ဂန္ဓမာပန်းဝါလေးတွေ ဘုရားလှူ

avatar

ဒီရက်ပိုင်း ပန်းလေးတွေနဲ့ နှစ်ပါးသွားရ ကောင်းမလား။
ဘယ်မှ ထူးထွေ မသွားရလည်း ပတ်ဝန်းကျင်က
ပန်းလေးတွေ ရှာဖွေ ကြည့်နိုင်မယ် မဟုတ်လား။
ပန်းလေးတွေရဲ့ အလှ မြင်ရတော့ မြင်သူဘဝင်
ကြည်လင်ငြိမ်းအေးမှု ပေးနိုင်မယ် ထင်ပါတယ်။

img_0.20110689457065914.jpg

ခု တင်လိုက်တဲ့ ဘုရားပန်း ပုံလေးက မနေ့က ကပ်လှူ
လိုက်တဲ့ ဘုရားပန်းလေးတွေပါ။
ဘုရားမှာ ကပ်လှူထားတာမို့ ဘုရားပန်း လို့ အလွယ်
ခေါ်ကြတာပါ။ ပန်းအမည်ကတော့ ဂန္ဓမာပန်း အဝါ
လေးတွေပါ။
အဝါရောင်လေးတွေလည်း ချစ်စရာ ကောင်းတယ်
မဟုတ်လား။ တပြင်လုံး ဝါထိန်နေတာ မဟုတ်တော့
မျက်လုံး မကြိမ်းလောက်ပါဘူး။

ဘာရောင်ပဲ ဖြစ်ဖြစ် ပန်းဖြစ်ရင် လှတတ်ကြသလို
လူတွေကလည်း နှစ်သက်တတ်ကြပါတယ်။
အနံ့ မနံဘူး ဆိုရင်ပေါ့လေ။

ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ။
ဤမြတ်ပန်းကို လှူရသော အကျိုးအားကြောင့်
မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့
ပျော်ရွှင်ကြပါစေ။

@walarhein



0
0
0.000
8 comments
avatar

တောင်းဆုလေး ပြည့်ဝရပါလို၏...

0
0
0.000
avatar

ပြည့်စေ ပြည့်စေ

0
0
0.000
avatar

ပန်းဝါလေးတွေ လှ
တစ်စီး ဘယ်လောက်ကျ

0
0
0.000
avatar

တစ်စီး ငါးရာ လှူစေဗျာ

0
0
0.000