ကြိုးတန်းပေါ်က ကျီးငှက်လေးများ

မင်္ဂလာပါ အမျိုးတို့ရေ။
နည်းနည်း ပျင်းလာလို့လား။ အခြားအလုပ်တွေနဲ့ မအားသလို ကြောင့်လား။
Hive မှာ ပုံမှန် ပို့စ် မတင်နိုင်ဖြစ်နေပါတယ်။
အထူးသဖြင့်က ဘယ်မှ မသွားမလာဖြစ်တော့ ပုံသစ်လေးတွေ မရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့ weekend လေးမှာတော့ ငှက်ပို့စ်လေး တင်ပါဦးမယ်။

img_0.4938819949573783.jpg
ဒီပုံလေးက မနက်ခင်းမှာ ကျွန်တော်လည်း ချမ်းလို့ နေပူစာ လှုံရင်း ဖုန်းပွတ်နေခိုက်
လမ်းမဘေးက လျှပ်စစ်မီးကြိုးတန်းတွေပေါ်မှာ ငှက်ကလေးတွေ နားနေကြတာ မြင်ရလို့ ဖုန်းလေးဖြင့် ပုံရိုက်လိုက်တာပေါ့။
ကျီးငှက်လေးတွေပါ။ သူတို့လည်း ချမ်းလို့များ နေပူစာ လှုံကြလေသလား။
သဘာဝကတော့ သူတို့အတွက် ရာသီဥတုဒဏ် ခံနိုင်အောင် အမွှေးထူပေးထားပါတယ်။
ငှက်မွှေးတွေ ဆိုတာက ပျံသန်းဖို့ အတွက်တင် မဟုတ်ဘူးလေ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future



0
0
0.000
10 comments
avatar

ရောင်သွေးလှတဲ့ ငှက်လေးများ ရိုက်တင်ပေးပါလား

0
0
0.000
avatar

တွေ့ရ မြင်ရ ရင်ပေါ့လေ

0
0
0.000
avatar

ချမ်းလို့တုန် မင်းမရှိတဲ့နေ့တွေမှာ@

0
0
0.000
avatar

ဒီနှစ်ဆောင်းက အအေးပိုတယ် တစ်ယောက်တည်းမို့

0
0
0.000
avatar

ဤသည် Feathered သူငယ်ချင်းများအသိုင်းအဝိုင်းများအတွက်ချစ်စရာကောင်းတဲ့ငှက်ဓာတ်ပုံကိုဖြစ်ပါတယ်။ OCD မှမဲဆန္ဒပေးရေးအတွက်မဲဆန္ဒရှင်တစ် ဦး ထက်ပိုသောဓာတ်ပုံတစ်ပုံရှိရမည်ကိုသတိပြုပါ။

0
0
0.000
avatar

ပြင်ဦးလွင် ဆောင်းကတော့ ခိုက်ခိုက်တုန်လို့ဗျာ။

0
0
0.000
avatar

ချမ်းလွန်းလို့ ခိုက်ခိုက်တုန် စောင်ခြုံတောင် မနွေးပြီ

0
0
0.000
avatar

လူသတ္တဝါ ....ဆိုတော့....သူလဲ သက်ရှိပဲ လေ....

0
0
0.000
avatar

ဟုတ်ပ ဟုတ်ပ မှန်ပါ့လေဗျာ

0
0
0.000