာပါ။ ဘာလို႔ဆိုေတာ့ အေကာင့္ ဖြင့္ၿပီး ပစ္ထားတာက အခ်ိန္တစ္ခု ႐ွိေသး တာကိုး။ မပစ္ထားလို႔ လည္း မရဘူးေလ ဗ်ာ တင္သမွ် ပိုစ့္က ဘဲဥမွ မကြဲတာ။

ဟိုလူ ဒီလူ ေျပးကပ္ေတာ့လည္း သူ႔လူနဲ႔ သူ တိုးမေပါက္။ ဘယ္လို အခြင့္အေရး ေတြ ႐ွိေနသလဲ ဂဃနဏ သေဘာ မေပါက္ ေလေတာ့ ေအာင္ျမင္စြာ ေနာက္ဆုတ္ လိုက္ေလ သတည္းေပါ့။ ဒုတိယ အႀကိမ္ ေဖာင္ဖ်က္ လိုက္ေတာ့ ဒီ စတီးမစ္ ႀကီးမွာ နည္းနည္း ရပ္တည္ လာႏိုင္ ေပမယ့္ အားလံုးက ေဇာက္ထိုး ျဖစ္ေနပါၿပီ။ အဲဒီက ေန မထူးဇာတ္ ခင္း ကျပ အသံုးေတာ္ ခံလာခဲ့တာ ယေန႔ အထိ ဆိုပါေတာ့ ဗ်ာ။ ေဖာင္ ဖ်က္တုန္းက ေပြ႔ပိုက္ထားတဲ႔ ေက်ာပိုး အိတ္ ထဲက မႈိတက္ေန အိပ္မက္ေလး ေတာင္ ထုတ္မၾကည့္ ျဖစ္တာ ၾကာလွၿပီ။

ပထမေတာ့ ပိုစ့္ေတြ ႀကိဳးစား ေရးၾကည့္ၿပီး အိပ္မက္ေတြ ကို အသက္သြင္း မယ္ေပါ့။ ပိုစ့္ ေကာင္းေကာင္း ေရးရင္ ေဒၚလာ ေတြ ရမယ္ေပါ့။ ဒါေပမယ့္ သူတို႔ နားလည္ေအာင္ ေရးႏိုင္မွ တဲ့။ အဲဒါနဲ႔ အိပ္မက္ေတြ ကို ထုတ္ေတာင္ မၾကည့္ ႏိုင္ခဲ့တာပါ။ တစ္ခါ ေမွ်ာ္လင့္ခ်က္ ေတြကို SM နဲ႔ အသက္သြင္း ဖို႔ ႀကိဳးစား ပါတယ္။ အစ ပိုင္း ေတာ့ အဆင္ေျပ မလိုလိုနဲ႔ အေျပာင္းအလဲေတြ စလုပ္တဲ့ အခါမွာ ေတာ့ ပန္းတိုင္ နဲ႔ ပိုမို ေဝးကြာ သြားေစပါတယ္။ သင္ခန္းစာက ေတာ့ အဝင္ ေနာက္က်ရင္ ခံစားခြင့္ေတြ နည္းလာမယ္ ဆိုတာပါပဲ။

သိလာတဲ့ သေဘာတရား ေလးကို ေနာက္ေျခလွမ္း အျဖစ္ DW မွာ အသံုးခ် လိုက္ပါတယ္။ အတိုင္းအတာ တစ္ခု အထိ အဆင္ေျပ ေနၿပီး ေနာက္မွာေတာ့ ပညာ ျပပါေလေရာ ဗ်ာ။ ရလိုက္တဲ့ သင္ခန္းစာ ကေတာ့ လက္ေႏွးရင္ ခြက္ေဆး ရမယ္ ဆိုတာပါပဲ။ လက္ေႏွးတဲ့ အက်ိဳး ေၾကာင့္ ယခု အခ်ိန္ အျခားသူမ်ား DW က တစ္ခု မဟုတ္ တစ္ခု ရေနေသး ေပမယ့္ လူတတ္ႀကီး ကြၽန္ေတာ္က ခ႐ု အဆံခြၽတ္ ပါပဲ။

ခုေနာက္ဆံုး NextColony ကေတာ့ ဘယ္လို သင္ခန္းစာ ေပးမလဲ ေတာ့ မသိေသးပါဘူး။ စ တာထြက္လာ ကတည္းက ခုထိ ဘာမွ မဘာ ေသးေပမယ့္ အားလံုးကို ထိန္းထား ေနဆဲ။ ဘာကို ေစာင့္ေနလဲ မသိ ေစာင့္ဆိုင္း ေနသလို ဆိုေပမယ့္ လုပ္စရာ ႐ွိတာေတာ့ ပံုမွန္ တစ္လ တစ္ခါ ေလာက္ active ျဖစ္တယ္ ေပါ့ဗ်ာ။ သင္ခန္းစာ ေတြကို မူတည္ၿပီး ခုထိ အမွားအယြင္း အနည္းဆုံး ကစား ထားေပမယ့္ သိၾကတဲ့ အတိုင္း ကြၽန္ေတာ္ ေမာင္ကံဆိုး ေလး သြားရာ hydrogen bomb က် တတ္ေတာ့ ဘာလုပ္လုပ္ သတိ ထားေနရပါ ေၾကာင္း --

