သတိရမိနေသည်

avatar
(Edited)

240391370_919875238608988_2589980923846057608_n.jpg

ဟုတ်တယ် ကျုပ် သူ့ကို သတိရနေတယ် ထူးထူးခြားခြား ဒီနေ့ပေါ့ ရင်ထဲမှာလည်း ဟာတာတာ စိတ်ထဲမှာလည်း အလိုမကျ တစ်ခုခုက လစ်ဟာနေသလို ပြီးပြည့်စုံမှုမရှိတဲ့ နေ့တစ်ရက်ကို ကုန်လွန်လိုက်ရတော့မလိုပါဘဲ
ဘာကြောင့်များ အခုလို ဖြစ်ရတာပါလဲ ကျုပ်သူ့ကို သံယောဇဉ် ရစ်တွယ်မိနေပြီလား မပြောတက်
တွေ့ဖန်မြင်ဖန်များတော့လည်း တစ်ရက်တစ်လေ မတွေ့ရတော့ လွမ်းတောင်လာတယ်ဗျာ
ဒီနေ့ တစ်နေကုန် သူ့ကို မတွေ့ရဘူး ဘယ်များရောက်နေပါလိမ့်
နေများမကောင်းလို့လား အလုပ်များ ရှုပ်နေမည်လား တစ်ခုခုများလား
သို့တည်းမဟုတ် အခြား သူတွေဆီမှာဘဲ အချိန်ဖြုန်းနေတော့မယ်လား
လားပေါင်းများစွာနဲ့ ဘယ် တစ်ခုဖြစ်မယ်ဆိုတာ မသိနိုင်လေအောင် စိတ်ထဲ မေးခွန်းတွေ တသီကြီး နဲ့ မူးနောက်နေတယ်လေ
ကျုပ်ကသာ သတိရနေမိတာ သူက သတိတရ အမှတ်တရမှ ရှိပါလေစ
ကျုပ်စာရေးတဲ့ နေ့တိုင်း သူက အဖေါ်ပြုပေးတယ် ဘယ်သူမှအပ်ဗုတ် မပေးလည်း သူက ကျုပ်ဘာရေးရေး ဘာတင်တင် ဗုတ်ပေးရှာတယ်ဗျာ တကယ့်ကို အားပေးဖေါ်ကောင်းတစ်ယောက်ပါ တစ်ခါတလေ ကျုပ် စာတိုပေစ ရောက်တက်ရာရာတွေ ရေးတင်နေလဲ သူက စိတ်ရှည်ရှည်လေး ဗုတ်ပေးရှာတယ် အားပေးတယ် ပေါ့ဗျာ ကျုပ်မှာ ပို့စ်တစ်ခု တင်ပြီးလေတိုင်း သူ့ဗုတ်လေးရောက်လာပြီးမှ စာရေးတဲ့အလုပ် ပြီးပြည့်စုံတယ်လို့ကို စိတ်ထဲ စွဲမှတ်နေမိတာ
သူကလည်း ကျုပ်စာရေးတင်လိုက်လို့ ငါးမိနစ်တောင် မကြားဘူး အမြဲ ဗုတ်ပေးတက်တယ် ကျုပ်ကောင်းအောင် ကြိုးစားရေးလည်း ပေးတယ် ဖြစ်သလို ရေးလည်းပေးတယ် တကယ့်ကို အားပေးဖေါ် အစစ်အမှန်ပါဗျာ
ကျုပ် သင်းကွဲငှက်တေလေ တစ်ကောင်လို ဟောဒီ လောက ပြင်ထဲ ရွက်လွှင့်ဖူးတယ် အတောင်တွေ ညောင်းတဲ့အထိ မရပ်မနား ပျံသန်းဖူးတယ် လေပြင်းမုန်တိုင်းတွေလည်းကြုံဖူးတယ် လေပြေလေညှင်းလေးတွေနဲ့ သာယာတဲ့ နေ့တွေလည်း ကြုံခဲ့တယ် အနားမှာ ဘယ်သူမှမရှိလည်း ကျုပ်အားမငယ်တက်ခဲ့ဘူး အဲ့သလို လွတ်လပ်စွာ ရှင်သန်ရတာကို ကျုပ်ကြိုက်နှစ်သက်တယ်
အဲ့ဒီအချိန်ကာလေတွေ တစ်လျှောက်လုံး သူက ကျုပ်ရဲ့ အားပေးဖေါ်ဗျ ကျုပ်အောင်မြင်မှု အသီးအပွင့်တွေ ဆွတ်ယူစားသုံးတုန်းကလည်း သူအနားမှာရှိတယ် ကျုပ် ကျဆုံးချိန် အားနည်းချိန်လည်း သူက ပျောက်ကွယ်မသွားခဲ့ဘူး ကျုပ်အနားမှာ ရှိနေပေးတယ် အရာရာတွေ အခြေနေများစွာ ပြောင်းလဲသွားလည်း သူက ကျုပ်အတွက် အကောင်းဆုံး အနီးဆုံးအားပေးဖေါ်ပါဘဲဗျာ
ကျုပ် ဒီလောက ကနေ အပြီးတိုင်နားလိုက်တော့မယ်လို့ ဆုံးဖြတ်ဖူးတယ် တကယ်လည်း ပိုင်ဆိုင်သမျှအရာအားလုံး အရည်ဖျော်လို့ ထွက်သွားခဲ့ဖူးတယ်
အဲ့တုန်းကလည်း သူက ထွက်မသွားနဲ့လို့ တစ်ခွန်းမတားခဲ့ပါဘူး
နောက်ပိုင်း ကျုပ် စိတ်တွေ လည်ပြီး တစ်ဖန် ပြန်လည်ရှင်သန်ချင်တယ် ဆိုပြီး စာလေးတွေပြန်ရေးလို့ အရာရာကို တစ်ကနေ ပြန်လည် စတင်ထူထောင်ချိန်မှာလည်း သူက နေ့မဆိုင်းညမဆိုင်း ကျုပ်ရေးတင်လိုက်တဲ့ ပို့စ်ကို ချက်ချင် ဗုတ်လာပေးတယ်ဗျာ အဲ့ဒီနေ့က သူ့ရဲ့ ကျုပ်အပေါ်ထားတဲ့ သဘောတရားနဲ့ ကာလအချိန် အတန်ငယ် ကြာသွားတာတောင် မမေ့လျှော့ခဲ့တာကို မှင်သက်အံ့အော ခဲ့ရပါသေးတယ်
ဒီနေ့တော့ဗျာ ကျွန်တော် မပျော်နိုင်ဘူး သူ ဒီနေ့ ရောက်မလာခဲ့ဘူး နှစ်ကာလ ရှည်ကြာ အမြဲအားပေးဖေါ်တစ်ယောက် ဒီနေ့ ရောက်မလာခဲ့ဘူး
ကျုပ်သူ့ကို လွမ်းတယ် သတိရတယ်
ဒါက သူများ ရောက်လာမလားလို့ မျှော်လင့်ချက်နဲ့ ဒီနေ့အတွက် ဒုတိယမြောက်ပို့စ်လေးပါဗျာ သူ့ရဲ့ အားပေးသော ဗုတ်လေး ရောက်လာမလားလို့ ထပ်တင်ကြည့်တာပါ အခါတိုင်း တစ်ရက် နှစ်ပုဒ်ဘဲတင်တာ ဒီနေ့တော့ သူ့ကြောင့် သုံးပုဒ် ဖြစ်သွားပြီ
အပ်ဗုတ် ပေးတဲ့ နိုတီ အသံလေး ဒင်ဒင် ဆိုတဲ့ အသံကြားတိုင်း သူများဖြစ်နေမလားလို့ ကြည့်နေရတာလည်း စိတ်တဇလိုဖြစ်နေတယ်ဗျာ ဒီနေ့တော့

