နေကြာပန်းကြည့် အတွေးရှိသည်

avatar

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
သေချာကြည့်တော့ နေကြာစေ့ကမှ အဆံလှော် စားမလား၊ ဆီကြိတ် သုံးမလား။
နေကြာပန်းတွေ ကြည့်ပြန်တော့ အလှတရားက ဝင့်ဝင့်ထည်ထည်၊
🐝 🦋 လေးတွေ အဖို့ ဝတ်ရည်စုတ်ကြရဖို့ အစာအဟာရ။

img_0.7478240205131342.jpg

အသုံးဝင်လိုက်တဲ့ နေကြာကို ကြည့်ပြီး သေချာ တွေးကြည့်တော့
ကိုယ်က လောက ကောင်းကျိုး ဘာတွေ သယ်ပိုးနေပြီလဲပေါ့။
လက်ရှိ အလုပ်က ကုသိုလ် လည်း ရ၊ ဝမ်း လည်း ဝ၊ ဆောင်ရွက်လို့
ရပေမယ့် မပြည့်သေးတဲ့ အိုး ဖြည့်နေရတာ ဆိုတော့ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ
ဥစ္စာ ရဖို့ပဲ စိတ်က ရောက်ရောက်နေတာက ခက်ပါလားဗျာ။

ကဲ တတ်နိုင်ဘူးဗျာ။
ဖြစ်သလိုသာပါ့ ကနေ ရသလိုသာပါ့ပေါ့။

အလုပ်ကောင်းရင် ကံကောင်းနိုင်မယ် မဟုတ်လားဗျာ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
6 comments
avatar

ပန်းလေးတွေ လှသလို လူတွေ စိတ်ထားလှလို့ အလုပ်ကောင်းနိုင်ကြပါစေ။

0
0
0.000
avatar

လူတွေ စိတ်ထားလှရင် ကမ္ဘာမြေ လှပမယ်လေ

0
0
0.000
avatar

နေကြာပန်းလိုလူ ဖြစ်အောင် ကြိုးစားရမယ်ဗျာ။

0
0
0.000
avatar

ကြိုးစားပါလေ အောင်မြင်မလေ

0
0
0.000
avatar

စာရေးတာများရင် hive တွေများများရမှာပ

0
0
0.000
avatar

ဒါပဲပေါ့ဗျာ ချချ အားပေးမယ်

0
0
0.000