မယ်ဇလီပန်းခိုင် တမြိုင်မြိုင်
မင်္ဂလာပါ
ဒီနေ့လည်း ပန်းလေးတွေ ပဲ တင်ပါရစေဦးဗျာ။
ပန်းလေးတွေ ဆိုပေမယ့် အလှကြည့် အလှပန် ဘုရားပန်းကပ်
ကြတဲ့ ပန်းလေးတွေ မဟုတ်ပါဘူး။
တစ်နှစ် တစ်ရာသီ တစ်ခါ ပွင့်တဲ့ ပန်းလေးတွေ ပါ။
တန်ဆောင်မုန်းလပြည့် ဆိုရင် တကူးတကကို သုပ်စားကြတဲ့
ပန်းဖူးလေးတွေ ပေါ့။
ဒီ မယ်ဇလီပန်းဖူးလေးတွေ ကို အိမ်ရှင် ဥက္ကဌ က ဆေးခန်း ရှေ့
မယ်ဇလီပင် အပေါ် တက်ပြီး ခူးထားတာပါ။ သူ ကိုယ်တိုင်
အဖူး ခြွေနေချိန်မှာ ကျွန်တော် က ပုံရိုက်ယူလိုက်တာပါပဲ။
စားရတဲ့ ပန်းလေးတွေ လှလားဗျ။
0
0
0.000
စားစရာဆိုပေမယ့် ပန်ချင်စဖွယ် လှပါတယ်
စားတော့လည်း ခါးဆိမ့် အရသာရှိ