Written by @aggamun

# Unicode version

xxx

၂၀၁၇ ဒီဇင်ဘာ လောက်က စခဲ့ တဲ့ ကျွန်တော့ ရဲ့ စတီးမစ် ခရီးက ခုဆိုရင် ၂ နှစ် တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ နောက် ထပ် သုံး လေး လလောက် ဆိုရင်ပဲ စကန်း အန်နီဗာစရီ ပေါ့ ဗျာ။ တိတိကျကျ ပြောရမယ် ဆိုရင် တစ်နှစ် စွန်းစွန်း သာ ရှိမှာပါ။ ဘာလို့ဆိုတော့ အကောင့် ဖွင့်ပြီး ပစ်ထားတာက အချိန်တစ်ခု ရှိသေး တာကိုး။ မပစ်ထားလို့ လည်း မရဘူးလေ ဗျာ တင်သမျှ ပိုစ့်က ဘဲဥမှ မကွဲတာ။

ဟိုလူ ဒီလူ ပြေးကပ်တော့လည်း သူ့လူနဲ့ သူ တိုးမပေါက်။ ဘယ်လို အခွင့်အရေး တွေ ရှိနေသလဲ ဂဃနဏ သဘော မပေါက် လေတော့ အောင်မြင်စွာ နောက်ဆုတ် လိုက်လေ သတည်းပေါ့။ ဒုတိယ အကြိမ် ဖောင်ဖျက် လိုက်တော့ ဒီ စတီးမစ် ကြီးမှာ နည်းနည်း ရပ်တည် လာနိုင် ပေမယ့် အားလုံးက ဇောက်ထိုး ဖြစ်နေပါပြီ။ အဲဒီက နေ မထူးဇာတ် ခင်း ကပြ အသုံးတော် ခံလာခဲ့တာ ယနေ့ အထိ ဆိုပါတော့ ဗျာ။ ဖောင် ဖျက်တုန်းက ပွေ့ပိုက်ထားတဲ့ ကျောပိုး အိတ် ထဲက မှိုတက်နေ အိပ်မက်လေး တောင် ထုတ်မကြည့် ဖြစ်တာ ကြာလှပြီ။

ပထမတော့ ပိုစ့်တွေ ကြိုးစား ရေးကြည့်ပြီး အိပ်မက်တွေ ကို အသက်သွင်း မယ်ပေါ့။ ပိုစ့် ကောင်းကောင်း ရေးရင် ဒေါ်လာ တွေ ရမယ်ပေါ့။ ဒါပေမယ့် သူတို့ နားလည်အောင် ရေးနိုင်မှ တဲ့။ အဲဒါနဲ့ အိပ်မက်တွေ ကို ထုတ်တောင် မကြည့် နိုင်ခဲ့တာပါ။ တစ်ခါ မျှော်လင့်ချက် တွေကို SM နဲ့ အသက်သွင်း ဖို့ ကြိုးစား ပါတယ်။ အစ ပိုင်း တော့ အဆင်ပြေ မလိုလိုနဲ့ အပြောင်းအလဲတွေ စလုပ်တဲ့ အခါမှာ တော့ ပန်းတိုင် နဲ့ ပိုမို ဝေးကွာ သွားစေပါတယ်။ သင်ခန်းစာက တော့ အဝင် နောက်ကျရင် ခံစားခွင့်တွေ နည်းလာမယ် ဆိုတာပါပဲ။

သိလာတဲ့ သဘောတရား လေးကို နောက်ခြေလှမ်း အဖြစ် DW မှာ အသုံးချ လိုက်ပါတယ်။ အတိုင်းအတာ တစ်ခု အထိ အဆင်ပြေ နေပြီး နောက်မှာတော့ ပညာ ပြပါလေရော ဗျာ။ ရလိုက်တဲ့ သင်ခန်းစာ ကတော့ လက်နှေးရင် ခွက်ဆေး ရမယ် ဆိုတာပါပဲ။ လက်နှေးတဲ့ အကျိုး ကြောင့် ယခု အချိန် အခြားသူများ DW က တစ်ခု မဟုတ် တစ်ခု ရနေသေး ပေမယ့် လူတတ်ကြီး ကျွန်တော်က ခရု အဆံချွတ် ပါပဲ။

ခုနောက်ဆုံး NextColony ကတော့ ဘယ်လို သင်ခန်းစာ ပေးမလဲ တော့ မသိသေးပါဘူး။ စ တာထွက်လာ ကတည်းက ခုထိ ဘာမှ မဘာ သေးပေမယ့် အားလုံးကို ထိန်းထား နေဆဲ။ ဘာကို စောင့်နေလဲ မသိ စောင့်ဆိုင်း နေသလို ဆိုပေမယ့် လုပ်စရာ ရှိတာတော့ ပုံမှန် တစ်လ တစ်ခါ လောက် active ဖြစ်တယ် ပေါ့ဗျာ။ သင်ခန်းစာ တွေကို မူတည်ပြီး ခုထိ အမှားအယွင်း အနည်းဆုံး ကစား ထားပေမယ့် သိကြတဲ့ အတိုင်း ကျွန်တော် မောင်ကံဆိုး လေး သွားရာ hydrogen bomb ကျ တတ်တော့ ဘာလုပ်လုပ် သတိ ထားနေရပါ ကြောင်း --

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=48


0
0
0.000
1 comments