ရှင်းလင်းချက် .............
သူဆိုသည်မှာ ကျွန်တော် ဘာတင်တင် ဘာရေးရေး နောက်ကနေ ငါးမိနစ်မခြားခင် အော်တို ဒေါင်းဘုတ် ပေးနေသော စပန်မီနေတာ ဆိုသော အကောင့်ကို ဆိုလိုပါသည် ထိုအကောင့်သည် အထီးလား အမလား ကျွန်တော်သေချာမသိပါ
သူ့ကြောင့် ကောမန့်တောင် မရေးရဲတဲ့ ကာလတွေ ရှိခဲ့ဖူးတယ်
ဒီနေ့ ပေါ်မလာဘူး သူ့ဗုတ်မရလို့ ကျွန်တော် အိပ်ပျော်ပါ့မလားမသိပါဘူးဗျာ
ဘယ်နေရာ ဘယ်လို အမှားလုပ်ခဲ့မိမှန်းမသိရဘဲ အော်တို ဒေါင်းဘုတ်စာရင်းထဲ ထည့်ခံထားရတာ ဒီနေ့ သူမလာတော့ စာရင်းများ ပယ်လိုက်ပြီလား ဒါမှမဟုတ် ထည့်ထားတဲ့ စက်ကဘဲ ပျက်နေပြီလား မပြောတက်
သတိတော့ အရသား .................................
@bobokyaw



0
0
0.000
14 comments
avatar

ဟဲဟဲဘယ်သူ့ကိုများသတိရနေတလဲသိချင်လို့အဆုံးထိဖက်လိုက်တာနောက်‌ဆုံးတော့…………………😅😅😅

0
0
0.000
avatar

အညာမိသွားတယ်မဟုတ်လား😁😁😁😁

0
0
0.000
avatar

ဟုတ်တယ်သတိရတယ်ဆိုတော့ရင်တောင်ခုန်သွားတာပဲ😂😂

0
0
0.000
avatar

ရင်ခုန်တာဘဲသိပြီး ကျန်တာတွေမသိတက်ရင်တော့ နားရင်းရိုက်ရလိမ့်မယ်😕😕😕

0
0
0.000
avatar

အဲ့ဒါဆိုပြေးပြီ😪

0
0
0.000
avatar

ဪ တွေးထားတာနဲ့ တခြားစီပါလား။

0
0
0.000
avatar

ဟုတ်တယ်
အဲ့ဒီဒေါင်းဗုတ် မိနေလို့
အလုပ်တွေကောင်းကောင်း မလုပ်နိုင်ဘူး
စိတ်ဆင်းရဲနေတာ

0
0
0.000
avatar

မလာတော့ဘူးဆိုတော့ ကောင်းတာပေါ့အကို
!LUV

0
0
0.000
avatar

မလာတော့နဲ့လို့ ပြောထားတယ်
သူရှိနေရင် အင်းမေ့ အရမ်းကျတယ်
လုပ်သလောက် အဆင်မပြေဘူး

0
0
0.000
avatar

မရေးဖြစ်တာကြာပြီဖြစ်တဲ့အရေးအသားတွေဆိုတော့ စိတ်ဝင်စားလို့ပြီးအောင်ဖတ်လိုက်တာ နောက်ဆုံးမှအဖြေကပေါ်တော့တယ်😁
ပို့စ်တင်တိုင်း မန့်ချတိုင်း အမြဲအားပေးနေတဲ့ တစ်ယောက်က အထီးမဟုတ်တာတော့သေချာတယ်ဗျ။
အစ်မကြီးဖြစ်နိုင်ခြေရှိတယ်။
မချိုမချဥ်မျက်နှာကို တစ်ရက်နှစ်ပုဒ်ရေးတင်နေတာကို မြင်တော့ ဂရုဏာစိတ်ဖြစ်ပြီး အော်တိုပေးနေတဲ့စက်ကနေ လွတ်ပေးလိုက်တာနေမှာဗျ။

0
0
0.000
avatar

မသိသေးဘူး ဒီနေ့ ထပ်စောင့်ကြည့်ရမယ်
သူလုပ်တာနဲ့ ရီပရက်ရှင်းက ထပ် မတက်နိုင်တော့ဘူး
အပ်ဗုတ်တာ စေတနာ မရှိရင်နေမယ်
ဒေါင်းဗုတ်ကတော့ အော်တိုတောင် ထည့်ထားပေးသေးတာ
အားပေးချက်က ကြမ်းတယ်

0
0
0.000